Popular Posts

8/13/2012

နာမည်သိသော virus များ စက်ထဲမှာ မ Run နိုင်အောင် ပိတ်မယ်

နာမည်သိသော virus များ စက်ထဲမှာ မ Run နိုင်အောင် ပိတ်မယ်:

Run မှာ gpedit.msc ရိုက်ထည့်
ပြီးတော့ local user configuration က Adminstrative Template က system ကို ကလစ်ပါ
ပြီးရင် Don't run specified window application ကို ကလစ်ပါ
အဲဒီမှာ box အသစ်ပေါ်လာပါတယ်
အဲဒီမှာ not configured ကို enbaled ပြောင်းပါ
ပြီးရင် show ကို ကလစ်ပါ
ပြီးရင် add ကို ကလစ်ပါ
ပေါ်လာတဲ့ box မှာ mgy.exe ရိုက်ထည့်ပါ
Ok ပေးပါ
ပြီးရင် Recycler.exe ဆိုပြီး ရိုက်ထည့်ပါ
Ok ပေးပါ
နောက်ထပ် သိသေးရင်
သူငယ်ချင်းသိတဲ့ virus နာမည်တွေကို ရေးထည့်လိုက်ပါ
ပြီးရင် apply ပေး Ok ပေး ထွက်လိုက်ပါ

Hacking ကာကွယ်နည်း

Hacking ကာကွယ်နည်း:

Hacking အကြောင်းကို ပြန်စကျရအောင်...ဆိုတော့ အဓိက ခေတ်စားနေတဲ့ Hacking နည်းလမ်းသုံးမျိုး
ကို ကျွန်တော် သိရသလောက် ပြန်ပြီး ရှင်းပြပေးပါမယ်။ ပြီးတော့ ဒီလိုမျိုးတွေကနေ ဘယ်လို ကာကွယ်ရ
မလဲ ဆိုတာကိုပေါ့။
အောက်ပါ Hacking ကို ကာကွယ်နည်းက ကျွန်တော်အနေနဲ့ Blogger.com တခုထဲကိုသာ
ရှင်းပြထားတာမို့ Blogger.com တခုထဲအတွက်လို့ ထင်နေမိပါမယ်။ မဟုတ်ပါဘူး ဒီ hacking ကာကွယ်နည်းက Gmail,Hotmail,Yahoo စတဲ့ e-mail account တွေ အားလုံးအတွက်ဖြစ်ပါတယ်။

Phishing
Key-logging
Social engineering
Primary email address hack
Phishing -ကတော့ website ကို တပုံစံထဲ အတုလုပ်ပြီး php code fake login page ကနေ Password ခိုးခြင်းဖြစ်ပါတယ်။ဒါကို ကျွန်တော် လေ့လာဖို့ လုပ်ထားတဲ့ တခုကိုပြပါမယ်။
အောက်ပါပုံစံလိုမျိုးစာ တခုပေါ့
"We have encounters that your blog had many traffic and visitors for last couple months. So that we want you to offer our blogger team advertisement on your blog.
if you interest to make money with us
click below link and verify
လိုမျိုးပေါ့ ဒါကတော့ ကျွန်တော်ရေးထားတာ ဆိုတော့ သိပ်ပြီး စိတ်ဝင်စားစရာမကောင်းပါဘူး၊
အများဆုံး စိတ်ဝင်စားပြီး အငိုက်ခံလိုက်ရတာက "Your password is expiring soon "
"Final Warning to Reset your password " စတာတွေ လိုမျိုး email subject နဲ့လာတက်ပါတယ် ဒီလိုမျိုးတွေမှာ ခံရတာများပါတယ်။
ဆိုတော့ ဒီလို Phishing လို့ ခေါ်တဲ့ Hacking ကို ဘယ်လိုကာကွယ်ရမလဲ
၁) ရောက်လာတဲ့ စာကိုသေသေချာချာ အချိန်ပေးပြီး ဂရုစိုက်ဖတ်ပါ။ ပြီးတော့ စာသားကိုကြည့်ရပါမယ် တအားကြီး လွန်လွန်ကဲကဲကြီး မလုပ်မနေရခိုင်းတာမျိုး၊ ချိန်းခြောက်စာမျိုး၊ အလကားပေးနေတာမျိုး စာသားတွေဆိုရင် ဒါဟာ hacking တိုက်စစ်ဆင်နေကြောင်းကို သတိထားရပါတယ်။
အရင်က ကျွန်တော်ရေးခဲ့ဖူးတဲ့ Online fishing ကိုလဲ ဖတ်ကြည့်ပါ။
နောက်တချက်က - Senter mail address ကို gmail က mail တခုကို ဖွင့်လိုက်ရင် ပေါ်လေးမှာ
Details ဆိုတာ ပါပါတယ်၊
ဒီမှာ Senter mail address ကိုကြည့်ပါ။ လိပ်စာက Blogger Support (Support@blogger.com)
ဆိုတော့ mail ခဏခဏကိုင်နေတဲ့ လူကိုတောင် ကြောင်သွားစေတာပေါ့ တကယ်ဘဲ Blogger.com က
စာပို့တင်လို့ဘဲ ထင်မိမှာဖြစ်ပါတယ်။ Support@blogger.com or Support@facebook.com စတာတွေ လုပ်ထားလို့ရပါတယ်။ဆိုတော့ အထင်မှား စရာရှိပါတယ်။


ဒါပေမဲ့ အထက်က ပုံမှာတွေ့သလိုမျိုးဘဲ ကျွန်တော် Support@gmail.com ဆိုပြီး စမ်းကြည့်တယ်။
ဒီမှာ Google(gmail) က အစွမ်းပြလိုက်တာပါဘဲ၊
"This message may not have been sent by: support@gmail.com Learn more Report phishing"
Gmail ကိုတော့ Phishing လုပ်လို့မရပါဘူး။ ဒီတချက်ကိုတော့ hacker တွေလဲ သတိထားကျနော်၊ :P
ဟဲဟဲ ....ဒါပေမဲ့လဲ ကိုယ့်ဖက်ကတော့ ဒီစာသား မပေါ်လဲဘဲ ဒီ စာသားက hacking လုပ်ပြီး ပို့တာလား၊
တကယ် gmail ကပို့တာလားကို ကိုယ့်ကိုတိုင် ဆုံးဖြတ်တက်ရပါမယ်။


နောက်တခု သတိပြုရမှာက အပေါ်မေးမှာ ကျွန်တော်ပြထားတဲ့ www.blogger.com/ads-verify/38432fksjdfah link ပါဘဲ ဒါကျွန်တော် အစမ်းလုပ်ထားတာပါ တကယ် blogger.com က လင့်
ကိုယူပြီးလဲ လုပ်လို့ရပါတယ်။ ဒီနေရာမှာ ကြည့်လိုက်ရင် အော်..တကယ် blogger.com ကပါလား။
မှားစရာရှိပါတယ်။ ဒါပေမဲ့ Html နဲ့ ပြန်ပြီး လင့်တဲ့နေရာမှာ သူတို့ရဲ့ fake login page ကို redirect link
ထားပါတယ်။ ဒါကြောင့် ကိုယ်က link ကို blogger.com မြင်တာနဲ့ တခါတည်း မနှိပ်လိုက်မိစေပါနဲ့။


ဟုတ်ပြီး ကျွန်တော် အထက်ကပြောခဲ့တဲ့ အချက်တွေကို သတိမထားမိဘဲ ကျော်လာခဲ့မိတယ်။ ယုံခဲ့မိတယ်။
ဆိုပါတော့ Login page ကိုရောက်လာပါပြီး
E.g " ဒီနေရာမှာ အထူးကိုသတိထားရပါမယ် ဒီက ဘာနဲ့တူသလဲဆိုတော့
အိမ်ချင်းတူတိုင်းလဲ မ၀င်နဲ့ လိပ်စာကိုသေချာကြည့်၊ လိပ်စာကိုသေချာမကြည့်ဘဲ အိမ်တူတိုင်း
ငါ့အိမ်ဘဲဆိုပြီး ၀င်ရင် အတွင်းထဲကလူတွေက ကိုယ့်ကို ၀င်ရိုက်ကြပါလိမ့်မယ်။"
ဒါက ဟာသ လိုလိုပေါ့ ကျွန်တော် စိတ်ကူးထဲမှာ ၀င်လာလို့ အခုရေးနေတဲ့ ပိုစ့်နဲ့ အကိုက်ဖြစ်တာနဲ့
ထည့်လိုက်တာ ဟုတ်ပြီး။
ဆိုတော့ ပေါ်က ပြောသလိုဘဲ အိမ်တူတိုင်းမ၀င်နဲ့ဆိုတာက
အခု အပေါ်မှာ မြင်နေရသလိုမျိုးဘဲ Blogger.com နဲ့တူတယ်ဒါပေမဲ့ ကျွန်တော်တို့ လိပ်စာကို သတိမထား
မိကြပါဘူး။.. အခုပေါ်ကပုံမှာ လိပ်စာကို ကြည့်ပါ။ လိပ်စာက တခြားဟာဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
ဒီမှာ ကိုယ့်က မသိဘဲ ID and password ကိုထည့်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ account က hack ခံလိုက်
ရပါပြီး အခိုးခံလိုက်ရပါပြီး။ ဆိုတော့ ဘယ်တော့ မဆို Gmail ဖြစ်ဖြစ်၊ blogger ဖြစ်ဖြစ်၊ Hotmail ဖြစ်ဖြစ်
Login page ကိုရောက်ပြီးဆိုတာနဲ့ လိပ်စာကို Check ဖို့ မမေ့နဲ့လို့ ပြောခြင်ပါတယ်။

ဟုတ်ကဲ အထက်ပါအချက်တွေအားလုံးကို မေ့သွားတယ်။ ကိုယ့် Password & ID လဲထည့်လိုက်မိပြီး
ဟုတ်ကဲ ဖြစ်တက်ပါတယ် ဒီလိုဖြစ်သွားတယ်ဆိုပါစို့ ဒီ fake login page က အစစ်မဟုတ်တဲ့အတွက်
ကိုယ့် ID & password မှန်လဲ ၀င်လို့ရမှာ မဟုတ်ပါဘူး။ ဆိုတော့ ကိုယ့်က ဒီမှာ ချက်ချင်းသတိရရပါမယ်။
ပြီးတော့ လိပ်စာ (website URL) ကိုချက်ခြင်း စစ်ရပါမယ်။ (www.gmail.com , www.hotmail.com)
လား ဆိုပြီးတော့ အကယ်၍ မဟုတ်ခဲ့ဘူးဆိုရင် အခုဖွင့်နေတဲ့ စာမျက်နှာကို ချက်ခြင်းပိတ်ပြီး
www.gmail.com ဆိုပြီး ရိုက်ကာ Gmail မှာ ကိုယ့်ရဲ့ Account ကိုဝင်ပါ။ ပြီးတာနဲ့ ချက်ချင်း
Password ကို ပြန် change ပါ။ ဒါမှာ သာလျှင် စိတ်ချရမှာ ဖြစ်ပါတယ်။
အခု Gmail ရဲ့ Security function အသစ်ကို ကြည့်ကြပါအုန်း၊ Turn On မလုပ်ရသေးရင်လဲ
ဒီမှာ ဖတ်ပြီးလုပ်ကြပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Function က သူများက ကိုယ့်ရဲ့ password သိရင်တောင်
ဝင်လို့မရနိုင်အောင် ထိန်းချုပ်ပေးထားတဲ့ အလွန်ကောင်းမွန်တဲ့ Function လေးဖြစ်ပါတယ်။

Facebook ရဲ့ Chat emoticons များ

Facebook ရဲ့ Chat emoticons များ:


smile
:-) :) :] =)
frown
:-( :( :[ =(
tongue
:-P :P :-p :p =P
grin
:-D :D =D
gasp
:-O :O :-o :o
wink
;-) ;)
glasses
8-) 8) B-) B)
sunglasses
8-| 8| B-| B|
grumpy
>:( >:-(
unsure
:/ :-/ :\ :-\
cry
:'(
devil
3:) 3:-)
angel
O:) O:-)
kiss
:-* :*
heart
<3
kiki
^_^
squint
-_-
confused
o.O O.o
upset
>:O >:-O >:o >:-o
pacman
:v
curly lips
:3
robot
:|]
Chris Putnam
:putnam:
Shark
(^^^)
Penguin
<(")
42
:42:
Chuck Norris [[46637413257]]

Not Bad Obama [[169919399735055]]

Yaoming [[218595638164996]]

Jackie Chan [[254055957957388]]

Domo Kun [[250128751720149]]

Spongebob [[334954663181745]]

Pikachu [[326134990738733]]

Pokeball [[236147243124900]]

Shin Chan [[196431117116365]]





Hello Kitty

[[332936966718584]]



 Nyan Cat                                                                                                                                                  [[NyanCatLove]]
http://sbsangpi.com

Facebook hack ရအောင်။

Facebook hack ရအောင်။:
အခုတလော ပိုစ့်မရေးဖြစ်တာလဲကြာပြီးတော့ အထူးသဖြင့် အားလုံး အာရုံရောက်နေတာ ကနိုင်ငံရေး  ဖြစ်တော့   ရောနှောမသွားခြင်တာကြောင့်ရယ်၊ကိုယ်ကိုတိုင်လဲ မအားတာနဲ့ ကြောင့် ပြီးတော့ CNF ( Chin National Front) ရဲ့ ဆွေးနွေးပွဲတွေ လိုက်တက်နေတာ စတာတွေနဲ့ ပိုစ့်ကိုမရေးဖြစ်တာပါ။

ဒီလိုမရေးတာကြာတော့လဲ ဘာကိုစရေးရမှန်းမသိဘူး ဒါပေမဲ့ Facebook ကတော့ သိတဲ့အတိုင်းအမြဲသုံးနေ

တော့ Facebook အကြောင်းလေးကိုဘဲ ရေးရင် စိတ်ဝင်စားကြမှာဘဲ ပြီးတော့ သတိထားသင့်တာတွေလဲ

သတိထားဖြစ်သွားအောင်လို့ Facebook hacking ဆိုပြီးတော့ ခေါင်းစဉ်ပေးလိုက်တာပါ။

ဆိုတော့ ကျွန်တော်အနေနဲ့တော့ ဘယ်လို facebook hack ရမလဲဆိုတာကိုတော့ မပြောပါဘူး။ ဒါပေမဲ့

ဘယ်လို hack ခံရတက်သလဲ၊ ဆိုတာနဲ့ ဘယ်လိုကာကွယ်ရမလဲဆိုတာ ကိုရှင်းပြသွားချင်ပါတယ်။


၁၊ Keylogger (အလွယ်ဆုံးနဲ့ အခက်ဆုံး)
Keylogger လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့ အားလုံးသိကြမှာပါ။ ဒါပေမဲ့လဲ တကယ်တမ်း Computer အသုံးပြုတဲ့ အခါမှာ မေ့သွားတက်ကြလို့ ထပ်ပြီး သတိပြန်ပေးလိုက်တာပါ။ keylogger က နာမည်ကြီးတဲ့

အတိုင်းဘဲ ထုတ်လုပ်သူတွေက အမြဲ Version အသစ်နဲ့ Antivirus တွေ မသိဘဲ အလုပ်လုပ်လို့ရအောင်လို့ Update လုပ်နေကြပါတယ်။ ဆိုတော့ Antivirus ရှိရုံနဲ့ စိတ်ချလို့မရပါဘူး။ ဒါပေမဲ့လဲ ကိုယ်နေ့တိုင်းအသုံး

ပြုနေတဲ့ Computer မှာတော့ အလိုလိနေရင်းနဲ့ Keylogger ရောက်လာဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အရင်က ပိုစ့်မှာ ကျွန်တော်ပြောခဲ့သလိုဘဲ ကိုယ့်က သူများကို hack ချင်တာနဲ့ Hacking tools တွေ

ကို ဘာမှမသိဘဲ လျှောက် Download လုပ်တဲ့ အခါမှာ ကိုယ့်က hacking tools လို့ထင်ပေမဲ့ တကယ်မှာ

ကိုယ့်ကို ပြန်ပြီး Hack တဲ့ Keylogger ဖြစ်နေတဲ့ပါတယ်။ ဒါကြောင့်လဲ Hacking tools တွေကို သူ့တို့

Original site ကနေပေးတဲ့ ဟာတွေဖြစ်ဖြစ် နာမည်ကြီးတဲ့ Site တွေ ယုံကြည်စိတ်ချင်ရတဲ့ Site တွေ

ကမှ သာ Download ဖို့ အသိပေးခြင်ပါတယ်။ ဒီလိုပြောလို့ Hacking tools ကို Download လုပ်တာမဟုတ်

ဘဲနဲ့  အခြား Email ထဲကိုရောက်လာတဲ့ attachment နဲ့ setup file တွေ Pirate software တွေကို ကိုယ့်က

မသိဘဲ အလကားရလို့ Download လုပ်ခြင်းကနေပြီးတော့ တကယ် ကိုယ်လို့ချင်တဲ့ Software မဟုတ်ဘဲ

Keylogger တို့ Virus,malware တို့ဖြစ်တက်ပါတယ်။ ဒီလို့ Keylogger က ကိုယ့်ရဲ့ Computer မှာ install

လုပ်လိုက်တဲ့အခါ ဒီ Keylogger ကို ထည့်လိုက်တဲ့ သူက သူ့ရဲ့ Computer က ကိုယ့်ရဲ့ Computer မှာ

လုပ်ဆောင်မှု အားလုံးကို Video ကြည့်သလို့မြင်နေရမှာဖြစ်ပြီး ကိုယ့် ရေးသလို စာသားတွေကိုလဲ Text file

အနေနဲ့ အားလုံးရရှိသွားမှာ ဖြစ်ပါတယ် ဒီအခါမှ ကိုယ့်ရဲ့ Bank account,Email, facebook စတဲ့ အားလုံး

ကို ဆုံးရှုံးသွားနိုင်ပါတယ်။

Note:ဒါကြောင့် အထူးသဖြင့် သတိပေးချင်တာကတော့ 

Pirate software တွေ၊ ကိုယ်မသိတခါမှ မသုံးဘူးတဲ့ Software တွေကို မယုံကြည့်ရတဲ့ website တွေက

နေ Download မလုပ်ဖို့နဲ့၊ Software တိုင်းကို Install လုပ်တိုင်းမှာ ချက်ချင်းအသုံးပြုကြည့်ပြီး website

မှာ ပြောထားတဲ့အတိုင်း အလုပ်မလုပ်ရင် ချက်ချင်းကို Uninstall လုပ်ပစ်ဖို့ အကြံဥာဏ်ပေးချင်ပါတယ်။



၂။ Phishing

Phishing လို့ခေါ်တဲ့ fake login website ဖြစ်ပါတယ် ဒါကတော့
https://www.facebook.com/ ဆိုပြီးတော့ facebook account ကိုမ၀င်ဘဲ၊ Google နေတဆင့်  facebook

ကို လျှောက်ရှာပြီး Google ကနေ တဆင့်သွားတာတို့၊ Website တခုကိုဝင်ကြည့်ပြီး အဲဒီကနေ ဒီမှာ

Facebook ကို သွားမယ် ဆိုပြီးစတာတွေကနေ Facebook ကို တဆင့်သွားခြင်အားဖြစ် Facebook ဆိုဒ်

ကို တကယ်မရောက်ဘဲ Facebook နဲ့ တူအောင်လုပ်ထားတဲ့ တခြား Website အတုမှာရောက်ပြီး ကိုယ့်က

ID နဲ့ password ကို ထည့်လိုက်ခြင်အားဖြင့် ဒီ website ပိုင်ရှင်က သင့်ရဲ့ Facebook အကောင့်ကို hack လိုက်

မှာဖြစ်ပါတယ်။ အောက်ပါပုံ ကဲသို့ဖြစ်ပါတယ် ဒါကြောင့် www.facebook.com ဆိုပြီးတော့ ရိုက်သွားတာ

အကောင်းဆုံးနဲ့ အလုံခြုံဆုံးဖြစ်ပါတယ်။

၃၊ Friend Request

အခုထက်ထိအောင် အလုပ်လုပ်နေသေးတယ်လို့ထင်ပါတယ် ဒီဟာက လွယ်ကူတဲ့  facebook hacking နည်းတမျိုးဖြစ်ပါတယ်။ ဒါကတော့ Friend request တွေ ကိုယ့်ဆီကို လာတဲ့အခါမှာ ကိုယ်မသိရင် လက်မခံဖို့ပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ facebook ရဲ့ account recovery လုပ်တဲ့နေရာမှာ ကိုယ့်က password မေ့သွားခဲ့ရင် Facebook က  friends သုံးယောက်ကို select လုပ်ပြီး သူတို့ ဆီကို facebook ကနေ email ပို့ပြီးတော့ ဒီ password မေ့သွားတဲ့ ဟာကို ပြန် recovery လုပ်လို့ရပါတယ်။ ဒါကြောင့် ကိုယ့်က ကိုယ်မသိတဲ့ လူတွေ friend request လုပ်တာကို လက်ခံထားမိရင်၊ ဒီလိုလူတွေက  ကိုယ့်ထဲမှာ သူ့ရဲ့ facebook account သုံးမျိုးနဲ့ ကိုယ့်ကို add ပြီး Facebook password recovery လုပ်တဲ့နေရာ သူ့တို့က သူတို့ facebook account သုံးခုကို select လုပ်ပြီး password ကို reset လုပ်သွားနိုင်ပါတယ်။ ဒါကြောင့် Facebook မှာ friends လက်ခံတဲ့ နေရာမှာလဲ အထူး သတိပြုဖို့ လိုအပ်ပါတယ်။



ဒီလောက်ဆို လုံလောက်မယ်ထင်ပါတယ်။မရှင်းတာရှိရင် လဲ email ပို့မေးနိုင်ပါတယ်။

SBSangpi(စံပီး)


http://sbsangpi.com

မြန်မာနာမည် VIRUS များ ရှင်းလင်းရန် နင့် SOFTWARE များ

မြန်မာနာမည် VIRUS များ ရှင်းလင်းရန် နင့် SOFTWARE များ:


ကျွန်တော်တို့မြန်မာတွေကိုလည်း အထင်သေးလို့မရတော့ဘူးဗျ.။ အိုင်တီနည်းပညာတွေကို အမှီလိုက်နိုင်လာ ရုံမက တချို့က အများကောင်းကျိုးအတွက် အသုံးချတာရှိသလို၊ တချို့ကလဲ တတ်တာနဲ့ပညာပြချင်လာကြတာ ဘဲ.သူတို့ပညာပြလိုက်လို့ခံလိုက်ရတဲ့သူတွေခမျာ ဘယ်လောက်တောင်စိတ်ဒုက္ခရောက်လိုက်မလဲဗျာ.ကျနော်ကိုယ်တိုင်လဲ Magway FC Virus အကိုက်ခံလိုက်ရသေးတယ်.။ ၁နှစ်ကျော်လောက်တော့ရှိပါပြီ။ ဒီလိုဘဲ.. အခြားသူတွေလဲ ကျနော်ကြုံတွေ့ရသလိုမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။ အခြားပြည်ပက လာတဲ့ ဗိုင်းရပ်စ်တွေက သတ်ရတာလွယ်သေးတယ်။ အဲ.မြန်မာ ဆန်ဆန်ဗိုင်းရပ်စ်တွေက တော့ မလွယ်လှပါဘူး။ အဲဒီအတွက်..သူတို့ရဲ့လုပ်ဆောင်ချက်နဲ့..တစ်ခုချင်းစီ ကိုသတ်တဲ့ Software လေးတွေကို တင်ပေးလိုက်ပါ တယ်.။အားလုံးဘဲ..ဆောင်ထားကြစေလိုပါတယ်.။ Magway FC Virus (or) mgy.exe Virus ဒီ Virus ၀င်ရင် စက်ကလေးလံနေမယ်။ Start Menu Button က Magway FC ဆိုပြီးပြောင်းနေမယ်။ File Icon တွေမှာ Magway FC ဘောလုံး Logo တွေပေါ်နေမယ်။ msconfig ခေါ်လိုရင် Restart ကျသွားမယ်။ Task manager, command, search, regedit, folder option တို့ပိတ်သွားမယ်။ Taskbar ဘယ်ဘက်ထောင့်မှာ Magway FC logo တက်တက်လာမယ်။ Drive တွေထဲက Folder တွေထဲမှာ ဖိုင်တွေ hidden ဖြစ်ပြီးပျောက်သွားမယ်။နောက် Harddrive partition အားလုံးမှာ 15MB ရှိတဲ့ Virus File တွေပွားပြီး Drive တွေ ကို Disk space တွေပြည့်အောင်ပွားတယ်။ အဆိုးရွားဆုံးကတော့ Data Partation ထဲက File တွေအားလုံး size တွေက 15MB လောက်ဖြစ်သွားအောင်ဖျက်ဆီးပါတယ်။ Virus ၀င်တာကြာလာတာနဲ့အမျှ အပေါ်မှာ ပြောပြထားတဲ့ Effect တွေ အဆင့်ဆင့်ဖြစ်ပေါ်လာပါတယ် ဖိုင်ပျက်စီးမှုတွေလည်းပိုများလာတယ်။ ဒါကြောင့် ဗိုင်းရပ်စ် ၀င်ပြီဆိုတာနဲ့ အချိန်မဆွဲဘဲ အမြန်ရှင်းလင်းပစ်လိုက်ပါ။ Magway FC Virus Cleaner ထဲမှာ readme File မှာပါတဲ့ လုပ်ဆောင်ပုံတွေဖတ်ပြီး အမြန်ရှင်းလင်းပစ်ပါ။ Chrome (or) Private_cam (or) gtalk Virus ဒီ Virus ကတော့ စက်တွေ Memory stick တွေမှာ အများဆုံးဝင်တတ်တဲ့ Virus ပါ။ အင်တာနက်ကနေကော Memory Stick တွေကပါ ကူးစက်လေ့ရှိပါတယ်။ အင်တာနက် တပ်ထားတဲ့ ကွန်ပျူတာ တွေမှာဆိုရင် gtalk သုံးတဲ့အခါ ကိုယ်မရိုက်ဘဲ private_cam စတဲ့ စကားလုံးတွေပါဝင်တဲ့ Message တွေကို ကိုယ့်သူငယ်ချင်းတွေ ဆီကိုပို့နေမယ်။ Messager Software တွေက သူ့ဘာသာပွင့်လာတယ်၊ စက်က သုံးရတာ နှေးနေမယ်၊ Windows မရှိတဲ့ partition တိုင်းက Folder တိုင်းလိုလိုထဲမှာ သူ့နဲ့နာမည်တူ exe ဖိုင်တွေ ပြန့်ပြီး မူရင်း folder တွေကိုဖျောက်ထားမယ်။ Chrome virus ကမူကွဲတွေလည်းရှိပါတယ်။ Chrome Virus Cleaner နဲ့ရှင်းပြီးရင် ပွားနေတဲ့ Folder အယောင်ဆောင် .exe virus file တွေကို ရှင်းလင်းပလိုက်ပါ။ ရှင်းလင်းနည်းကိုလည်း တစ်ခါတည်းထည့်ပေးလိုက်ပါတယ်။ Svchost Virus ဒီ Virus ၀င်ရင်တော့ Windows No Disk ဆိုပြီး Flash Drive တောင်းတဲ့ error ပေါ်ပါတယ်။ Windows Folder က သူ့အလိုလိုပွင့်လာပါတယ်။ System အထဲမှာ အလုပ်လုပ်နေတဲ့ File ပုံစံဖြစ်နေတဲ့အတွက် Antivirus အချို့နဲ့လည်း ရှာလို့မတွေ့နိုင်ပါဘူး။ Svchost Cleaner နဲ့ရှင်းလိုက်ပါ။ Loikaw Virus ဒီ Virus ၀င်ရင်တော့ Desktop ပေါ်မှာ Virus Information.txt ဆိုတဲ့ ဖိုင်တစ်ဖိုင်တွေ့ရမယ်။ ဖွင့်ကြည့်လိုက်ရင်တော့ “Hi Fri” နဲ့စတဲ့ Myanglish လိုရေးထားတဲ့ စာတွေတွေ့ရမယ်။ တစ်ခါတစ်ရံ Chit thu lay how are you ဆိုတဲ့ message box ပေါ်လာမယ်။ ကိုယ်က စာတွေရိုက်ရင်း တစ်ခါတစ်ရံ virus က message တွေပို့နေလိမ့်မယ်၊ My Computer က icon က ပြတင်ပေါက် ပုံစံလေးပြောင်းသွားမယ်၊ Task manager ၊ Registry စတာတွေကိုဖွင့်လို့မရတော့ဘူး Loikaw virus Cleaner နဲ့ရှင်းလိုက်ပါ။ Ati2avxx.exe virus ဒီ Virus ကစက်ထဲမှာ နဂိုကတည်းကရှိတဲ့ ဖိုင် ပုံစံလုပ်ထားတာပါ။ Memory Stick တွေက ကူးစက်တာပါ။ Start>Run>msconfig>strartup ထဲမှာ ati2avxx ဆိုပြီးရှိနေလိမ့်မယ်။ mburmh.exe ဆိုတဲံ jpeg icon နဲ့ဖိုင်လေးက Drive တိုင်းမှာ Hidden file အနေနဲ့ရှိနေလိမ့်မယ်။ Folder option ကိုဖွင့် ကြည့်လိုက်ရင် show Hidden files and folder နဲ့ hide protect operation system file နှစ်ခုကို ဖျောက်ထားလိုက်ပေမယ့် Computer မှာ သုံးလိုက်တဲ့ Stick တွေထဲကိုပြန့်တယ်။ ati2avxx Cleaner နဲ့ရှင်းလိုက်ပါ။ Tayat Myo Hacking day virus ဒီ Virus က Desktop ပေါ်က Software တွေရဲ့ Short cut နေရာမှာ ၀င်ရောက်နေရာယူပါတယ်။ File folder တွေကိုဖျောက်ပြီး zip file ပုံစံပြောင်းလိုက်ပါတယ်။ သွားပြီးဖွင့်ကြည့်တဲ့အခါ “thayatmyo hacking day” ဆိုပြီး စာကြောင်းတွေ လျှောက်ပြေးနေမယ်၊ Keyboard က Key တွေကြောင်ကုန်တယ်၊ ဒါဆိုရင် (Task Manager, Registry,msconfig,gpedit.msc) အဲဒါတွေ လုံးဝမခေါ်မိစေနဲ့ Thayatmyo hacking day cleaner နဲ့ရှင်းလိုက်ပါ၊ အကယ်လို့ Task Manager , Registry တို့သွားခေါ်မိမယ်ဆိုရင် ဗိုင်းရပ်စ် က Hal.dll ဆိုတဲ့ဖိုင် ကိုတောင်းပါလိမ့်မယ်။ အခု Virus Cleaner နဲ့ရှင်းပြီးပြီ ဒါပေမယ့် အခုနကဟာတွေ သွားနှိပ်မိထားတယ်ဆိုရင် Hal.dll ဆိုတဲ့ ဖိုင်ကို Windows ထဲက System32 ဆိုတဲ့ Folder ထဲကို ကော်ပီ ကူးပေးလိုက်ပါ။ တကယ်လို့များ အခုစာကိုဖတ်မိတာ နောက်ကျသွားပြီ Windows ကျသွားလို့ ဒီစာကိုတောင် အခြားကွန်ပျူတာမှာ ဖတ်နေရတာ ဆိုရင် ၀င်းဒိုးစ်ပြန်တင်ရမှာပေါ့ဆိုပြီး စိတ်ညစ်မနေနဲ့.. အညာသားလေးရေးပြထားတဲ့ အထဲမယ်။ Hal.dll ကိုပြန် ထည့်နည်းရေးပြထားတယ်.ရှာဖတ်လိုက်ပါ။ အဲ..Virus ကို Cleaner နဲ့ရှင်းဖို့တော့ မမေ့နဲ့နော်.။ Global virus ဒီ Virus ၀င်ရင်တော့ Harddisk pertition တွေမှာ မူရင်း Folder တွေပျောက်ပြီး Virus File တွေက နာမည်တူတွေရှိနေမယ်။ Task Manager ထဲမှာ Global.exe/system.exe/svchesct.exe (user Account) နဲ့ပေါင်းနေမယ်။ Your Computer is defeated ဆိုပြီး Box လေးတစ်ခု Screen မှာပေါ်ပေါ်လာပါတယ်။ msconfig ထဲက setup ထဲမှာ KeyBoard ဆိုပြီးရှိနေမယ်။ Webpage တွေဖွင့်တဲ့အခါ error တက်လာမယ်။ Global Virus cleaner နဲ့ ရှင်းလိုက်ပါ။ Global virus cleaner နဲ့ရှင်းပြီးရင် ပွားနေတဲ့ Folder အယောင်ဆောင် .exe virus file တွေကိုရှင်းလိုက်ပါ။ Killvbs.vbs virus ဒီ Virus ၀င်ရင်တော့ Taskmanager ထဲက Process ထဲမှာ Killvbs ဆိုပြီး run နေမယ်။ Windows+R နှိပ်ပြီး msconfig ရိုက်လိုက်ရင် Startup ထဲမှာ Killvbs ဆိုပြီးရှိနေမယ်။ Internet သုံးရင် IE နဲ့သုံးတဲ့အခါ တစ်ချို့ antivirus တင်ထားတဲ့စက်တွေမှာ A နဲ့ စတဲ့ Virus ကိုတွေ့ပြီး အမြဲတမ်းလည်းသတ်နေရမယ်။ ဒါဆိုရင်တော့ Killvbs Cleaner နဲ့ ရှင်လိုက်ပါ။ Funny Virus ဒီ Virus ၀င်ရင်တော့ Desktop နဲ့ My computer ထဲမှာ Funny ဆိုတဲ့ Delete လုပ်လို့မရတဲ့ Folder တစ်ခုပေါ်နေမယ်။ စက်က သုံးရတာနှေးလာမယ်။ My computer ထဲက C: ထဲမှာ ရှိတဲ့ Folder တွေကို ပျောက်နေမယ်။ ဒီ ဗိုင်းရပ်စ် ၀င်နေပြီဆိုသိသိချင်း အမြန်ဆုံးရှင်းသင့်ပါတယ် ကြာရင် ဖိုင် တွေပျက်စီးမှုတွေပိုများပါတယ်။ Funny virus cleaner နဲ့ရှင်လိုက်ပါ။ တကယ်လို့များ Funny virus ၀င်တာ ကြာရင် ပဲဖြစ်ဖြစ် မိန်းကလေးပုံပေါ်လာပြီး မွေးနေ့မေးတဲ့ Program ပေါ်လာပြီး စက် Restart ကျပြီး Windows ပြန် မတက်တော့တာဟာ virus က Hal.dll file ကိုဖျက်သွားလို့ပါ ဒါဆိုရင်တော့ Hall.dll ကိုပြန်ပြီး သွင်းလိုက်ပါ။ Kolay Virus ဒီ Virus ၀င်ရင် Process ထဲမှာ Kolay.vbs ဆိုပြီး Process တစ်ခုRun နေမယ်။ ကြာရင်တော့ Unserinit.exe file ကိုဖျက်သွားရင် Welcome Screen ကနေဆက်ဝင်လို့မရတော့ပါဘူး။ Kolay.vbs Virus cleaner နဲ့ရှင်းလိုက်ပါ။ Nargiz Virus ဒီ Virus ၀င်ရင်တော့ Hard Drive များကို Double Click ဖြင့် ၀င်မရခြင်း၊ Logon ၀င်တဲ့အခါ Virus ကပေးထားတဲ့ ပြောင်းလဲထားတဲ့ Password ကြောင့် Logon ၀င်မရဘဲဖြစ်နေတတ်တယ်။ ဒါဆိုရင်တော့ mMs, mMs0, mMs1, mMs2, mMs3, mMs4,mMs5, mMs6,mMs7,mMs8,mMs9 ကိုမမှန်မခြင်း တစ် ခုခြင်းစီ ရိုက်ထည့်ပြီး Logon ၀င်ပြီးပါက Nargiz Virus Cleaner နှင့်ရှင်းလင်းနိုင်ပါတယ်။ Recycler Virus Recycler Virus ဆိုပြီး မူကွဲ အမျိုးမျိုးရှိတဲ့ထဲက ဒီမှာ အများဆုံးဝင်တတ်တဲ့ Recycler ကတော့ USB Drive တွေတပ်လိုက်ရင် Drive ထဲကို Recycler.exe ဆိုပြီး ၀င်ရောက်ပျံ့နှံ့ ပြီး၊ ၀င်ရောက်ခံရတဲံ ကွန်ပျူတာမှာတော့ Process တွေမှာ 59ef4c, 9b023b, fdd23C, 7EB74E စတဲ့ Process တွေ Run နေပြီး Run ကနေ msconfig ရိုက်ဖွင့်ကြည့်တဲ့အခါ Startup မှာ iiiiii, 59ef4c, 9b023b, fdd23C, 7EB74E စတဲ့ နာမည် တစ်ခုခုရှိနေပါတယ်။ ရှင်းလင်းလိုက်ပါ။ Regsvr(or) NewFolder.exe Virus ဒီ Virus ကတော့ Newfolder.exe နာမည်နဲ့ ကွန်ပျူတာရဲ့ နေရာအများအပြားမှာ ပြန့်နှံ့နေတတ်ပါတယ်။ Regsvr.exe ဆိုတဲ့ ဖိုင်တွေလည်းတွေ့ရပါတယ်။ Process မှာတော့ Svichossst.exe, regsvr.exe, New_folder.exe, newfolder.exe, svchost.exe စတဲ့ Process အချို့လည်းတွေ့ရပါတယ်။ ဒီဗိုင်းရပ်ဝင် ခံရရင်တော်တော်ကိုထိခိုက်ပါတယ်။

Windows ပေါ်မှာ Ubuntu Linux ကို ဘယ်လို Install လုပ်ပြီး run မလဲ

Windows ပေါ်မှာ Ubuntu Linux ကို ဘယ်လို Install လုပ်ပြီး run မလဲ:


တခြား hard drive တစ်ခု ထပ်မထည့်ဘဲ၊ ဒါမှမဟုတ် ရှိတဲ့ hard drive ကို Partition ထပ်မပိုင်းဘဲ၊ dual boot မလုပ်ဘဲ Ubuntu Linux ကို စမ်းကြည့်ချင်ပါသလား။ ဒီလမ်းညွှန်ချက် အဆင့်ဆင့်ကနေ Windows ပေါ်မှာ Virtual Machine အဖြစ်နဲ့ Ubuntu Linux ကို ဘယ်လို run နိုင်မလဲ ဆိုတာပြောပြပါမယ်။
Virtual Machine သုံးတာရဲ့ အဓိကအကျိုးကျေးဇူးကတော့ Linux community က free ပေးတဲ့ Ubuntu Linux ရဲ့ ဆော့ဖ်ဝဲ library ကြီးတစ်ခုလုံးကို Windows နဲ့တပြိုင်တည်း အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ နောက် Windows user တစ်ယောက်ဖြစ်ခဲ့ရင် Ubuntu နဲ့ကွဲပြားခြားနားချက်တွေ၊ လုပ်ဆောင်နိုင်စွမ်းတွေကို ချက်ချင်းနှိုင်းယှဉ် လေ့လာကြည့် နိုင်ပါတယ်။
မှတ်သားရမယ့် အချက်တစ်ခုကတော့ Virtual Machine ပေါ်မှာ run တဲ့ “guest” Operating System က ဘယ်လောက်မြန်မြန် “host” (primary) OS ကိုမမီနိုင်ပါဘူး။ Virtual Machine ပေါ်မှာ ဟာ့ဒ်ဝဲတော်တော်များများက emulate လုပ်ထားတဲ့အတွက် အသုံးပြုတပ်ဆင်ထားတဲ့ တကယ့် ဟာ့ဒ်ဝဲ device တွေရဲ့ feature တွေအားလုံးမရနိုင်ပါဘူး။ ဥပမာ - Primary OS Windows ပေါ်မှာ စိတ်ကြိုက် နောက်ဆုံးပေါ် ဂရပ်ဖစ်ကတ် တပ်ဆင် ထားတယ်ဆိုရင် ဒီဂရပ်ဖစ်ကတ်အမျိုးအစားရဲ့ speed နဲ့ performance က Windows ပေါ်မှာသာ ရနိုင်ပါတယ်။ Virtual Machine ပေါ်က “guest” OS မှာတော့ ဒီကတ်အမျိုးအစားကို Standard default ကတ်တစ်ခုအနေနဲ့သာ တွေ့မြင်ရပြီး speed နဲ့ performance ကလည်း standard လောက်သာရမှာ ဖြစ်ပါတယ်။ ဒါတွေက သိပ်တော့ အရေးမကြီးပါဘူး။ တကယ်အကျိုးရှိတာက Windows နဲ့ Ubuntu ကိုတစ်ပြိုင်တည်း သုံးနိုင်တာပဲ ဖြစ်ပါတယ်။
လိုအပ်ချက်များ
နည်းလမ်းတွေအများကြီး၊ ရွေးချယ်စရာ Virtual Machine ဆော့ဖ်ဝဲတွေ အများကြီးထဲကမှ အခု ရွေးချယ်မှာတော့ Ubuntu Linux ကို မိုက်ကရိုဆော့ဖ်ရဲ့ Virtual PC 2007 ပေါ်တင်မှာ ဖြစ်ပါတယ်။ အခုလို OS နှစ်မျိုးသုံးချင်တယ် ဆိုရင် တခြား Virtual Machine ဆော့ဖ်ဝဲတွေလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။


လိုအပ်တာတွေကတော့
- Windows XP ၊ ဒါမှမဟုတ် Vista
- လုံလောက်တဲ့ processor (အနည်းဆုံး 1.5GHz ၊ ဒါမှမဟုတ် dual core)
- အနည်းဆုံး 1GB ပမာဏရှိတဲ့ RAM
- Microsoft Virtual PC 2007 ( အခမဲ့ရနိုင်ပါတယ်။) download page မှာပြောတာက XP Professional edition လိုတယ်လို့ပြောပါတယ်။ ဒါပေမဲ့ တော်တော်များက Home edition မှာအလုပ်လုပ်တယ်လို့လည်း သိရပါတယ်။
- ပြီးတော့ Ubuntu ရဲ့ နောက်ဆုံး version လိုပါတယ်။ (ဒီအချိန်မှာရှိတာက 7.10 ပဲထွက်ပါသေးတယ်။) Ubuntu site က ISO ဖိုင်ကို စီဒီပေါ်မှာ write လိုက်ပါ။

Microsoft Virtual PC 2007 ပေါ်မှာ Ubuntu install လုပ်ပုံအဆင့်ဆင့်
၁။ Windows ထဲမှာ install လုပ်ပြီးသား Virtual PC ပရိုဂရမ် ကိုဖွင့်ပါ။ Virtual PC console ပွင့်လာရင် New ကိုနှိပ်ပါ။ New Virtual Machine Wizard ပေါ်လာပါလိမ့်မယ်။ Next ကိုနှိပ်လိုက်ပါ။

၂။ New Virtual Machine Option ကိုရွေးပြီး Next ကိုနှိပ်ပါ။
၃။ နာမည်ကို “Ubuntu Linux” လို့မေးပြီး Next ကိုနှိပ်ပါ။
၎။ OS type မှာ “other” ကိုရွေးပြီး Next ကိုနှိပ်ပါ။
၅။ RAM ပမဏကိုအနည်းဆုံး 256MB ထားပါ။ ဒါပေမဲ့ 512MB နဲ့အထက်ဆိုရင် ပိုကောင်းပါတယ်။ Assign လုပ်ထားတဲ့ RAM ပမဏ ပိုများလေ Ubuntu ကိုမြန်မြန် run နိုင်လေ ဖြစ်ပါတယ်။ Virtual Machine ကို RAM တော်တော်များများ assign လုပ်လိုက်ရင်တော့ Host Windows အတွက် memory နည်းသွားမှာဖြစ်ပါတယ်။ ပြီးရင် Next ကိုနှိပ်ပါ။
၆။ New Virtual disk တစ်ခုလုပ်ဖို့ option ကိုရွေးပါ။ Next နှိပ်ပါ။
၇။ Windows ရဲ့ hard disk မှာ Virtual Machine ဖိုင်ကို သိမ်းဖို့အတွက်နေရာရွေးပါ။ ပြီးတော့ Virtual Machine ရဲ့ size ကို assign လုပ်ပါ။ ဒါဟာ Ubuntu hard drive size ကို သတ်မှတ်တာပဲဖြစ်ပါတယ်။ အနည်းဆုံးတော့ 10GB လောက်ထားပါ။ ပြီးရင် Next နှိပ်ပါ။
၈။ Summary page မှာ ရွေးခဲ့တာတွေအားလုံးကို ပြန်ကြည့်နိုင်ပါတယ်။ သေချာပြီဆိုရင် Finish button ကိုနှိပ်ပြီး Virtual Machine တစ်ခုလုပ်နိုင်ပါတယ်။ အဲဒီနောက် Virtual PC console မှာ “Ubuntu Linux” ဆိုတဲ့ နာမည်နဲ့ item တစ်ခုပေါ်နေပါလိမ့်မယ်။ အဲဒါကိုရွေးပြီး Setting button ကိုနှိပ်ကာ အထက်က ရွေးခဲ့တာတွေကို မကြိုက်ရင် ပြန်ပြင်နိုင်ပါတယ်။
၉။ စီဒီ drive ထဲမှာ Ubuntu စီဒီကိုထည့်ပါ။ Virtual PC console က “Ubuntu Linux” ဆိုတဲ့ display name ကို select လုပ်ပြီး start ကိုနှိပ်ပါ။
၁၀။ Virtual Machine (VM) ကိုပထမအဆုံးအကြိမ်အနေနဲ့ တင်လိုက်ရင် စီဒီထည့်ထားပေမယ့် assign လုပ်ထားတဲ့ boot device မရှိတဲ့အတွက် VM က Network က boot လုပ်ဖို့ ကြိုးစားနေပါလိမ့်မယ်။ အဲဒီအချိန်မှာ cursor ကလည်နေမယ်၊ ဒါမှမဟုတ် “No boot device found” ဆိုတဲ့ error ကိုတွေ့နိုင်ပါတယ်။
၁၁။ ဒါကိုဖြေရှင်းဖို့အတွက် VM ကို host OS Windows က စီဒီ drive ကိုယူသုံးဖို့ ပြောပါလိမ့်မယ်။ Virtual PC ရဲ့ CD menu က “Use Physical Drive D:” (CD drive က E: ဖြစ်ခဲ့ရင် E:) ကိုရွေးပါ။ ဒီလိုလုပ်တာဟာ Windows ရဲ့စီဒီ drive ကို VM ထဲမှာ ထည့်ပေါင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။
၁၂။ Virtual PC menu ကနေ Select Action > Reset ကိုရွေးပြီး VM ကို restart ပြန်ုလုပ်ပါ။
၁၃။ နောက်တစ်ကြိမ် VM က reboot လုပ်တာနဲ့ စီဒီက boot လုပ်ပြီး Ubuntu ရဲ့ boot menu ကိုမြင်ရပါလိမ့်မယ်။ ဒီဆောင်းပါးရေး တဲ့အချိန်က Ubuntu 7.10 ကို Virtual PC 2007 လိုမျိုး VM ဆော့ဖ်ဝဲတစ်ခုပေါ်မှာ တင်လိုက်ရင် PS2 port driver တွေက ကောင်းကောင်း အလုပ်မလုပ်သေးတဲ့ bug ရှိနေပါတယ်။ အဲဒီအတွက် Ubuntu forum ကပြောတဲ့အတိုင်း ဖြေရှင်းကြည့်နိုင်ပါတယ်။
- Ubuntu boot လုပ်တဲ့အချိန်မှာ F6 ကိုနှိပ်ပြီး စကရင်ရဲ့အောက်ခြေက boot command string ကို ကြည့်လိုက်ပါ။
- စာသားအဆုံးမှာ “Splash” ကိုဖြုတ်ပြီး dash နှစ်ခုရဲ့ရှေ့မှာ “i8042.noloop” ကိုရိုက်ပါ။
- ပြီးရင် Ubuntu ကို safe graphic mode ကနေ ရွေးလိုက်ပါ။
- စကရင်ဟာ screenshot ဖမ်းထားသလိုမျိုး ဖြစ်နေပါလိမ့်မယ်။ ဒီအချိန်မှာ Enter နှိပ် Ubuntu ကို boot လုပ်လိုက်ပါ။

၁၄။ Ubuntu ရဲ့စီဒီက boot လုပ်တဲ့ process ဟာနည်းနည်းတော့ကြာပါတယ်။ Blank စကရင်ကို မိနစ်အတော်ကြာမြင်ရပြီဆိုရင် OK ပါပြီ။ နောက်ဆုံးမှာ Ubuntu ကလိုအပ်တဲ့ start up service တွေအကုန် load လုပ်ပြီး ဖြစ်တဲ့အတွက် GUI ကိုမြင်ရပါလိမ့်မယ်။ အခုဆိုရင် Ubuntu ရဲ့ Live စီဒီနဲ့ run နေတာဖြစ်ပါတယ်။
၁၅။ မောက်စ်နဲ့ကီးဘုတ်တွေက VM နဲ့ Host Windows ကြားမှာ share သုံးနေရတာဖြစ်တဲ့အတွက် VM ထဲမှာ တစ်ချက် click လုပ်လိုက်တာနဲ့ Host Windows ကနေ မောက်စ်နဲ့ကီးဘုတ်တွေသုံးလို့မရတော့ပါဘူး။ Windows မှာ ပြန်သုံးချင်ရင်တော့ ညာဘက်ခြမ်းက Alt ကိုနှိပ်ပြီး ပြန် Switch လုပ်နိုင်ပါတယ်။
၁၆။ Ubuntu ထဲမှာရှိတဲ့ application တွေအားလုံး စိတ်ကြိုက်သုံးကြည့်နိုင်ပါတယ်။ ဒါပေမဲ့ စီဒီကနေ run နေတဲ့အတွက် response ကတော့ တော်တော်နှေးနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် VM ထဲမှာ တကယ် install လုပ်ရအောင် Ubuntu က install လုပ်ရတာလွယ်ပါတယ်။ Desktop ပေါ်မှာရှိတဲ့ install icon ကို double click နှိပ်လိုက်တာနဲ့ installation စတင်တာပါပဲ။ ခဏတော့စောင့်ပါ။
၁၇။ နှစ်သက်ရာ language ကိုရွေးပါ။ ပြီးရင် Forward ကို နှိပ်ပါ။
၁၈။ Time Zone ကိုရွေးပါ။ Forward ကိုနှိပ်ပါ။
၁၉။ Keyboard layout ကိုရွေးပါ။ Forward ကိုနှိပ်ပါ။
၂၀။ Ubuntu ရဲ့ partitioner က VM မှာ Ubuntu အတွက်ထားခဲ့တဲ့ disk space ပမဏကို စစ်ဆေးပါလိမ့်မယ်။ Default အတိုင်းပဲထားပြီး Ubuntu အတွက်ထားတဲ့ disk space တစ်ခုလုံး သုံးပါမယ်။ နှစ်သက်သလို ပိုင်းနိုင်ပါတယ်။ အခု default အတိုင်းထားပြီး Forward ကိုနှိပ်ပါ။
၂၁။ User တစ်ခုအတွက် form ဖြည့်ပေးရပါမယ်။ ထည့်တဲ့ user name နဲ့ password ကိုမှတ်ထားပါ။ ပြီးရင် Forward ကိုနှိပ်ပါ။
၂၂။ Summary page မှာ ရွေးထားတာတွေကို ပြန်ကြည့်နိုင်ပါတယ်။ ပြီးရင် install button ကိုနှိပ်ပြီး Ubuntu ကို install လုပ်ပါ။ အချိန်အနည်းငယ်ကြာပါလိမ့်မယ်။
၂၃။ Install လုပ်တာ လုံးဝပြီးသွားတဲ့အခါ tray ထဲမှာ စီဒီရှိရင်ထုတ်ဖို့ message ပေါ်လာပါလိမ့်မယ်။ Virtual PC menu မှ CD>Eject ကိုရွေးပြိး Ubuntu installation စီဒီကိုဝယ်လိုက်ပါ။ ပြီးရင် VM ထဲက Ubuntu installation ကို restart လုပ်ခိုင်းလိုက်ပါ။
၂၄။ Install လုပ်ပြီးသား Ubuntu ဟာ ပထမဆုံးစ run မယ်ဆိုရင် မ run ခင်မှာ ၏အရင်စီဒီ နဲ့ run တုန်းကလိုပဲ Ubuntu ရဲ့ Bug ကိုရှင်းတဲ့ command အရင်ရိုက်သင့်ပါတယ်။ ဒါမှ မောက်စ်နဲ့ကီးဘုတ်ကို Windows နဲ့ Ubuntu နှစ်ခုလုံးမှာ သုံးလို့ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့က တစ်ကြိမ်ပဲလိုပါတယ်။ Config ဆိုတဲ့ Message ကို တွေ့ရပါလိမ့်မယ်။ Esc နှိပ်ပြီး GRUB configuration ကိုဝင်လိုက်ပါ။ Esc နှိပ်ဖို့ အချိန်မမီလိုက်ရင် Virtual PC ရဲ့ Menu မှာ Action > Reset ဆိုပြီး VM ကို boot ပြန်လုပ်ပါ။
၂၅။ GRUB configuration မှာ ပထမဆုံး option ဖြစ်တဲ့ “Ubuntu [version], kernel 2.6.x-x-generic” ဆိုတာကိုရွေးထားတာ တွေ့ရပါလိမ့်မယ်။ “E” ကိုနှိပ်ပါ။
၂၆။ Kernel option (ဒုတိယ Line မှာရှိပါလိမ့်မယ်) ကိုရွေးပြီး “E” ကိုနှိပ်ပါ။
၂၇။ အရင်ကလိုပဲ Line အဆုံးမှာရှိတဲ့ “splash” ကို “i8042.noloop” လို့ပြင်ပြီး Enter နှိပ်ကာ changes ကို apply လုပ်ပါ။
၂၈။ Kernel option စကရင်ပြန်ရောက်ရင် “B” နှိပ်ပြီး Ubuntu ကို run လိုက်ပါ။ Ubuntu ထဲကို login ၀င်ပြီးတာနဲ့နောက်တစ်ကြိမ် boot လုပ်တိုင်း ထပ်ပြင်စရာမလိုအောင် ဘယ်မှာ ဘယ်လို အပြီးသွားရေးထားရမလဲ ဆိုတာ ပြပါမယ်။
၂၉။ Ubuntu log in screem ပေါ်မှာ ပေးထားတဲ့ user name နဲ့ password ကိုထည့်ပါ။
၃၀။ ဒါဆို Windows ထဲမှာ Ubuntu ကိုအောင်မြင်စွာ run နိုင်ပါပြီ။
၃၁။ အခု Kernel mouse bug ကို ဘယ်လို အပြီးပြင်ဆင်ရမလဲဆိုတာ ပြပါမယ်။ ဒီလိုပြင်ပြီးတာနဲ့ နောက်တစ်ကြိမ်ဘာမှပူစရာ မလိုတော့ပါဘူး။
- Application > Accessories > Terminal Windows ကိုဖွင့်ပါ။ (ဒါဟာ Windows မှာဆိုရင် command prompt နဲ့အတူတူပါပဲ။)
- “sudo gedit/ boot/grub/ menu.lst” ကိုရိုက်ပါ။
- Login password လာတောင်းရင်ထည့်လိုက်ပါ။
- ပထမပြင်ခဲ့တဲ့ “Kernel line” ကို ရှာပါ။ Line နံပါတ် ၁၃၂ လောက်မှာ ရှိနိုင်ပါတယ်။ ပြီးရင် အရင်အတိုင်း “splash” ကို “i8042.noloop”
- နောက်အဲဒီ configuration ဖိုင်ကို save လုပ်ပါ။

၃၂။ ဒါဆိုရင်တော့ အားလုံးပြီးဆုံးသွားပါပြီ။ Windows ပေါ်က Ubuntu ကိုတွြေု့မင်ရပါလိမ့်မယ်။
Ubuntu ဟာ Virtual Machine ရဲ့အောက်မှာ run နေတာကိုတော့ သတိပြုရပါမယ်။ ဒါက ဘာ effect မှထူးထူးခြားခြား ထိခိုက်တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ Open GL game လိုမျိုးတော့ Ubuntu မှာကစားလို့ရမှာ မဟုတ်ပါဘူး။ နောက်တစ်ခုက အသံလုံးဝမကြားရပါဘူး။ VM ပေါ်မှာ run တဲ့ အချက်ကြောင့်ပါပဲ။

မြန်မာနိုင်ငံ Y Talk အသုံးပြုပုံ

မြန်မာနိုင်ငံ Y Talk အသုံးပြုပုံ:
How to Start ?
အဆင့်(၁) ။ ။ ပထမဆုံး အသုံးပြုမည့် user များသည် မိမိတို့ စတင် အသုံးပြုမည့် VoIP Account Card ကိုဝယ်ယူရပါမည်။
အဆင့်(၂) ။ ။ VoIP Account Card ၀ယ်ယူပြီးသည့် user များသည် အသုံးပြုရန် Pin Code ပါဝင်သော Recharge Card ကိုထပ်မံ ၀ယ်ယူရပါမည်။
User Guide
အဆင့် (၁) ။ ။ User များသည် မိမိတို့ ၏ Account No. နှင့် Password ကို Softphone ၏ Username နှင့် Password နေရာများတွင် ဖြည့်သွင်းပြီး Login ၀င်ရောက်ရမှာဖြစ်ပါသည်။
အဆင့် (၂) ။ ။ User များသည် မိမိတို့ ၀ယ်ယူထားသော Recharge Card မှ Pin Code No. ကို http://voip.yatanarpon.com.mm ၏ Recharge via Voucher Card သို့ သွားရောက်ပြီး ဖြည့်သွင်းမှသာ ဖုန်းစတင် ခေါ်ဆို နိုင်မည် ဖြစ်ပါသည်

Laptop Battery Power ကို ကြာရှည်စွာ အသုံးပြုနိုင်ရန် နည်းလမ်း

Laptop Battery Power ကို ကြာရှည်စွာ အသုံးပြုနိုင်ရန် နည်းလမ်း:




Laptop Battery Power ကို ကြာရှည်စွာ အသုံးပြုနိုင်ရန် နည်းလမ်း



Laptop Computer ကို အသုံးပြုတဲ့သူ များတဲ့အကြောင်းကတော့ မည်သည့်နေရာမှာမဆို အချိန်မရွေး Power Supply နဲ့  ဆက်သွယ်စရာမလိုပဲ အသုံးပြုနိုင်လို့ ပဲ ဖြစ်ပါတယ်…

ဒါပေမဲ့ Laptop နဲ့  တခြား Mobile Device တွေရဲ့ အကြီးမားဆုံး ရင်ဆိုင်ရတဲ့ ပြဿနာကတော့ လိုအပ်တဲ့အတိုင်းအတာအထိ Battery Power က မပေးစွမ်းနိုင်တာပါပဲ…

ဒီတော့ သတ်မှတ်ထားတဲ့ စွမ်းအားပြည့်နဲ့  Battery Power ကို အသုံးပြုနိုင်စေရန် နည်းလမ်းများကို ရှာဖွေခဲ့ကြပါတယ်…

အကောင်းဆုံးနဲ့  အလွယ်ကူဆုံး နည်းလမ်းကတော့ လွမ်းတို့  အသုံးပြုတဲ့ Operating System တွေမှာ Power Management Function တွေ ထည့်လာတာပါပဲ…

ခုနောက်ဆုံး အသုံးပြုနေကြတဲ့ Windows 7 မှာဆိုရင် Power Saver တွေ ပါလာတာကို တွေ့ ကြရမှာပါ…

အဲဒါတွေကတော့-

အလိုအလျောက် LCD Brightness ကို လျှော့ချပေးတယ်…

CPU Clock Speed ကို နှေးကျသွားစေတယ်…

Laptop ကို အသုံးမပြုတဲ့အချိန်မှာ Hard disk operation ကို ရပ်ထားပေးတယ်…

Laptop က Idle State ဖြစ်နေရင် LCD Disply ကို Switch off လုပ်ထားပေးတယ်…

တကယ်လို့ များ ကိုယ့် Laptop ရဲ့ Batttery Power ကို အချိန်ကြာမြင့်စွာ သုံးချင်တယ်ဆိုရင်တော့ အောက်ပါအချက်များကို လိုက်နာရမှာ ဖြစ်ပါတယ်…

၁။ Use only the necessary applications

စာတွေပြင်တာ၊ ဇယားတွေဆွဲတာ၊ Mail တွေစစ်တာလောက်ကတော့ Starcraft II Game ကစားတာမျိုးနဲ့  high-definition Video တွေကြည့်တာလောက် Power မကုန်ပါဘူး… အသုံးမပြုတဲ့ Application တွေကို ပိတ်ထားသင့်ပါတယ်…

၂။ Dim the monitor’s LCD brightness as much as possible

Cooling Fan နဲ့  အလုပ်လုပ်နေတဲ့ CPU က ဒီလောက် Power consumption မရှိပေမဲ့ အများဆုံး Power consumption ယူထားတဲ့ LCD ရဲ့ Brightness ကို လျှော့ချထားတာဟာလဲ Battery Power ကို ကြာရှည်သုံးနိုင်တယ်လို့  ဆိုပါတယ်…

၃။ Keep the laptop’s temperature as low as possible

Laptop မှာ Internal temperature sensors နဲ့  cooling fan ကို အလုပ်လုပ်စေတာပါ… မိမိရဲ့ Laptop ကို လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ အသုံးပြုပြီး Laptop ကို အေးအောင်ထားနိုင်တဲ့ အခြေအနေဆိုရင် cooling fan ရဲ့ လည်ပတ်အားလျော့ကျသွားစေနိုင်တဲ့အတွက် Power consumption ကို လျော့ကျစေနိုင်ပါတယ်…

၎။ Use earpieces instead of the laptop’s in-built speaker

Speaker က Battery က Power ကို ယူထားတာပါ… အသံပိုကျယ်လေ Power ပိုကုန်လေပါပဲ… ဒီတော့ Speaker အစား earpieces ကိုသာ အသုံးပြုသင့်ပါတယ်…

၅။ Remove any unused USB devices from the laptop

USB Port တစ်ခုဟာ 5V DC Power ကို ယူထားတာပါ… ဒါကြောင့် မလိုအပ်တဲ့ Thumb Drive နဲ့  External Hard Disk တွေကို USB Port မှာ ထည့်မထားသင့်ပါဘူး…

၆။ If you are leaving your computer idle for more than 10 minutes, hibernate it instead of leaving it in the sleep mode

Windows 7 မှာဆိုရင် Sleep နဲ့  Hibernate ဆိုပြီး ၂-မျိုးရှိပါတယ်… Hibernation ဆိုတာ Hard disk ထဲမှာရှိတဲ့ Computer state ကို သိမ်းပြီး Computer ကို လုံးဝပိတ်ပေးသွားမှာပါ… Sleep ကတော့ system state ကို ကာကွယ်ဖို့ နဲ့  memory content alive ဖြစ်နေတဲ့အတွက် Battery power ကို ယူထားရတာပါ… ဒါကြောင့် ၁၀-မိနစ်ထက် ပိုပြီး Laptop ကို အသုံးမပြုဘူးဆိုရင်တော့ Hibernate လုပ်ထားရပါမယ်…

၇။ Make use of the latest power saving technologies if they are available in your laptop

အကောင်းဆုံးဥပမာအနေနဲ့  Dual Graphics Card အသုံးပြုတဲ့ Laptop တွေ အသုံးပြုဖို့ ပါ… Integrated Graphics Card တွေဟာ Power consumption နည်းလို့  ပါပဲ… နောက်တစ်ခုက LCD Display ရဲ့ Brightness ကို ချိန်ညှိပေးနိုင်တဲ့ Light sensor ပါတဲ့ Laptop တွေကို အသုံးပြုသင့်တာပါ…



နက်ဝက်ထဲကကွန်ပြူတာတွေ Hack မယ်

နက်ဝက်ထဲကကွန်ပြူတာတွေ Hack မယ်:

ကျနော်ဖတ်ကြည့်လိုက်ပြီးတင်ပေးလိုက်တယ်။ဒီထဲမှာရေးထားတာက နက်ဝက်ချိတ်ဆက်နေတဲ့ကွန်ပြူတာတွေကို ဟက်တဲ့နည်းလေးပါ။လွယ်ကူတယ်လို့ ထင်လို့တင်ပေးလိုက်ပါတယ်။ သူများကွန်ပြူတာထဲက အချက်လက်တွေ ကို၇ယူနိုင်ပါတယ်။


:::::::::::::::::::::::::::::::::::::: Download (NING) :::::::


Download Media fire < Here>>>>>

တစ်ကမ္ဘာလုံးကို SMS ဖရီးပို့ရအောင်

တစ်ကမ္ဘာလုံးကို SMS ဖရီးပို့ရအောင်:


ဘလော့မိတ်ဆွေများမင်္ဂလာပါ .... ကျွန်တော်အခုဖော်ပြမှာကတော့တကမ္ဘာလုံးကို SMS ဖရီးပို့ပေးမယ့်
ဝက်ဆိုဒ် ကိုဖော်ပြမှာဖြစ်ပါတယ်။ အားလုံးပေါင်း ခုရှိပါတယ် .... စမ်းကြည့်လိုက်ပါဦး။

လင့်ကိုနှိပ်လိုက်ရင်
စက္ကန့်စောင့်ပါ ပြီးရင် Skip AD ကိုကလစ်ပါ။
Skip Ad>
credit : IT-WARE