DoS ဆိုတဲ့  တိုက်ခိုက်မှုဟာ ယနေ့ခေတ်မှာ အင်တာနက် တိုက်ခိုက်ရေးသမားတို့ အသုံးပြုတဲ့  နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်.. Denial of Service ဆိုတဲ့အတိုင်း အတိုက် ခိုက်ခံရသူရဲ့ Computer သို့မဟုတ် Webserver ရဲ့ Bandwidth , CPU, Memory  အသုံးပြုမှုတွေက သာမာန်ပေးစွမ်းနိုင်တဲ့ ပမာဏထက် ပိုပြီးလိုအပ်တဲ့အတွက် Out of Service တွေ ဖြစ်ကုန်တာပါ။ ကြားဖြတ်၍ Resource အားလုံးကို  စားသုံးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ထပ်ပြီး ရှင်းအောင်ပြောရမယ်ဆိုရင်  ကျွန်တော်တို့က 
www.planetcreator.net ဆိုပြီး Browser မှာရိုက်ထည့်လိုက်ရင် နောက်မှာ အလုပ် လုပ်ပေးတာက 
www.planetcreator.net တင်ထားတဲ့ Webserver က အလုပ်လုပ် ဖြေကြား၊ ဖော်ဆောင်ပေးရတာဖြစ်ပါတယ်။ ဒီတော့ သာမာန်တောင်းဆိုမှုနဲ့ ပိုတဲ့  Fade Request တွေကို server ကပြန်လည်ဖြေကြား ပေးနေရတဲ့အတွက် Over Load ဖြစ်ကာ Server က ဆက်သွယ်မှုရပ်တန့်သွားရခြင်းဖြစ်ပါတယ်။
DoS တိုက်ခိုက်မှုမှာ သတ်မှတ်ထားတဲ့ Targeted System (Victim) နဲ့ ၄င်း  System ရဲ့ Port, network component, firewall ကို အတိအကျရွေးချယ်  တိုက်ခိုက်တာဖြစ်တဲ့ အပြင် printer တွေ Alarm System တွေပြတ်တောက်သွားအောင် တိုက်ခိုက်တာလည်းရှိပါတယ်....
ဒါကြောင့် DoS အတိုက်ခံရပြီဆိုရင်
* Network ရဲ့ စွမ်းရည်ကျဆင်းလာခြင်း (နှေးကွေးလာခြင်း)
* Website များကို အသုံးပြုတဲ့အခါ အသုံးပြု၍ မရခြင်း (တိုက်ခိုက်တဲ့သူက http server ကို request အမြောက်အများတောင်းဆိုခြင်းကြောင့်)
* spam mail တွေ အ၀င်များလာခြင်း ( Mail Server ပျက်စီးမယ်/တိုက်ခိုက်သူက  အချိန်တိုအတွင်းမှာ မေးလ်တွေ ထောင်ပေါင်းများစွာကို victim  အားပို့ဆောင်သောကြောင့်)
* Computer or Webserver များရဲ့ CPU & Memory Usage တွေ မြင့်တက်နေခြင်းတို့ကိုတွေ့ရနိုင်ပါတယ်။
တိုက်ခိုက်ပုံ
DoS ရဲ့ တိုက်ခိုက်ပုံကတော့ Peer to Peer တိုက်ခိုက်သလိုပါပဲ...  အထူးပြုလုပ်ထားတဲ့ DoS Tool တွေနဲ့ Vitim ရဲ့ host သို့မဟုတ် ip address  and port တွေကို အချိန်တို အတွင်းမှာ request ပေါင်းများစွာတောင်းဆို အသုံးပြုခြင်းပဲဖြစ်ပါတယ်။
တိုက်ခိုက်တဲ့ မှုကွဲတွေကတော့
* ICMP Flood
* Teardrop Attack
* Peer-to-Peer Attack
* Permanent Denial of Service
* Application Level Floods (IRC Floods)
* Nuke
* Distributed Attack
* Reflected Attack
* Degradation-of-Service
* Unintentional Denial of Service
* Denial of Service Level II
* Blind Denial of Service
DDoS ( Distributed Denial of Service) ဆိုတာ DoS ရဲ့ Advanced Version  တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပစ်မှတ် Server တစ်ခုကို flooding packets  ပေါင်းများစွားအာ
single network တစ်ခုကတင် မဟုတ်ပဲနဲ့ Multiple host  or network တွေကနေတိုက်ခိုက်တာပါ။ DDoS က ယနေ့ခေတ်အတွက် ကုရာ  နတ္ထိဆေးမရှိသလိုဖြစ်နေပြီး မိမိသုံး
တဲ့ Server ရဲ့ Security အားနည်းတာလည်း ဖြစ်နိင်သလို site ရဲ့ security စောင့်ကြည့်မူ့တွေအားနည်းမူ့ကြောင့်လည်း ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်စေ DoS နဲ့ DDoS ကိုကျွန်တော်တို့ ထပ်ပြီး အနည်းငယ် အကျယ်ချဲ့ ကြည့်ရအောင်.. ကျွန်တော်က လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ နှောက်ယှက်ချင်တယ်ဆိုရင်  အဲ့လူရဲ့ ဖုန်းနံပါတ်ကိုကောက်နိုပ်လိုက်မယ်.. ပြီးရင်  အဲ့လူနားထောင်လောက်တဲ့ အချိန်ကျမှ ဖုန်းကို ကောက်ချလိုက်မယ်..  ဒီလိုအကြိမ်အရေအတွက် များလာခဲ့မယ်ဆိုရင်  တစ်ဖက်ကလူလည်းအနှောက်အယှက်ဖြစ်မယ်... စိတ်ညစ်မယ်ပေါ့.. ဒါဟာ Attacker to  Victim တိုက်ရိုက် ဆက်နွယ်တဲ့ DoS နည်းလမ်းပဲ... ဒါပေမဲ့ Victim က  နည်းပညာကောင်းပြီး Attacker ရဲ့ ဖုန်းနံပါတ်လေးတစ်ခုတည်းကိုပဲ Block  လုပ်ထားလိုက်မယ်ဆိုရင် Attacker က  ခေါ်လို့ရမှာမဟုတ်တော့ဘူး ... ဒီလိုအချိန်မှာ Attacker က ထပ်လောင်း၍  တစ်ခြားနည်းလမ်းကိုသုံးလာလိမ့်မယ်.. အဲ့ဒါကတော့ Radio Station  တွေကနေပြီးတော့ လာမည့်ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်ပွဲအတွက် လက်မှတ်တွေကို  ဈေးနှုန်းချိုသာစွာရောင်းချနေတယ်... နောက်ထပ် ဘယ်နေရာမှာ  အန္တရာယ်နဲ့တွေ့နေတယ်.. ဒီလို Fade တွေကို Victim နဲ့  သတ်ဆိုင်တဲ့သူတွေကို သတင်းပေးလိုက်မယ်ဆိုရင် Victim ရဲ့  မိတ်ဆွေအပေါင်းအသင်းတွေကလည်း Victim ကို တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက် အကြောင်းကြား အသိပေးနေတော့မှာပါပဲ.. ဒါက Distributed လုပ်တယ်လို့ ခေါ်တယ်.. တစ်နည်းအားဖြင့် DDoS ပေါ့...
Distributed လုပ်တဲ့နေရာမှာ Attacker (Hacker) တွေက Malware, Virus  တွေနဲ့ဖြစ်စေ Fade Mail, Social Engineering နဲ့ဖြစ်စေ အွန်လိုင်းကို  ဖြန့်လိုက်ပါတယ်... ၄င်း Attacker ရဲ့ Malware,Virus တွေ  မိမိစက်ထဲကိုရောက်လာတာပဲဖြစ်စေ Social Engineering နဲ့ရောက်လာတာပဲ ဖြစ်စေ  မိမိရဲ့ စက်ဟာ Attacker ရဲ့ အသုံးချခံဖြစ်သွား ပါပြီ... ဒါကို Zombie  လို့ခေါ်ပါတယ်... ဒီ Zombie တွေဟာ ဟက်ကာတွေရဲ့ ခိုင်းစေတာကို လုပ်ဆောင်ဖို့  အချိန်တိုင်းအသင့်ရှိနေကြပါတယ်... ဒီလိုအွန်လိုင်းမှာ ဟက်ကာတွေ ရဲ့  အသုံးချခံနေရတဲ့ Zombie တွေက မနည်းပါဘူး။ ဒီအချိန်မှာ တိုက်ခိုက်မဲ့  Attacker (Hacker) က ၄င်းရဲ့ Zombie တွေကို အချိန်၊ နေရာ တွေကို  ညွန်ကြားပေးလိုက်တာနဲ့ Victim ကို အားလုံး Fade Request, Fade Mail တွေ ပို့ဆောင်ကြတာပါပဲ...
Fade Mail ဆိုတာက Mail Bomber ပုံစံမျိုး တစ်ကြိမ်မှာ မေးလ်ပေါင်း  သောင်းနဲ့ ချီပြီး ပို့ဆောင်နိုင်သလို ၄င်းကို Distributed  လုပ်ပြီးတိုက်ခိုက်တာလည်းရှိပါတယ်...   သာမာန် user တစ်ယောက်က ထိုသူသွားလည်တဲ့ Website (
www.abc.com) တစ်ခု ရှိတယ်ဆိုကြပါစို့ .. Attacker က ၄င်းရဲ့ Website မှာ စိတ်ဝင်စားစရာ ကြော်ငြာလေး တစ်ခုထည့်ထားမယ် ... ဒီအချိန်မှာ ၄င်း site (
www.abc.com) ကိုလာရောက်လည်ပတ်တဲ့သူတွေက ၄င်း ကြော်ငြာ်လေးကို နိုပ်လိုက်တိုင်းမှာ Attacker ကြိုတင်သတ်မှတ် ထားတဲ့ Victim ရဲ့ mail server ကို မေးလ်ပေါင်း မြောက်များစွာ  ပို့ကြပါလိမ့်မယ်... ဒီလိုအချိန်မှာ တစ်ဖက်က SMTP/POP စသည့် Mail Server  တွေက Down သွားနိုင်ပါ တယ်။
ဒါဟာ ရိုးရှင်းတဲ့ တိုက်ခိုက်မှုပဲရှိပါသေးတယ်...DoS and DDoS တိုက်ခိုက်မှုမှာ  'packet-forgery' ခေါ်တဲ့ packet အတုအယောင် ဖန်တီးခြင်း၊ 'IP spoofing' ခေါ်တဲ့ IP Address ကို packet နဲ့အတူပြောင်းလဲခြင်း စသည်အများကြီးရှိပါသေးတယ်..
ဒီနေရာမှာ Ethernet ဆိုတာကို နဲနဲလေး လူဗိန်းနားလည်လောက်တဲ့ ပုံစံနဲ့  ပြောပါမယ်.. Ethernet ရဲ့ System တွေဆက်သွယ်မှုမှာ "packets" frames လေးတွေ  ကရှိပါတယ် အဲ့ frame ထဲ destination address, source address type  field and data လေးတွေပါဝင်ပါတယ်... Ethernet address က 6 bytes ရှိပြီး  ၄င်းတို့ရဲ့ ကိုယ်ပိုင် Ethernet Address တစ်ခုစီ ရှိကြပါတယ်။ Ethernet  က အသုံးပြုတာက CSMA/CD (Carrier Sense and Multiple Access with Collision  Detection) ကိုအသုံးပြုတာဖြစ်တဲ့အတွက် ၄င်းတို့က Data  တစ်ခုပို့တော့မယ်ဆိုရင် ၄င်းပို့မယ့် Destination လမ်းကြောင်းပေါ်မှာ  သူပို့ဆောင်တဲ့ Data တွေ ရှိမရှိစစ်ပါတယ်... ရှိသေးရင် ခေတ္တခဏ စောင့်ပြီးမှ  ထပ်ပို့ပါ တယ်... ဒီလိုလုပ်တာကို Collision Detection လုပ်တယ်လို့ခေါ်ပါတယ်.. ဒီတော့  တစ်ခါပို့နိုင်ပြီး လက်ခံတာကတော့ အဆက်မပြတ်လက်ခံနိုင်တယ်ဆိုတဲ့ သဘောပေါ့....
ဒါကို ဥပမာတစ်ခုထပ်ပေးမယ်... Ethernet technology ဆိုတာ အမှောင်ခန်းထဲမှာ လူတွေဝိုင်းဖွဲ့ စကားပြောတာနဲ့တူပါတယ်...  အခန်းထဲမှာဘယ်သူပြောပြော အားလုံးက ကြားပါတယ်.. ဒါက Carrier Sense ဖြစ်ပါတယ်။ အခန်းထဲက လူတိုင်းက သူတို့  စိတ်ဆန္ဒရှိရင် ပြောဆိုနိုင်ပါတယ်.. ဒါက Multiple Access ဖြစ်ပါတယ်..  ဒါပေမဲ့ပြောတဲ့သူ တွေတိုင်းက ယဉ်ကျေးသိမ်မွေ့တဲ့အတွက် စကားပြောတဲ့  နေရာမှာ ဆင်ခြင်ကြတယ်ပေါ့... အကယ်၍ တစ်ယောက်က စကားပြောတဲ့အခါမှာ  နောက်တစ်ယောက်က ပထမတစ် ယောက်ရဲ့ စကားအပြီးကိုစောင့်ကြပြီး  ဘာမှမပြောပါဘူး... ဒါက Collision Detection ဖြစ်ပါတယ်။ အခန်းထဲမှာ ရှိတဲ့  လူတွေမှာ နာမည်ကိုယ်စီရှိကြပါတယ်.. ဒါက unique Ethernet address  ဖြစ်ပါတယ်... ဒီအချိန်မှာ အခန်းထဲက လူတစ်ယောက်က " Hello, brb, I'm  PlanetCreator " လို့ပြောရင် ဒါက Ethernet destination and source
address ဖြစ်ပါတယ်... ပြောမဲ့သူက အားလုံးကို ပြောချင်တယ်ဆိုရင် "Hello  everyone, I'm PlanetCreator" လို့ပြောပါလိမ့်မယ်.. ဒါက Broadcast Message  လို့ခေါ်ပါတယ် အဖြစ်အများဆုံးကတော့ ဒီအခန်းထဲမှာ ရှိတဲ့သူတွေအားလုံးက  တစ်ယောက်ကို တစ်ယောက် ယုံကြည်တဲ့အတွက် စကားကို လျို့ဝှက်ချက်မပါပဲ  ပွင့်ပွင့်လင်းလင်းပြောကြပါ တယ်... ဒါက non-encrypted data communication is common ဖြစ်ပါတယ်..
ဒီအချိန်မှာ အခန်းထဲကို လူစိမ်းတစ်ယောက်က ၀င်လာတယ်ဆိုပါစို့  ဒါကို (has tapped that Ethernet segment) လို့သတ်မှတ်မယ်... အထဲမှာပြောတဲ့သူတွေအားလုံးက လျို့ဝှက်ချက်မရှိပဲပြောသလို ၀င်ရောက်လာတဲ့ လူစိမ်းကလည်း စကားဝိုင်းကို မနှောက်ယှက်ပဲ ထိုင်ပြီးနားထောင်နေမယ်  .. ဒါကို Sniffing လုပ်တယ်လို့ခေါ်မယ်... ပြီးရင် အခန်းထဲက ပြန်ထွက်သွားမယ်... ဘာမှနှောက်ယှက်မှုမလုပ်ခဲ့တဲ့အတွက် သူ့ကို Detect လုပ်ဖို့ခက်ပါတယ်.. ဒီလောက်ပါပဲ...
ဒီအချိန်မှာ ၀င်ရောက်လာတဲ့ လူစိမ်းက အဆက်မပြတ်ပြောနေမယ်ဆိုရင် ဒါက DoS to  that segment of the Ethernet ဖြစ်တယ်လို့ခေါ်ပြီး သူတစ်ယောက်တည်းတင်သာမ က အခြားသူများကိုပါ စကားတွေ တစ်ပြိုင်နက်ထဲပြောအောင် လုပ်တယ်ဆိုရင် DDoS ပေါ့... ပြီးရင်  အခန်းတစ်ခုလုံး လက်ပံပင်ဇရပ်ဖြစ်သွားတော့ စကားဝိုင်းခေါ်တဲ့ server ပျက်ပြီပေါ့...
လူစိမ်းက ခဏကလို စကားတွေပြောတဲ့အခါ အခြားသူတစ်ယောက်လို အသံမျိုးနဲ့ ထပြီး  စကားပြောမယ်.. နောက်တစ်ခါ နောက်တစ်ယောက် လေသံနဲ့ အသံတုလုပ်ပြောမယ် ဆိုရင် ဒါက IP Spoofing လုပ်တယ်ခေါ်တယ်... ပြီးရင် နောက်တစ်ယောက်ကို  နာမည်အတုနဲ့ စကားတွေပြောနေမယ်ဆိုရင် packet forgery လို့ခေါ်တယ်...
သာမာန်အတွက် Attacker (Hacker) က How are you ? ဆိုတဲ့ မေးလ်ခွန်းကို  Server (Victim) က I'm fine ဆိုပြီးတစ်ခါဖြေနိုင်ပါတယ်။ ဒါပေမဲ့ Attacker  ဖန်တီးထားတဲ့ Zombie တွေက  တစ်ချိန်တည်း  တစ်ပြိုင်တည်း How are you? How are you? How are you? ဆိုပြီး  အုံလိုက်မေးတဲ့အခါ server က တစ်ယောက်ကိုဖြေကြားပေးပြီး နောက်တစ်ယောက်ကို  ဖြေကြားပေးဖို့ လုပ်ဆောင်ရပါတယ်... ဒီလိုဖြေကြားနေရတာများတော့ CPU တွေ RAM  တွေက မခံနိုင်တော့ပါဘူး။ ဒါကြောင့် ဆက်သွယ်မှုတွေ ပြတ်တောက်သွားတာပါ။ Server  Overload ဖြစ်ပြီး Data တွေ ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်။
DoS or DDoS attack ကိုဘယ်ကိုကာကွယ်မလဲ ဆိုတာကတော့  ရာနှုန်းပြည့်ကာကွယ်နိုင်တဲ့ နည်းလမ်းကို မတွေ့သေးပါဘူး။ ဒါပေမဲ့  ကောင်းမွန်တဲ့နည်းလမ်းတစ်ချို့တော့ရှိပါ တယ်...
* အမြဲတမ်းမိမိရဲ့ anti virus program ကို update လုပ်ပေးပါ
* Firewall အားမှန်ကန်၍ တင်းကြပ်သော rule များသတ်မှတ်ပါ...
* မိမိကွန်ပျူတာမှာ မလိုအပ်တဲ့ Intenet Port Number တွေကိုပိတ်ပါ.. ကွန်ပျူတာရဲ့ Port ကိုစစ်ရန် 
http://www.auditmypc.com/firewall-test.asp
* Email အား စနစ်တစ်ကျအသုံးပြုပါ... mail filtering ကိုအသုံးပြုပါ...
ဒီအတွက် အဓိက အနေနဲ့ကတော့ Firewall ကိုထပ်ပြီးပြောပါမယ်.. Firewall မှာ Hardware Firewall နဲ့ Software Firewall ဆိုပြီးရှိပါတယ်...
Hardware Firewall
ဒါကို Network Firewall လို့လည်းခေါ်ပြီး ယနေ့ခေတ် နောက်ဆုံးပေါ် ADSL  Router တွေမှာ တစ်ခါတည်းတွဲပြီးပါလာတတ်ပါတယ်... Coporate  လုပ်ငန်းတွေဆိုရင်တော့ Firewall Router တစ်ခုကို သီးသန့်ဝယ်ပြီး  ဆင်ထားတတ်ကြပါတယ်... Software Firewall ထက်စာရင် Hardware Firewall  ကပိုပြီးကောင်းမွန်ပါတယ်..
နောက်တစ်ခုက ဒါကတော့ DoS or  DDoS တွေကို ကာကွယ်ဖို့ ကောင်းမွန်တဲ့ Server ဖွဲ့စည်းမှုတစ်ခုပါပဲ...  အထဲမှာ Hardware Firewall အပြင် Load Balancer ဆိုတာကိုပါထည့်ထားပါ တယ်...
Load Balancer ကိုပြထားတာပါ...
အားလုံးကို အကျဉ်းချုပ်ပြီးပြောရမယ်ဆိုရင် DoS ဆိုတာ Attacker ကနေ Victim  ကို တိုက်ရိုက်တိုက်ခိုက်တယ်.. DDoS ဆိုတာကတော့ ကြားခံ Zombie ကိုမွေးပြီး  တိုက်ခိုက် တယ်... ဒီလောက်ပါပဲ...
Zombie & Botnet
Zombies ဆိုတာ ဟက်ကာရဲ့ အသုံးချခံတစ်ခုဖြစ်ပြီး Victim ကို ဟက်ကာရဲ့  ခိုင်းစေချက်အတိုင်း တိုက်ခိုက်ရတာဖြစ်ပါတယ်.. ဒါကြောင့် Zombie ရတယ်ဆိုတာ  malware ရတာလို့ဆိုနိုင်ပါတယ်.. Malware (zombie) ရထားတဲ့ ကွန်ပျူတာဟာ
* Sending spam     * Hack other computers     * Denial of service attacks     * Advertisement click fraud     * Phishing websites
စသည်တို့ကိုလုပ်ဆောင်ကြပါတယ်..
၎င်း Malware, trojan, virus ဟာ အသုံးချခံကွန်ပျူတာအတွင်းဝင်ရောက်ပြီး  အထဲမှာရှိတဲ့ Security တွေ၊ Antivirus တွေကို ပိတ်ကာ Hacker အနေနဲ့  Additional Programတွေ ထည့်သွင်းလို့ရအောင်၊ ၀င်ထွက်လို့ရအောင်  လမ်းဖွင့်ပေးပါတယ်... ဒီတော့ ၄င်း ကွန်ပျူတာက Hacker ရဲ့  အသုံးချခံလုံးလုံးဖြစ်ပြီး လိုအပ်တဲ့အခါ အသုံးပြုလို့ရအောင် Hacker တွေက ၄င်း Zombie လေးတွေကို စုထားတတ်ပါတယ်... ဒါကို botnet  လို့ခေါ်ဆိုနိုင်ပါတယ်.. bot ဆိုတဲ့အဓိပ္ပါယ်ကလည်း Robot လို Artificial  Intelligence ပေါ့... အခုလို Trojan တွေများလာခဲ့ရင် စေလိုရာစေ  ခိုင်းလို့ရပါပြီ... ဟက်ကာတွေက Zombie တွေသုံးပြီးတိုက်ခိုက်လိုက်တော့  သူတို့ကို လိုက်လံ Trace လိုက်ရတာ ခက်သွားတာ ပေါ့...
မိမိစက်က Zombie ဖြစ်နေပြီဆိုရင်တော့
၁။ မိမိ RUN လိုက်တဲ့ programs တွေက နှေးလာမယ်။
၂။ services တွေ (ဥပမာ http) high rate ကျလာမယ်။
၃။ များပြားလှသော connection requests တွေဟာ ကွဲပြားတဲ့ Networks တွေကနေ ၀င်လာမယ်။
၎။ မိမိရဲ့ site ကိုလာရောက်အသုံးပြုသူတွေက site ကို အသုံးပြုတဲ့ နေရာမှာ နှေးမယ်။
၅။ မိမိရဲ့ စက်ဟာ CPU load မြင့်နေလိမ့်မယ်။