Popular Posts

1/03/2013

Huawei U8818 နဲ့ U8815 တွေကို 4.0.3 မှ 2.3.6 သို့ ပြန်ဆင်းနည်း။

Huawei U8818 နဲ့ U8815 တွေကို 4.0.3 မှ 2.3.6 သို့ ပြန်ဆင်းနည်း။:
Huawei U8818 နဲ့ U8815 တွေကို 4.0.3 မှ 2.3.6 သို့ ပြန်ဆင်းနည်း။











အရင်ဆုံးကတော့ Just do your own risk! ပေါ့နော်။ သေချာစဉ်းစားပြီး သေချာမှ လုပ်ပါ။
ထပ်ပြောပါမယ် JUST DO YOUR OWN RISK!
အရင်ဆုံး အောက်ကကောင်လေးကို download လုပ်ပါ။
Sugarsync Link >> https://www.sugarsync.com/pf/D0019460_943_94144123
Mediafire Link >> http://www.mediafire.com/download.php?p58ufjpsr5t096j
Megacloud Link >> http://mc.tt/d1BB1qPxMLC
အခု အောက်ပြန်ဆင်းချင်တဲ့ 4.0.3 ဟာ Root Access ရရှိပြီးသား ဖြစ်ရပါမယ်။ မဟုတ်သေးရင်တော့ အရင်ဆုံး Root လုပ်လိုက်ပါ။ မိမိ နှစ်သက်ရာနဲ့ Root လုပ်နိုင်ပါတယ်။ အခြားသော နောင်တော်ကြီးများ တင်ပြီးသား ဖြစ်သည့်အတွက် ပြန်မရေးပေးတော့ပါဘူး။ အမြစ်မတူးရသေးတဲ့သူများ ကြိုက်ရာ နည်းလမ်းများဖြင့် အမြစ်တူးပါ။
ကဲ…..အမြစ်တူးပြီးသား ဖြစ်ပြီ ဆိုရင်တော့ ..စမယ်ဗျာ။။။။။။ရယ်ဒီ ၀မ်း…တူး….ဟီး ။
ဒေါင်းလို့ ရတဲ့ကောင်လေးကို zip ဖြည်လိုက်ပါ။ အထဲမှာပါတဲ့ toolbox5irom.apk လေးကို ဖုန်းမှာ install လုပ်ပါ။ ပြီးရင် အဲကောင်လေးကို သုံးပြီး IMEI ကို Backup လုပ်ပါ။(This is important!) အကယ်၍ backup လုပ်တာ မအောင်မြင်ဘူးဆိုရင် သင့်ရဲ့ ဖုန်းဟာ Root Access မရသေးလို့ပဲ ဖြစ်ပါတယ်။
 ဒီနေရာမှာ ကြုံတုံးလေး တစ်ခုလောက်ြေ့ပာပြချင်ပါတယ်။ ကျွန်တော်တို့ Root တယ်။ အမြစ်တူးတယ် ဆိုတာက ရိုးရိုး သာမာန် End User အဆင့်ကနေ Advance User အဖြစ် ပြောင်းလဲ ခံယူလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ယူလိုက်ရင် ဖုန်းမှာ ပါတဲ့ Warranty ပျက်ပါတယ်ခင်ဗျာ။ ဘာလို့လဲဆိုတော့ End User နဲ့ Advance User ရဲ့ အဆင့်ကွားခြားချက်ကြောင့်ပဲ ဖြစ်ပါတယ်။
End User ဆိုတာက သာမာန် အသုံးပြုသူပါ။ သူက နဂိုစက်ရုံထုတ်အတိုင်း အသုံးပြုတာပါ။ ဆိုလိုချင်တာက Android ဖုန်း တစ်လုံးကို သုံးရင် ဖုန်းပြောမယ်။ Builtin ပါတဲ့ App တွေ၊ ဆိုင်က ထည့်ပေးလိုက်တဲ့ ဂိမ်းတွေ ဆော့မယ်။ ကိုယ်ဆော့ချင်တာလေး တွေ့ရင် ဆိုင်မှာ သွားသွင်းမယ် ဆိုတာလောက်ပဲ သိတဲ့၊ သုံးတဲ့ User မျိုးပဲ ဖြစ်ပါတယ်။
Advance User  ဆိုတာကတော့ ကိုယ့်ဖုန်းကို ကိုယ်တိုင် Modify လုပ်နိုင်ပါတယ်။ ကိုယ်တိုင် အမျိုးမျိုး စိတ်ကြိုက် ပြုပြင်ပြောင်းလဲ သုံးစွဲနိုင်တဲ့သူမျိုးတွေပေါ့ဗျာ။ ဆိုရရင် ဖုန်းတော်တော်များများက မြန်မာစာကို Builtin အနေနဲ့ မပါပါဘူး။ အဲဒါကို မြန်မာစာဖောင့်ထည့်သုံးမယ်။အဲဒီလိုထည့်တဲ့နည်းက အမျိုးမျိုး ရှိပါတယ်။ သူ့မှာ နဂို ပါတဲ့ font ကို Modify လုပ်ထားတဲ့ နာမည်တူမြန်မာfont နဲ့ အစားထိုးတယ်။ ဒါမှမဟုတ် zawgyione ကို သွင်းတယ်။ Font Changer သုံးတယ်။ အမျိုးမျိုးသော နည်းလမ်းတွေ ရှိပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ပါစေ။ သူ့ရဲ့ Original System ကို ပြောင်းလဲ လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် Advance User ဆိုတာက End User ထက် အဆင့်ပိုမြင့်ပါတယ်။
ဒီလို ဒီလိုတွေကြောင့် Advance User ဆိုတာက ကိုယ်ကိုယ်တိုင် ပြုပြင်ပြောင်းလဲနိုင်တဲ့အဆင့်ရှိသည်အတွက် Damage Attack တွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Advance User အဖြစ်ခံယူလိုက်တာနဲ့ တစ်ပြိုင်နက် Warranty က အကျုံးမ၀င်တော့ပါဘူး။
Root လုပ်တာမှာလည်း SuperUser(or) SuperSU app လေး ပေါ်လာတိုင်းလည်း Root Access မရပါဘူး။ အားလုံးမဟုတ်တောင် တစ်ချို့တစ်လေတော့ ကြုံဖူးကြမှာပါ။ အဲဒါဘာကြောင့်လည်းဆိုတော့ SuperUser အလုပ်မလုပ်(မနိုးသေး)လို့ပဲ ဖြစ်ပါတယ်။ ဥပမာပေးရရင်..battery အသစ်တစ်လုံး ၀ယ်တယ်ဗျာ။ တစ်ခါတစ်ရံမှာချက်ချင်း အသုံးပြုလို့ မရသေးဘူး။ Shock တိုက် ပေးလိုက်မှ အလုပ်တဲ့ ပုံစံမျိုးပေါ့ဗျာ။ (ဟီး….SuperUser နိုးဖို့တော့ Shock သွားမတိုက်နဲ့နော်) SuperUser နိုးဖို့ဆိုရင် သူ့ကို version အမြင့် သွင်းပေးလိုက်ပါ။ နိုးလာပါလိမ့်မယ်။
ကဲကဲ…မဆိုင်တာတွေ ထည့်ပြောလိုက်တာ တော်တော်များသွားပြီး ပြန်စမယ်နော်။
Root Access ရပြီးသား ဆိုရင်တော့ toolbox5irom.apk  လေးကို သွင်းလိုက်ပါ။သူ့ကို သုံးဖို့ Root Access တောင်းပါတယ်။ ။IMEI ကို Backup လုပ်ပါ။ ခဏစောင့်ရပါတယ်။ Complete ပြရင် file manager သုံးပြီး SD Card ထဲမှာ 5irom ဆိုတဲ့ ဖိုဒါလေးကို ရှာလိုက်ပါ။ ပြီးရင် အဲဒီဖိုဒါလေးကို imeibackup ဆိုတဲ့နာမည်ကိုပြောင်းပေးပါ။(မိမိနှစ်သက်ရာ နာမည်ကို ပြောင်းနိုင်ပါတယ်)။ နာမည်ပြောင်းပြီးသားကောင်လေးကို Computer မှာလည်း Copy ယူထားပါ။တစ်ခုခု အဆင်မပြေဖြစ်ခဲ့ရင် ယူသုံးလို့ ရအောင်ပါ။အရေးကြီးပါတယ်။ပြီးရင် ဖြည်ထားတဲ့ဖိုဒါထဲမှာပါတဲ့ 5irom ဆိုတဲ့ ဖိုဒါလေးကို SD Card ထဲကို ကူးထည့်ပါ။ ပြီးရင် (*#06#)ကို နှိပ်ပြီး  ဖုန်းရဲ့ IMEI ကို ကြည့်ပြီး ရေးမှတ်ထားစေချင်ပါတယ်။နောက်ပိုင်း ပြန်ပြီး Restore လုပ်တဲ့အခါမှာ ပြန်စစ်ကြည့်ဖို့ပါ။
ကဲ…….အပေါ်က အဆင့်တွေကို တစ်ဆင့်ချင်း သေချာ လုပ်ပြီးပြီလား ဆိုတာလေး ပြန်စစ်ပါ။နောက်ပြီး နောက်ဆုတ်ချင်ရင်လည်း ဒီအချိန်မှာ နောက်ဆုတ်လို့ ရပါတယ်။
ကဲ..ဆက်မယ်နော်။သွင်းထားတဲ့ Toolbox5irom ကို ဖွင့်ပြီး IMEI Restore လုပ်လိုက်ပါ။ Complete ဖြစ်သွားပြီလို့ ပြတာနဲ့ ဖုန်းကို Restart ချပေးလိုက်ပါ။ပြီးရင် IMEI ကို တစ်ချက်ပြန်စစ်ပါ။ 0 ဒါမှမဟုတ် စောနက မှတ်ထားခဲ့တဲ့ သင်ရဲ့ ကိုယ်ပိုင် IMEI မဟုတ်တော့တာ တွေ့ရပါလိမ့်မယ်။ ဖုန်းခေါ်ကြည့်ရင်တော့ SIM Cardကို သိမှာ မဟုတ်ပါဘူးနော်။System Busy နဲ့ပဲ တွေ့နေမှာပါ…..ဟိဟိ။
ကဲပြီးရင်တော့ 2.3.6 Official Firmware ကို ဒေါင်းထားပါ။ ဒီနေရာမှာ တစ်ခုပြောချင်တာက build no. နောက်ဆုံးက Bxxx နဲ့ ဆုံးတဲ့ကောင်ကိုပဲ သုံးစေချင်ပါတယ်။ အခြား SPxxx နဲ့ဆုံးတဲ့ကောင်တွေက စက်တိုင်းနဲ့ အဆင်မပြေတတ်လို့ပါ။ ပြီးရင် ထုံးစံအတိုင်းပေါ့နော်။ Firmware ဒေါင်းပြီးမှတော့ ဘာလုပ်ရမလဲ မေးမနေပါနဲ့။ Firmware တင်လိုက်ပါ။ တင်ပုံတင်နည်းကတော့ ထုံးစံအတိုင်း dload ဖိုဒါလေးထဲမှာ UPDATE.APP ဟုတ်ရဲ့လား စစ်။ဟုတ်တယ်ဆိုရင် dload ဖိုဒါလေးကို SD Card ထဲကိုထည့်။ ဖုန်းကို ပါဝါပိတ်။ဘက်ထရီကို ၁၀စက္ကန့်လောက် ဖြုတ်ထား။ ပြီးရင် ပြန်တပ်။ (Vol Down +Vol Up+Power) သုံးခုလုံးကို တစ်ပြိုင်တည်း ဖိနှိပ်။ဒါမှ မဟုတ် ဖုန်းကို ပါဝါဖွင့်ထား။Setting>Storage > Software Upgrade ကနေ တင်ပါ။ Step 1 Unpacking ဆိုတာကနေ စပြီး သူ့ဘာသာ လုပ်သွားမယ်။ Auto Restart ကျသွားပြီး ပြန်တက်လာတာနဲ့ Firmware တင်တာ ပြီးပြီပေါ့နော်။
Root လုပ်ပါ။ Root Access ရတာနဲ့ Toolbox5irom.apk လေးကို install လုပ်ပါ။ စောနလေးက imeibackup လို့ နာမည်ပြောင်းထားတဲ့ ကောင်လေးကို 5irom ဆိုပြီး မူလ နာမည်ကို ပြန်ပြောင်းပေးပါ။ ပြီးရင် Toolbox5irom ကိုဖွင့်။ IMEI Restore လုပ်လိုက်ပါ။ Complete ပြတာနဲ့ Restart ချပေးပါနော်။(လုံးဝမမေ့ပါနဲ့)။ပြန်တက်လာရင် (*#06#) နဲ့ IMEI ကို ပြန်စစ်လိုက်ပါ။ နဂိုမူလ ကိုယ့်ရဲ့ ကိုယ်ပိုင် IMEI ဖြစ်သွားပြီ ဆိုရင်တော့ Downgrade ဆင်းတာ အောင်မြင်သွားပါပြီ။ version လေးကို လည်း ကြည့်ကြည့်ပါအုံး 2.3.6 ဟုတ်မှ ဟုတ်ရဲ့လားလို့ :P ။ဖုန်းပြန်ခေါ်လို့လည်းရပါပြီနော်။
အားလုံးပဲ အဆင်ပြေကြပါစေနော်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။WE LOVE SHARING။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Android Themes များ

Android Themes များ:
ဒီThemes လေးတွေကတော့ MMUG ရဲ့ Member တစ်ဦးဖြစ်တဲ့ Htet Wai Phyo ကနေပြီးတော့..MMAS and MMUG မှာတင်ပေးဖို့အကူညီတောင်းတာနဲ့တင်ပေးလိုက်တာပါ
နည်းနည်းများနေလို့ ပုံလေးတွေနှင့်တကွမဖော်ပြပေးနိုင်တာကိုခွင့်လွှတ်ပေးပါ..
သူလဲဖုန်းကနေပြီးတော့ကြိုးစားပမ်းစား Down & Upload လုပ်ပေးထားတာဆိုတော့ သူရဲ့စေတနာလေးကိုအသိအမှတ်ပြုကြရအောင်ဗျာ.. :D

go sms pro latest version   — >https://www.box.com/shared/xcqduak43exfh3jl1tb1
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Go launcher exe apk v3.21 — > https://www.dropbox.com/s/53y64u9hqbzpnih/GO_Launcher_EX_3_21.apk
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
glass box go sms            — >https://www.box.com/shared/8g9mx1jw1tmcnqppnjz8
glass box go launcher     — >https://www.box.com/shared/r5djxxdp4lgkbaklc0mg
glass box go locker        — >https://www.box.com/shared/01drlsqv989p6fth5b1h
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

1998 theme                    – >https://www.box.com/shared/pynjztjdifgi2b0qrb2c
Clee 2.3 theme               — >https://www.box.com/shared/r3ykt9ftgs4ld6gxm6wo
clee theme                     — >https://www.box.com/shared/pw9naqzekw0yvxsxljxx
forest zoo theme            — >https://www.box.com/shared/n9dmngc9fibzqs4kqiry
future wars theme          – >https://www.box.com/shared/mzvst6l9or01ru7b6u8e
future world theme        — >https://www.box.com/shared/g1c9x96idqm6lvonp6n4
game style theme          – >https://www.box.com/shared/3cibqnzoou4lqdju4ti8
dark phone blue theme  — >https://www.box.com/shared/tm3poelwed06rc8t6sau
denim theme                — >https://www.box.com/shared/920blffi3mpncp01xg2o
pro theme red              — >https://www.box.com/shared/oq8w06rpqlloa9zwd7or
theme diva                   — >https://www.box.com/shared/kfans5btuxywnbwnrme5
WP7 pink theme           — >https://www.box.com/shared/wprhd3x4k3y7jxsv2lje
WP7 sky blue theme     — >https://www.box.com/shared/lc95zxsdzq18eykmo0rn
grux theme                  – >https://www.box.com/shared/4rucihnu66whq6r7oqqg
legacy theme               — >https://www.box.com/shared/0mtix8iro56mn4bs4s3p
mac kitty theme           — >https://www.box.com/shared/loax1073kgm6av6pame6
machine city theme     – >https://www.box.com/shared/guzlbbnj1gryda43rt99
metro sand theme      – >https://www.box.com/shared/cet4n2hjezea0sx7xkco
MIUI V4 theme           — >https://www.box.com/shared/x3n9v5norfipxj93nn1y
neon light theme        – >https://www.box.com/shared/cipnlnruxe72xsjznuox
nite theme                – >https://www.box.com/shared/myfgabtbv5clbc9va0vz
ocean theme             — >https://www.box.com/shared/etrpil5xjjwcera9p98o
pop theme                – >https://www.box.com/shared/cfn4yqpj81ameh8atig8
pule theme               — >https://www.box.com/shared/zrjghdg2hznx1sakzq9n
secret garden theme  – >https://www.box.com/shared/cvc82uy4nhpdty2qiune
siri theme                 — >https://www.box.com/shared/0kit8vrr9masnl35dwng
star theme               — >https://www.box.com/shared/u5aathsrvo8r1kkw684v
steel ring theme        – >https://www.box.com/shared/e7a5ojnazkt678vf0nqf
syder theme            – >https://www.box.com/shared/65qcfne711npvg8w9ef6
WP7 theme             — >https://www.box.com/shared/toi9rpd4wuihcxcfdd3l

မိမိတို့ဖုန်းMemoryကိုလိုသလိုစီမံခံခွဲနိုင်ပြီး…User Interfaceအလန်းနှင့်..အကောင်းဆုံး….Andriod appတစ်ခုပါ…:D

မိမိတို့ဖုန်းMemoryကိုလိုသလိုစီမံခံခွဲနိုင်ပြီး…User Interfaceအလန်းနှင့်..အကောင်းဆုံး….Andriod appတစ်ခုပါ…:D:
SanDisk ၇ဲ့ Memory Zone app ဟာမိမိတို့ဖုန်းLocal နဲ့ Cloud Memory ကိုစီမံနိုင်ပြီး Back up လုပ်ပေးနိုင်တဲ့အကောင်းဆုံး app တစ်ခုလေးပါဗျာ..။

မိမိတို့ဖုန်းနဲ့ Memory Card သာမက….Cloud အထိဝင်ရောက်စီမံနိုင်ပါမယ်။ Andriod ဖုန်းတွေမှာတွေ့ရတဲ့ Memory စီမံနိုင်နိုင်တဲ့ App ထဲမှာ SanDisk ဟာ Functions အစုံလင်ဆုံးလို့ဆိုနိုင်ပါတယ်ဗျာ..။သင့်ကို လုံးဝထိန်းချုပ်ခွင့်ပေးထားမှာဖြစ်ပြီး Memory Card ထဲကဖိုင်တွေကိုစိတ်ကြိုက်ရွှေ့ပြောင်းနိုင်ပါတယ်..။
ဖုန်းရဲ့ Internal Memory ထဲမှာ Data တွေအလွန်များနေရင်မိမိတို့ဖုန်းဟာလေးလံနေမှာပါဖြစ်ပါတယ်ဗျာ..။ဒီပြဿနာကိုလွယ်ကူစွာဖြေရှင်းပေးနိုင်တဲ့….Data တွေကို Memory Card ထဲရွှေပြောင်းနိုင်တဲ့..Function ပါဝင်နေပါတယ်…။ဒါ့အပြင် Data တွေကို Back up လုပ်နိုင်ရုံမက Password ဖြင့်ပိတ်ထားနိုင်ပါတယ်..။မိမိတို့ရဲ့အရေးကြီးတဲ့ Movie/Photo နဲ့အခြားဖိုင်တွေကိုလံခြုံမှုရှိစေမှာပါဖြစ်ပါတယ်..။ဖုန်း Memory Card နဲ့ Cloud အကြားအလွယ်စွာဆက်သွယ်ပေးနိုင်ပါတယ်။
တစ်ခြား App တွေလို Folder တွေကိုဝင်ရောက်သုံးရတာခက်ခဲမှုမရှိပဲ SanDisk Memory Zone ဟာထူးခြားကောင်းမွန်တဲ့ User InterFace လည်းပါဝင်နေပါတယ်…။ SanDrisk ဟာ Flash Memory Card တွေကိုထုတ်လုပ်ရာမှာ ကမ္ဘာ့ထိပ်တန်ူးနေရာမှာရှိနေပြီး သူ့ရဲ့ ဒီ Appliciation ဟာလေး Memory ထဲက Data တွေကို နိုင်နိုင်နင်းနင်းရှိနေတာတွေ့ရပါတယ်ဗျာ..။ဒီ Appliciation လေးအသုံးပြုရန်မိမိတို့ဖုန်းဟာ Andriod Version 2.2 နဲ့အထက်ရှိဖို့လိုအပ်ပါတယ်ခင်ဗျာ…။
အောက်ပါပုံတွေကတော့….SanDisk Memory Zone Appliciation လေးရဲ့လှပတဲံ..User Interface လေးတွေပါခင်ဗျာ……:D



နောက်ဆုံးထွက်ဗားရှင်း…1.3.5ကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ…:D
SanDisk Memory Zone ကိုဒေါင်းရန် >> Box Link
SanDisk Memory Zone ကိုဒေါင်းရန် >> Dropbox Link
SanDisk Memory Zone ကိုဒေါင်းရန် >> MediaFire Link
 8 DECEMBER 2012, SATURDAY Net Guide Journal ပါအချက်အလက်များအတိုင်းဖော်ပြပါသည်….အင်တာနက်အနည်းငယ်အသုံးပြုပြီးဂျာနယ်သာဖတ်ကြသော..Mobile User များအတွက်လွယ်ကူစွာရှာဖွေဒေါင်းလုပ်ရယူနိုင်ရန်ရည်ရွှယ်ခြင်းဖြစ်ပါသည်ခင်ဗျာ…….:)

အားလုံးအဆင်ပြေ….ပျော်ရွှင်ကြပါစေဗျာ….:D

Ever Gollie(Myanmar Mobile User Group)
https://www.facebook.com/ever.gollie

Android 4.2 တွင် Beanflinger ဖြင့် Unlock ပြုလုပ်ခြင်း

Android 4.2 တွင် Beanflinger ဖြင့် Unlock ပြုလုပ်ခြင်း:








Android 4.2 Version ဖြစ်တဲ့ Jelly Bean မှာ Feature အသစ်ဖြစ်တဲ့ Daydream ဆိုတဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ Daydream ဟာ Screensaver နဲ့ သိပ်မကွာခြားတဲ့ Feature တစ်ခု ဖြစ်ပါတယ်။ Daydream ကို အသုံးပြုမယ်ဆိုရင် Default အဖြစ် ငါးမျိုး ထည့်သွင်းပေးထားတာကို တွေ့ရမှာပါ။ Daydream Feature ကို အသုံးပြုပြီး သင့်ရဲ့ Android Device ကို Lock စနစ် ပြုလုပ်မယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။
Daydream ကို အသုံးပြုဖို့အတွက် ပထမဦးဆုံး သင့်ဖုန်းဟာ Android 4.2 ကို အထောက်အပံ့ပေးထားတဲ့ ဖုန်းအမျိုးအစား ဖြစ်ဖို့လိုပါတယ်။ လက်ရှိရောက်နေတဲ့ Firmware Version ကို ကြည့်ဖို့အတွက် Settings အောက်က About Phone ဆိုတဲ့နေရာကို ရွေးချယ်ပြီးဝင်ရမှာ ဖြစ်ပါတယ်။ About Phone ထဲကို ရောက်ပြီဆိုရင် Android Version ဆိုတဲ့ နေရာမှာ သင့်ဖုန်းရဲ့ Android Version ကို တွေ့ရမှာဖြစ်ပါတယ်။ 4.2 Version မဟုတ်သေးဘူ ဆိုရင်တော့ ပထမဆုံး Upgrade ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Upgrade ပြုလုပ်ဖို့အတွက် Settings အောက်က System Update ဆိုတာကို ရွေးချယ်ပေးရပါမယ်။ သင့်ဖုန်းအတွက် Android 4.2 Version ကို အထောက်အပံ့ ပေးထားပြီဆိုရင် System Update မှာသာ ပြသမှာ ဖြစ်ပါတယ်။ အဲဒီကနေ Download ပြုလုပ်ပြီး System Upgrade ပြုလုပ်သင့်ပါတယ်။ ဒီအဆင့်တွေ ပြီးပြီဆိုရင်တော့ သင့် Android Phone ဟာ Version 4.2 ကို ဖြစ်နေပါပြီ။ Android 4.2 Version ဖြစ်တဲ့ Jelly Bean မှာ Feature အသစ်ဖြစ်တဲ့ Daydream Feature ကို အသုံးပြုပြီး Bean- Flinger နဲ့ သင့် Hand Set ကို Unlock ပြုလုပ်ဖို့အတွက် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေအတိုင်း ပြုလုပ်ပေးရပါမယ်။
Settings ထဲက Display အောက်မှာ Daydream ဆိုတဲ့ Feature ကို အရင်ဆုံး သွားဖွင့်ထားရမှာ ဖြစ်ပါတယ်။ Daydream ကို ဖွင့်ပြီးပြီဆိုရင်တော့ နာရီနဲ့ ပြုလုပ်ချင်တာလား ဒါမှမဟုတ် Bean-Flinger, Colors, Currents, Photo Frame, Photo Table အစရှိတာတွေကို နှစ်သက်ရာ ရွေးချယ်ပြီး ထားနိုင်မှာ ဖြစ်ပါတယ်။ Bean Flinger ကို အသုံးပြုဖို့အတွက် Screen ရဲ့ အလယ်မျက်နှာပြင်ကို ဖိထားရပါမယ်။ ဖိနှိပ်ထားတဲ့အချိန်မှာ Jelly Bean ထည့်သွင်းထားတဲ့ Device ဟာ တုန်ခါမှုနဲ့အတူ တက်လာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ လှုပ်ရှားမှုတွေနဲ့ အလုပ်လုပ်နေတဲ့ Screen Saver ဆန်ဆန် Daydream Feature ကို သင့်ရဲ့ Device Screen အထက်မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Daydream Feature ဟာ Android Version 4.2 ပေါ်မှာသာ ပါဝင်တဲ့အတွက် Daydream ကို သုံးစွဲမယ့်သူတွေရဲ့ Android Device ဟာ Android Version 4.2 ကို အထောက်အပံ့ပေးတဲ့ Device တွေ ဖြစ်ဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။








ကိုးကား – အင်တာနက်ဂျာနယ်

S3 Min GT-I8190 Rooted Firmware လေးလာပါပြီး

S3 Min GT-I8190 Rooted Firmware လေးလာပါပြီး:




Download link (firmware) >> http://kyawnyeinthwin.mediafire.com/?jj0pxbg9280vld7


(Password က kyawnyeinthwin ပါ)



Download link (odin) >> http://kyawnyeinthwin.mediafire.com/?ycj3lsczgbqq2q6







လုပ်နည်းအပြည့်အစုံဖတ်ချင်လျှင် http://kyawnyeinthwin.mediafire.com/?96x6tnp2493clgx

အားလုံးအဆင်ပြေကြပါစေ





iOS Device များတွင် MMAS Website ကို Application Style သို့ပြောင်းလဲခြင်း…

iOS Device များတွင် MMAS Website ကို Application Style သို့ပြောင်းလဲခြင်း…:
ကျွန်တော်တို့ MMAS က Android Devices များအတွက် MMAP Application ကိုထုတ်ဝေပေးနိုင်ခဲ့သော်လဲ iOS များအတွက်ကတော့ Data Storage အခက်အခဲကြောင့်ထုတ်ဝေနိုင်ခဲ့ခြင်းမရှိပါဘူး။ဒါ့ကြောင့် iOS Devices ကိုကိုင်ဆောင်ထားသော MMAS ချစ်သူများအတွက် MMAS ကို App Style သို့ပြောင်းလဲအသုံးပြုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
1. Wifi (or) 3G တစ်ခုခုတော့ဖွင့်ထားရပါမယ်။(ခဏပါ..၂ မိနစ်တောင်မကြာဘူး..icon ရရင်ပြန်ပိတ်လိုက် :P   )
2. Download IconProject
3. Download MMAS Icon


ဒေါင်းလို့ရလာသော IconProject ကို install လုပ်ပါ။
MMAS icon ကို iTools ကိုအသုံးပြုပြီး iDevice ထဲသို့ထည့်ပါ။(iDevice ပေါ်မှ Screenshot ရိုက်ခြင်းဖြင့် Camera Roll ထဲသို့ထည့်ထားနိုင်ပါသည်။)
IconProject ကိုဖွင့်ပါ။Select Type>>URL (Homepage)ကိုရွေးပါ။

Enter URL တွင် www.myanmarmobileapp.com/mm/?cat=14  ကိုရိုက်ပါ။
(iOS App ခေါင်းစဉ်ဖြစ်သည်။ဒီနေရာမှာမိမိကြိုက်သောခေါင်းစဉ်ကိုပြောင်းလဲနိုင်သည်။)
Camera icon ကိုနှိပ်ပါ။Choose photo ကိုနှိပ်ပါ။စောစောကမိမိသိမ်းထားသော MMAS icon ကိုရွေးပါ။

Create >>Create လုပ်ပါမယ်။အောက်ကမြှားပုံလေးကိုနှိပ်ပြီး Add to Home Screen ကိုရွေးပေးပါ။
MMAS ဟုပြန်ရိုက်ပါ။(MMAS icon လေးပေါ်တဲ့အထိစောင့်ပါ။)ပြီးရင် Add လုပ်လိုက်တာနဲ့ MMAS icon လေး Home Screen မှာပေါ်လာမှာဖြစ်ပါတယ်။(Safari မှ Bookmark ကို icon ချိန်းလိုက်သည့်သဘောဖြစ်သဖြင့် Safari Browser ဖြင့်သာပေါ်လာမည်ဖြစ်သည်။)

IconProject ရဲ့တစ်ခြားလုပ်ဆောင်ချက်လေးတစ်ခုရှိသေးတယ်။ဖုန်းထဲမှာရှိတဲ့ Contact တွေကို Icon ပြောင်းပစ်ပြီး home screem ပေါ်တင်ထားနိုင်တယ်။Call,SMS,Mail စသည်ဖြင့်တိုက်ရိုက်လုပ်ဆောင်နိုင်တာတွေ့ရတယ်။ $ 0.99 သာရှိတဲ့ IconProject ကို iTunes Store မှာလဲဝယ်ယူနိုင်ပြီး MMAS မှာတော့ Free ရယူနိုင်ပါတယ်။



(ရွှင်လန်းချမ်းမြေ့ကြပါစေ။)
NickyPaing(MMAS)

Advanced Task Manager Pro v3.0.2

Advanced Task Manager Pro v3.0.2:
8H56G
ဒီကောင်လေးကတော့ အားလုံးသိကျတဲ့  အတိုင်းပဲ Advaced Manager Pro Update version လေးပါ ။ မိမိ ဖုန်းလေးကို အမြဲပေါ့ပါးနေအောင် စွမ်းဆောင်ပေးနေမှာပါ။ AndroidPhone အများစုဟာ သုံးနေတဲ့  Application လေးထဲကထွက်တာတောင်မှ
နောက်ကွယ်မှာ Run နေပါတယ်။ အဲဒီအတွက် Application လေးတွေ ပွင့်နေတာများနေတော့ ဖုန်းဟာ သုံးနေတုန်း လေးသွားတတ်ပါတယ် ။
ဒီကောင်လေးကို မိမိဖုန်းမှာ သွင်းထားမယ်ဆို အဲဒီနောက်ကွယ်က Run
နေတဲ့  Application လေးတွေကို ပိတ်ပေးပါလိမ့်မယ်ဗျ။


sfgsdfunnamed
sdfgsdfgertgfg

ပါ0င်တဲ့  Features တွေကတော့ အောက်ပါအတိုင်းပါ။
Features:

  • Task killer, kill selected tasks

  • Ignore apps when kill tasks

  • Auto kill tasks on every screen off

  • Regular kill

  • Startup Kill

  • One click task kill widget

  • Quick uninstaller

  • Show battery life

  • Support android 1.5/1.6/2.2/2.3/3.x/4.0

  • Ad Free


Android Version 1.6+ နဲ့  အထက်မှာ အသုံးပြုနိုင်မှာပါ။အောက်မှာဒေါင်းနိုင်ပါတယ်။
DROP BOX DOWNLOAD
BOX DOWNLAOD
ZIPPYSHARE DOWNLOAD

WE LOVE SHARING.

Sony Xperia 2011 Devices များအထွက်..အသစ်ထွက်…Jelly Beanအခြေခံ Xperia Launcher အလန်းလေးထည့်သွင်းရအောင်ဗျာ.. :D

Sony Xperia 2011 Devices များအထွက်..အသစ်ထွက်…Jelly Beanအခြေခံ Xperia Launcher အလန်းလေးထည့်သွင်းရအောင်ဗျာ.. :D:
beautifulICSrombanner_zpsea6493d5

အသစ်ထွက်လာတဲ့..Jelly Bean 4.1 အခြေခံ Xperia Launcher လေးကိုထည့်သွင်းရအောင်… :)
ICS 4.0.4 တင်ထားသော Device များတွင်သာအသုံးပြုနိုင်မှာပါ..။
2011 Xperia Devices များတွင်..အသုံးပြုနိုင်သည်ဆိုသော်ငြား…ကျနော်ကတော့.. Xperia Arc/Arc S မှာတွင်တင်ထားသောကြောင့်..အခြား Xperia .ဖုန်းတွင်…အသုံးပြုလိုပါက…Back up လုပ်ထားဖို့အရင်ဆုံးပြောပါရစေခင်ဗျာ… :)
ပထမဆုံး…Feature တွေအရင်လေ့လာနိုင်အောင်…Screen Short လေးတွေအရင်လေ့လာကြည့်ရအောင်ဗျာ… :D


image (1)








image


တင်ပုံတင်နည်းလေးကတော့…..
ဒါင်းလုပ်ဆွဲ၍ရလာသော com.sonyericsson.home.apk ကို……SD ကဒ်ထဲသို့ပြောင်းပါ။
root explorer ကိုဖွင့်ပြီး….ဒေါင်းလုပ်ဆွဲ၍ရလာသော com.sonyericsson.home.apkဖိုင်ကို Home.apk  လို့နာမည်ပြောင်းပါ..ထို့နောက်.. Home.apk ကြာကြာဖိထား လိုက်လျှင်ပေါ်လာသော MENU မှ COPY ဖြင့် ကူးပါ။
Root Explorer (Ro)   ပြောင်းပါ။
ထိုကူးယူထားသော Home.apk ကို System/App ဖိုဒါထဲထည့်ပါ။
မူရင်းရှိပီးသား Home.apk ပေါ်မှာ….Replace လုပ်ပါ။
Replace လုပ်ပြီးလျှင်….ထိုလုပ်ပြီးသား Home.apk   ပေါ်ကြာကြာဖိပြီးပေါ်လာသော MENU မှ… Permission Rw- r– r–ပြောင်းပေးပါ…..။
ပြီးလျှင်..မိမိဖုန်းကို… Reboot ချလိုက်ပါ။ပြီးဆုံးပါပြီ..။
တစ်ခုရှိတာက….နောင်…ဒီ launcher ကိုမနှစ်သက်၍ပြန်ပြောင်းလဲချင်ပါက..ပြောင်းလဲနိုင်အောင်….မူရင်း Home.apk ကို Back up လုပ်ထားပါ… :D

Xperia Launcher ဒေါင်းရန်


အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ…. :D

Ever Gollie(Myanmar Mobile User Group)
https://www.facebook.com/ever.gollie


Internal Memory နဲတယ်ဆိုတဲ့သူတွေအတွက် Apps တွေကို SD Card ထဲ installလုပ်နည်း

Internal Memory နဲတယ်ဆိုတဲ့သူတွေအတွက် Apps တွေကို SD Card ထဲ installလုပ်နည်း:
Internal Memory နဲ့တယ်ဆိုတဲ့သူတွေအတွက် Apps တွေကို SD Card ထဲ installလုပ်နည်း (By Lucifar Kwa….. From MMUG)
ဘော်ဒါတွေကိုဒီ app လေးနဲ့မိတ်ဆက်ပေးပါရစေဒီကောင်လေးက internal memory အရမ်းနဲတဲ့ဖုန်းတွေမှာ apps တွေသွင်းချင်ပေမယ့်နဲနဲသွင်းပြီး memory full လို့ပေါ်လာတာကိုအဆင်ပြေစေပြီး app များများသွင်းလို့ရမှာပါinternal storage များများပါတဲ့ဖုန်းတွေကတော့မလိုဘူးပေါ့ ကျနော် ACE ကိုင်တုန်းကဒီကောင်လေးသုံးပြီး apps တွေ 16 မျက်နှာလောက်အထိကိုသွင်းခဲ့ဖူးပါတယ်(internal stor
age နဲတဲ့ဘော်ဒါတွေကိုကိုယ်တွေ့ဖြစ်ခဲ့ဖူးလို့လဲကိုယ်ချင်းစာပါတယ်)
အော်ပြောဖို့မေ့နေလို့ ROOT လုပ်ထားမှရမှာနော် ကျနော် move to sd apk တွေအများကြီးတွေ့ဖူးတယ်သူတို့ကအားလုံးပေးမရွေ့ဘူးလေဒီကောင်ကတော့system app ကလွဲလို့ကျန်တာအကုန်ရွေ့လို့ရတယ်တခါလုပ်ထားပြီးရင်လဲနောက် install လုပ်လိုက်တဲ့apps တွေကိုလဲ တခါထဲ sd ထဲ install လုပ်ပေးတယ်ဗျာ

ကဲအရင်ဦးဆုံးဒေါင်းလိုက်ပါအုန်းဒေါင်းပြီးရင် install လုပ်လိုက်ပါ https://www.dropbox.com/s/82wz1qgdr7dsgkk/Move2SD%20Enabler-96.apk

usb debugging လုပ်ထားဖို့လဲလိုပါတယ်
install လုပ်ပြီးappထဲဝင်လိုက်ရင်ဒါမျိုးတွေ့ရမှာပါ
66169_422726157775835_684410766_a
i’ve read it ကိုနှိပ်ပြီးရင် next လုပ်လိုက်ပါ
ဒီပုံထဲကအတိုင်းပေါ်လာရင် external ကိုရွေးပေးလိုက်ပါ
643964_422726254442492_1835977636_a


ရွေးပြီးပေါ်လာတဲ့ superuser လေးကို ALLOW လုပ်ပေးလိုက်ပါ
ဒါဆိုရင်ဒါမျိုးလေးပေါ်လာမှာပါ
229958_422726404442477_2016314743_a yes လုပ်လိုက်ရင်တော့ mange apps ထဲဝင်ပြီး ကိုယ်ကြိုက်တဲ့ app ကိုရွေ့ လို့ရမှာပါ (အဲမဟုတ်ရင်လဲNo လုပ်ပြီး setting >> applications >> mange application ထဲဝင်ပြီးရွေ့ လို့ရပါတယ်)
198684_422726644442453_2126740813_aကဲဒါဆိုရပါပြီအားလုံးအဆင်ပြေပါစေဗျာ



//

မျက်စိအေးစေပြီး….လှပတည်ငြိမ်သော Theme လေးတွေနှစ်သက်သူတွေအတွက်ပါ :D (For Sony Xperia Arc/Arc S)

မျက်စိအေးစေပြီး….လှပတည်ငြိမ်သော Theme လေးတွေနှစ်သက်သူတွေအတွက်ပါ :D (For Sony Xperia Arc/Arc S):
signatureyq

Xperia 2011 Devices တွေရတယ်လို့ဆိုထားပါတယ်….ကျနော်ကတော့…Sony Xperia Arc/Arc S မှာပဲစမ်းသပ်ထားပါတယ်ခင်ဗျာ..။ကျန် Sony Devices များတွင်..စမ်းသပ်မည်ဆိုပါက...CWM ကနေ မိမိတို့ Rom ကို Back up အရင်လုပ်ထားစေချင်ပါတယ်.. :D
CWM ကနေ Installation 
လုပ်ရမှာမို့ပါခင်ဗျာ…. :)
ထည့်သွင်းနည်းကတော့……….မိမိတို့ဖုန်းမှာ…CWMတင်ထားပြီးဖြစ်ရပါမယ်………။ဖုန်းကိုပါဝါပိတ်လိုက်ပါ….။ပြီးဖုန်းပါဝါပြန်ဖွင့်လိုက်ပြီး…Sony Logo တတ်လာတဲ့အခါမှာ….Back Key(မြှားပုံလေး)ကိုဖိလိုက်လွှတ်လိုက်လုပ်ပေးပါ…..ထိုအခါ… CWM ထဲသို့ဝင်ရောက်သွားပါလိမ့်မည်……..။CWM ထဲတွင်…..Install From SD>Choose From SD>မိမိထားထားသော Zip ကို…..Enter(Home Key)ဖြင့်နှိပ်လိုက်ပါ…(အပေါ်အောက်သွားလာမှုအတွက်….Volume up& Volume Downကိုအသုံးပြုပါ)။ Install Complete ဆိုပြီးပေါ်လာပါက….Back Key(မြှားပုံလေး)ဖြင့်Reboot System now ကိုနှိပ်လိုက်ပါ……မိမိတို့ဖုန်းပါဝါတတ်လာအောင်….စောင့်ပါ…..Home Screen ကိုရောက်ပါက…….CWM ထဲသိ့ထပ်ဝင်ပါ…ပြီးနောက်…..Part 2 ကို Installလုပ်ပါ……..ထို့နောက်…ဖုန်းကို...Reboot ပြန်ချပါ….ပါဝါတတ်လာပြီး…Home Screenကိုရောက်ပါက….ပြီးဆုံးပါပြီ…ခင်ဗျာ..။

CSlHN

ဒေါင်းရန် >> ဒီနေရာကိုနှိပ်ပါ

4FTMY


ဒေါင်းရန် >> ဒီနေရာကိုနှိပ်ပါ

အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ:D


Ever Gollie(Myanmar Mobile User Group)
https://www.facebook.com/ever.gollie?ref=tn_tnmn

KGB Archiver

KGB Archiver:








ကွန်ပျူတာသမားတွေအတွက် ဒီဆော့ဝဲလေးကိုလည်းကြိုက်နှစ်သက်ကြမှာပါ။ KGB Archiver ဆိုတာကတော့ Zip ဖိုင်ချုံ့သလိုပဲ ဖိုင်ချုပ်/ချုံ့တဲ့ဆော့ဝဲလေးပါ။ Win-Rar ကိုအသုံးပြုပြီးဖိုင်ချုံ့တာထက် size သေးအောင်ဒီဆော့ဝဲလေးက ဆယ်ဆပိုပြီးချုံ့နိုင်ပါတယ်။ သုံးကြည့်ချင်သူများအောက်က link မှာရယူနိုင်ပါတယ်။
KGB Archiver အားရယူရန်







Internet Download Manager ( Portable) v 6.11

Internet Download Manager ( Portable) v 6.11:








ဖိုင်တွေကို Download လုပ်ရာမှာ အမြန်ဆန်ဆုံး download လုပ်ပေးနိုင်တဲ့ဆော့ဝဲဖြစ်တဲ့ Internet Download manager v6.11 (Portable version) ကိုတင်ပေးလိုက်ပါတယ်။ Portable ဖြစ်တဲ့အတွက် Member Stick ထဲမှာ ဒီအတိုင်းထည့်ထားလို့ရပြီး Install မလုပ်ဘဲသုံးနိုင်ပါတယ်။ သုံးချင်သူများအောက်က link မှာရယူနိုင်ပါတယ်။

Internet Download Manager ( Portable) v 6.11 အားရယူရန်








Tuneup Utilities 2013

Tuneup Utilities 2013:








Tuneup Utilities ဟာကွန်ပျူတာတွေအတွက် မရှိမဖြစ်အရေးပါတဲ့ ဆော့ဝဲလေးပါ။ အခု အသစ်ထွက် Tuneup Utilities 2013 ကိုတင်ပေးလိုက်ပါတယ်။ ကွန်ပျူတာကိုအမြဲပေါ့ပါးနေဖို့ဆို Tuneup Utilities 2013 ကိုသာတင်ထားလိုက်ပါ။ အောက်က link မှာရယူနိုင်ပါတယ်။
Tuneup Utilities 2013 အားရယူရန်
Tuneup Utilities 2013 Serial Keygen အားရယူရန်








Fast Pro for Facebook (Beta) v1.98 for Android

Fast Pro for Facebook (Beta) v1.98 for Android:










Android ဖုန်းတွေအတွက် facebook ဆော့ဝဲအသစ်လေးပါ။ ဒီဆော့ဝဲလေးနဲ့ facebook သုံးမယ်ဆိုရင် facebook သုံးရတာပိုမိုမြန်ဆန်ပါတယ်။ သိသိသာသာမြန်ပါတယ်။ ဒီဆော့ဝဲလေးကို Google Play မှာ ၁.၅ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီး Myanmar Mobile App Store မှာတော့ freedownload ရယူနိုင်ပါတယ်။ သုံးကြည့်ချင်သူများအောက်က link မှာရယူနိုင်ပါတယ်။
Fast Pro for Facebook (Beta) v1.98 for Android အားရယူရန်