Gtalk ထဲမှာ Gmail မသုံးပဲ ပုန်းရအောင် ...
Gtalk မှာ Invisible ဖြစ်အောင် Gmail က လုပ်တာတော့ လူတိုင်းသိပြီးသားပါနော် ။ ပုန်းနေတဲ့လူ ရှာတာလည်း သိပြီးသား နေမှာပါ။ (အခု ပြောမယ့် နည်းနဲ့ လုပ်ရင် ပုန်းနေမှန်း ရှာလို့ မသိနိုင်ပါ )။ Gmail မပါပဲ Invisible လုပ်ကြရအောင် ..။ အားသာချက်ကတော့ သုံးကြည့်ရင် သိမှာပေါ့ဗျာ .. ။ Gmail ထဲက talk ရတာ ဘယ်လောက်ဒုက္ခ ရောက်လဲ ပုန်းနေကျ လူတွေ သိမှာပေါ့။ ဒီ Software လေးက ကြာပါပြီ ။ ။ အောက် က PSI ဆိုတာလေး Download ချလိုက်ပါဦး ။
PSI

အဲဒါလေး Run လိုက်ရင်ပါ။ PSI က Connection လုပ်ဖို့ တစ်ခုခု ပေါ်လာရင် Cancel ပဲ ပေးလိုက်ပါ။ အောက်ပါအတိုင်း PSI အောက်ခြေက icon လေးကို နှိပ်ပြီး Account Setup ကိုဆက်နှိပ်လိုက်ပါ။

အောက်ပါအတိုင်း ပေါ်လာတဲ့ box မှာ Add ကိုနှိပ်ပါတယ်။

Name နေရာမှာ Google talk လို့ ဖြည့်လိုက်ပါတယ်။ Add ကိုနှိပ်ပါတယ်။

ID နဲ့ Password နေရာမှာ Gmail account တစ်ခု ကို ဖြည့်ပေးလိုက်ပါ။ ပြီးရင် Connection ဆိုတာကို ဆက်နှိပ်ပါ။

Manually ဆိုတာကို check ပေးပြီး အောက်ပါအတိုင်း Host မှာ talk.google.com လို့ ရေးလိုက်ပါ။ ပြီးရင် Save ။

အောက်ပါအတိုင်း ဖြည့်လိုက်တဲ့ nick ကို မြင်ရပါပြီ။ ...