Popular Posts

7/25/2012

129. ဓါတ်ပုံတစ်ပုံ၏ သမိုင်း

129. ဓါတ်ပုံတစ်ပုံ၏ သမိုင်း: “ ဓါတ်ပုံတစ်ပုံကို ဘာနဲ့ ဘယ်လို ရိုက်ထားတယ်။ ဒါကို ဘာနဲ့ ထပ်ပြင်ထားတယ် ဆိုတာကို အတိအကျ ဘယ်လို သိလို့ ရလဲ ” ဆိုပြီး ကျွန်တော့်ကို မေးလ်ထဲမှာ လာမေးထားသူ တစ်ယောက် အတွက် ဒီပို့စ်လေးကို ရေးပြီး တင်လိုက်ပါတယ်။ ကျွန်တော်က အကျွမ်းကျင်ကြီး မသိပါဘူး။ ဘယ်သူမှလည်း မသင်ပေးပါဘူး။ ကျွန်တော့်ဖာသာ လျှောက်ကလိရင်း သိထားတာလေးကို ပြောပြချင်ပါတယ်။ ဒီလို ပုံတွေကို Analysis လုပ်ပေးတဲ့ ဆော့ဝဲလ်လေးတွေ ရှိတယ်လို့ ဆိုပေမဲ့ ကျွန်တော် သေချာ မသုံးဖူးပါ။ ကျွန်တော်ကတော့ ဆော့ဝဲလ်နဲ့ အကူအညီ နဲ့ မဟုတ်ဘဲ ဒီအတိုင်း ကြည့်နည်းလေးကို သိသလောက် ပြောပြမှာပါ။
ဒီပို့စ်က ဘာအတွက်ကို ရည်ရွယ်တာလဲ ဆိုတော့ တစ်ခါတလေ ကျွန်တော်တို့ ဖြစ်တတ်ပါသည်။ ဓါတ်ပုံတွေက အများကြီး။ ဒီတော့ ဒီဓါတ်ပုံတွေကို ဘယ်ကင်မရာနဲ့ ရိုက်ထားတာလဲ ဆိုတာ မမှိတ်မိ ဖြစ်တတ်ပါသည်။ ထိုအခါမျိုးမှာ ပြန်ပြီး ရှာဖွေဖို့ သက်သက်ပါပဲ။ နောက်တစ်ချက်ကတော့ မသိသေးသော သူများအတွက်သာ ရည်ရွယ်ပါတယ်။ စလုပ်ကြည့်ရအောင်။ 

အောက်ပါ အတိုင်း ကိုယ်သိမ်းထားတဲ့ ဓါတ်ပုံတွေ ရှိနေတဲ့ ဖိုဒါလေးကို ဖွင့်လိုက်ပါ။

ပြီးရင် ကိုယ်ကြည့်လိုတဲ့ ဓါတ်ပုံမှာ Right Click ကို နှိပ်ပါ။ ပေါ်လာတဲ့ ဘောင်ထဲက Properties ဆို...