Popular Posts

1/03/2013

iTune Store Free Account တစ်ခုလုပ်မယ် App Store

iTune Store Free Account တစ်ခုလုပ်မယ် App Store:
[ TIPS ]


iTune Store Free Account တစ်ခုလုပ်မယ်

i-Device တွေခေတ်စားလာတဲ့ ခေတ်ထဲမှာ အခုဆိုရင် ဘာပဲလုပ်လုပ် Jail Break လုပ်ထားတဲ့ i-Device တွေကလွဲပြီး ကျန်တဲ့ဟာတွေက iTune Store ကနေ Application တွေကို ထည့်သွင်းရတာဖြစ်တဲ့အတွက် ဆိုင်မှာ Free ပဲဖြစ်ဖြစ် Paid ပဲဖြစ်ဖြစ် ပိုက်ဆံပေးပြီး ထည့်သွင်း ပေးရပါတယ်။
...

Free Game တွေကိုသာ ထည့်သွင်းနေတဲ့ သူတွေဆိုရင် အလကားနေရင်း ပိုက်ဆံတွေကုန်တဲ့အတွက် i-Device တွေကို စိတ်ကုန်လာတတ်ပါတယ်။

အဲ့လိုမျိုး စိတ်မကုန်စေဖို့အတွက် iTune Store Free Account ကို လုပ်လို့ ရတဲ့ နည်းလေးကို ပြောပြ ပေးချင် ပါတယ်။
 
  အရင်ဆုံး http://www.apple.com/itunes/download/ မှာ iTune Software ကို Download ဆွဲပါ။ ပြီးရင် Install လုပ်ပေးပြီး iTune Software ကို ဖွင့်ပေးပါ။ ပြီးရင် ဘယ်ဘက် အခြမ်းမှာရှိတဲ့ Store အောက်မှာ iTune Store ဆိုတဲ့ဟာကိုနှိပ်ပေးပါ။

ပြီးရင် iTune Software မှာ အပေါ်နားလေးက App Store ဆိုတာကိုထက်နှိပ်ပေးပါ။

ညာဘက် ဒေါင့် Free App အောက်က Free Application တစ်ခုခုကို Free Download ဆိုတာလေးကိုနှိပ်လိုက်ရင် Sing in to download from the iTune Store ဆိုတဲ့ Box လေးပေါ်လာရင် Creat Apple ID ဆိုတာလေးကိုနှိပ်ပေးပြီး နောက် Page တစ်ခုမှာ Continue ကိုနှိပ်ပေးပါ။

ပြီးရင် Term and conditions ကို အပေါ်ကနေ အောက်ဆုံးကို ဆွဲချပေးလိုက်ရင် I have agree the term and conditions ဆိုတာလေးကို အမှန်ခြစ်လေး နှိပ်ပေးပြီး Agree ကိုနှိပ်ပေးပါ။

ပြီးရင် Provide Apple Id details အောက်မှာ လိုအပ်တာလေးတွေ ဖြည့်ပေးပြီးရင် Continue ကိုထက်နှိပ်ပေးပါ။ ပြီးရင် Provide a Payment Method ဆိုတဲ့ Page တစ်ခုပေါ်လာရင် Credit Card , Debit Card နာမည်တွေနဲ့ ပေါ်လာရင် တစ်ခုမှ မရွေးဘဲ None ဆိုတဲ့ ခလုတ်လေးကိုနှိပ်ပေးပါ။

ပြီးရင် Gift Card Serial Code ရှိရင် ထည့်ပေးပြီး မရှိရင် ထည့်စရာမလိုပါဘူး။ Billing Address အောက်မှာ လိုအပ်တာတွေ အကုန်ထည့်ပေးပါ။ Billing Address မှာတော့ လိပ်စာကို အတိအကျ ထည့်သွင်းပေးရမှာဖြစ်ပြီး မြန်မာလိပ်စာကို ထည့်သွင်းပေးလို့မရတဲ့အတွက် အင်တာနက်ပေါ်မှာ Hotel လိပ်စာဖြစ်ဖြစ် ဒါမှမဟုတ် အခြားလိပ်စာ တစ်ခုဖြစ်ဖြစ် ထည့်သွင်းပေးနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ Creat Apple ID ဆိုတာကိုနှိပ်ပေးပြီး Email Verify လုပ်ပေးလိုက်ရင် iTune Store Free Account တစ်ခုရမှာပါ။
.
credit The Voice Weekly