Popular Posts

1/03/2013

Program တွေ Uninstall လုပ်မရခဲ့ရင် ဖြေရှင်းနည်း ( Simple Way )

Program တွေ Uninstall လုပ်မရခဲ့ရင် ဖြေရှင်းနည်း ( Simple Way ):
Program တွေ Uninstall လုပ်မရခဲ့ရင် ဖြေရှင်းနည်း
ဟိုတစ်လောက ကျွန်တော့်သူငယ်ချင်း အင်္ဂလိပ်စာသင်တန်းက ကွန်ပျူတာမှာ Software တစ်ခု ဖြုတ်ချလို့ မရတဲ့ ပြဿနာ တစ်ခုကြုံတွေ့ခဲ့တယ်ဗျ။ အခု ဒီနည်းလေးနဲ့ လုပ်လိုက်တော့ အဆင်ပြေသွားတယ် ။ အဲဒါကြောင့် ခင်ဗျားတို့လဲ ကြုံတွေ့ခဲ့ရင် အဆင်ပြေအောင် ရေးလိုက်တာပါ။ Hardware သမားတွေ တော်တော်များများကတော့ သိ့ကြမှာပါ။ မသိ့သေးတဲ့ သူတွေ အတွက်ပေါ့ ။ တစ်ခါတစ်လေ ဖြစ်တက်ပါတယ်။ Virus ကိုက်သွားလို့ပဲ ဖြစ်ဖြစ် တစ်ခြား အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် Computer မှာ Software တွေ Uninstall လုပ်မရရင် ဒီနည်းလေးနဲ့ ဖြေရှင်းကြည့်လိုက် ပါ။
Step (1) Windows Key + R ကို နှိပ်ပြီး Run Box ကို ခေါ်လိုက်ပါ။ ပြီးရင် regedit လို့ရိုက်ပြီး Enter ခေါက်ပါ။

Step (2) Registry Editor Box ကျလာခဲ့ရင် HKEY_LOCAL-MACHINE\Software\Microsoft\Windows\ CurrentVersion\Uninstall အောက်မှာရှိတဲ့ မိမိ Uninstall လုပ်ချင်သော Software ကို Click နှိပ်လိုက်ပါ။
Step (3) ညာဘက်မှာရှိတဲ့ Box ထဲမှာ UninstallString file အား Double Click နှိပ်ပါ။ Value Data: အောက်မှာရှိတဲ့ Box တွင် C:\Program Files\Edraw Network Diagram\unins000.exe ကို Copy လုပ်ပြီး OK ပေးပါ။
Step (4) Start – Run Box ထဲတွင် C:\Program Files\Edraw Network Diagram\unins000.exe ကို Paste လုပ်ပြီး OK ပေးပါ
အဲဒါဆိုရင် Uninstall ကို ပုံမှန်အတိုင်း အဆင့်ဆင့် လုပ်ဆောင်လို့ ရသွားပါလိမ့်မယ်။
မှတ်ချက်။ ။ ကျွန်တော်ပြထားတဲ့ "C:\Program Files\Edraw Network Diagram\unins000.exe" ထဲက Edraw Network Diagram ဆိုတဲ့ နေရာမှာ မိမိ uninstall လုပ်မဲ့ program name ဖြစ်နေပါလိမ့်မယ်။

အဆင်ပြေကြပါစေ …. လေးစားစွာဖြင့် သူရ …..
credit http://www.tramyanmar.net/2012/01/program-uninstall.html