Popular Posts

1/03/2013

Computer Hard Disk မှာ Scan Disk (or) Check Disk လုပ်ရခြင်းအကြောင်း

Computer Hard Disk မှာ Scan Disk (or) Check Disk လုပ်ရခြင်းအကြောင်း:
Hard Disk မှာ Scan Disk (or) Check Disk လုပ်ရခြင်းအကြောင်း





Scan Disk ဆိုတာကတော့ Hard Disk အတွင်းမှာရှိတဲ့ Folder တွေ၊ File တွေနဲ့ Free Space တွေ၊Lost Cluster စသည်များကို စစ်ဆေးပေးခြင်းဖြစ်ပါတယ်။ စာဖတ်သူ ကြုံဖူးမလားတော့ မသိ့ဘူး။ တစ်ခါတစ်လေ ကွန်ပျူတာ သုံးနေရင်းနဲ့ မီးပျက်သွားတဲ့အခါမှာ လက်ရှိသုံးနေတဲ့ Programနဲ့ File တွေမှာ Error ဖြစ်သွားနိုင်တယ်။ အဲဒီအခါမျိုးမှာ မီးပြန်လာလို့ ကွန်ပျူတာကိုဖွင့်လိုက်တာနဲ့Windows မတက်ခင် Auto Scan Disk (Chkdsk@Check Disk ) စစ်ပေးပါတယ်။ Windows က Autoလုပ်ပေးတာပါ။ ကျွန်တော်ဆို မစောင့်နိုင်လို့ ကျော်ကျော် ပစ်တယ်။ အဲဒီအခါ ဘာဖြစ်လဲဆိုတော့ အချိန်ကြာလာတာနဲ့အမျှ ဒီ Error တွေကို ဖြေရှင်းလို့ မရတော့ဘူးဗျ။ ဒါကြောင့် ကိုယ့်ရဲ့ ကွန်ပျူတာကို ပုံမှန် တစ်လ တစ်ခါလောက်ပဲဖြစ်ဖြစ် Scan Disk စစ်သင့်ပါတယ်။

Scan Disk ဆိုတာ Virus စစ်တာ မဟုတ်ဘူးနော် ။ တစ်ချို့က Computer Virus စစ်တာနဲ့ မှားတက်ကြတယ်။
Scan Disk စစ်မယ်ဆိုရင် Start > All Programs > Accessories > System Tools အောက်ကမှScan Disk (In Windows XP ) ကို Click နှိပ်ဝင်ပြီး စစ်ယုံပါပဲ။ Scan Disk မှာမှStandard နဲ့ Thorough ဆိုပြီး အမျိုးအစား နှစ်မျိုးရှိပါတယ်။ Standard ကတော့Folder , File , Free Space တွေမှာရှိတဲ့ Error တွေကို ဖြေရှင်း ပေးမှာ ဖြစ်ပါတယ်။

ပုံမှန်အတိုင်းဆိုရင်တော့ Standard နဲ့ပဲRun တာကောင်းပါတယ်။ Automatically Fixed Error ကိုလည်း On ထားဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒါမှ Error တွေ့တဲ့အခါ အလိုအလျှောက်ဖြေရှင်း သွားမှာပေါ့။ Standard ကို Run ရင်တော့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပဲ ကြာတယ်ဗျ။ နောက်တစ်ခုက ကိုယ့်ရဲ့ Hard Disk က အချိန်ကြာနေလို့ ၊ Bad Sector တွေရှိနေပြီဆိုရင်တော့Thorough run ဖို့ လိုပါတယ်။ သူကတော့ Hard Disk ရဲ့ မျက်နှာပြင်အထိကိုပါ စစ်ပေးပါတယ်။Thorough Run မယ်ဆိုရင်တော့ Bad Sector မှာရှိတဲ့ Data တွေကို ကောင်းတဲ့ Sector တွေစီကို ပို့ပေးပြီး အဲဒီနေရာကို Data ထပ်သိမ်းလို့ မရအောင် သက်မှတ်ပေးပါတယ်။ Thorough ကိုRun မယ်ဆိုရင်တော့ နာရီနဲ့ချီပြီး ကြာပါလိမ့်မယ်။ ကွန်ပျူတာ ကို ဘာအလုပ်မှ မခိုင်းတဲ့ အချိန်မျိုးမှာ အကောင်းဆုံးပါပဲ။

Windows 7 မှာဆိုရင်တော့ Computer မှာ ကိုယ်စစ်ချင်တဲ့ Hard Disk Partition (Eg: Local Disk (D:) ) ကို Right Click နှိပ်ပြီး အောက်ဆုံးက Properties ကို နှိပ်ပါ။ Properties box ကျလာရင် Tools အောက်က Chek Now ကို Click နှိပ်ပြီး Scan Disk ကို အသုံးပြုနိုင်ပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေ ..
 လေးစားစွာဖြင့် .. သူရ 
credit http://www.tramyanmar.net/2012/08/hard-disk-scan-disk-or-check-disk.html