Popular Posts

1/03/2013

Android 4.2 တွင် Beanflinger ဖြင့် Unlock ပြုလုပ်ခြင်း

Android 4.2 တွင် Beanflinger ဖြင့် Unlock ပြုလုပ်ခြင်း:








Android 4.2 Version ဖြစ်တဲ့ Jelly Bean မှာ Feature အသစ်ဖြစ်တဲ့ Daydream ဆိုတဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ Daydream ဟာ Screensaver နဲ့ သိပ်မကွာခြားတဲ့ Feature တစ်ခု ဖြစ်ပါတယ်။ Daydream ကို အသုံးပြုမယ်ဆိုရင် Default အဖြစ် ငါးမျိုး ထည့်သွင်းပေးထားတာကို တွေ့ရမှာပါ။ Daydream Feature ကို အသုံးပြုပြီး သင့်ရဲ့ Android Device ကို Lock စနစ် ပြုလုပ်မယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။
Daydream ကို အသုံးပြုဖို့အတွက် ပထမဦးဆုံး သင့်ဖုန်းဟာ Android 4.2 ကို အထောက်အပံ့ပေးထားတဲ့ ဖုန်းအမျိုးအစား ဖြစ်ဖို့လိုပါတယ်။ လက်ရှိရောက်နေတဲ့ Firmware Version ကို ကြည့်ဖို့အတွက် Settings အောက်က About Phone ဆိုတဲ့နေရာကို ရွေးချယ်ပြီးဝင်ရမှာ ဖြစ်ပါတယ်။ About Phone ထဲကို ရောက်ပြီဆိုရင် Android Version ဆိုတဲ့ နေရာမှာ သင့်ဖုန်းရဲ့ Android Version ကို တွေ့ရမှာဖြစ်ပါတယ်။ 4.2 Version မဟုတ်သေးဘူ ဆိုရင်တော့ ပထမဆုံး Upgrade ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Upgrade ပြုလုပ်ဖို့အတွက် Settings အောက်က System Update ဆိုတာကို ရွေးချယ်ပေးရပါမယ်။ သင့်ဖုန်းအတွက် Android 4.2 Version ကို အထောက်အပံ့ ပေးထားပြီဆိုရင် System Update မှာသာ ပြသမှာ ဖြစ်ပါတယ်။ အဲဒီကနေ Download ပြုလုပ်ပြီး System Upgrade ပြုလုပ်သင့်ပါတယ်။ ဒီအဆင့်တွေ ပြီးပြီဆိုရင်တော့ သင့် Android Phone ဟာ Version 4.2 ကို ဖြစ်နေပါပြီ။ Android 4.2 Version ဖြစ်တဲ့ Jelly Bean မှာ Feature အသစ်ဖြစ်တဲ့ Daydream Feature ကို အသုံးပြုပြီး Bean- Flinger နဲ့ သင့် Hand Set ကို Unlock ပြုလုပ်ဖို့အတွက် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေအတိုင်း ပြုလုပ်ပေးရပါမယ်။
Settings ထဲက Display အောက်မှာ Daydream ဆိုတဲ့ Feature ကို အရင်ဆုံး သွားဖွင့်ထားရမှာ ဖြစ်ပါတယ်။ Daydream ကို ဖွင့်ပြီးပြီဆိုရင်တော့ နာရီနဲ့ ပြုလုပ်ချင်တာလား ဒါမှမဟုတ် Bean-Flinger, Colors, Currents, Photo Frame, Photo Table အစရှိတာတွေကို နှစ်သက်ရာ ရွေးချယ်ပြီး ထားနိုင်မှာ ဖြစ်ပါတယ်။ Bean Flinger ကို အသုံးပြုဖို့အတွက် Screen ရဲ့ အလယ်မျက်နှာပြင်ကို ဖိထားရပါမယ်။ ဖိနှိပ်ထားတဲ့အချိန်မှာ Jelly Bean ထည့်သွင်းထားတဲ့ Device ဟာ တုန်ခါမှုနဲ့အတူ တက်လာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ လှုပ်ရှားမှုတွေနဲ့ အလုပ်လုပ်နေတဲ့ Screen Saver ဆန်ဆန် Daydream Feature ကို သင့်ရဲ့ Device Screen အထက်မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Daydream Feature ဟာ Android Version 4.2 ပေါ်မှာသာ ပါဝင်တဲ့အတွက် Daydream ကို သုံးစွဲမယ့်သူတွေရဲ့ Android Device ဟာ Android Version 4.2 ကို အထောက်အပံ့ပေးတဲ့ Device တွေ ဖြစ်ဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။








ကိုးကား – အင်တာနက်ဂျာနယ်