Popular Posts

8/13/2012

Mobile Roaming Systerm

Mobile Roaming Systerm:

Roaming System ဆိုတာကတော့ မိုဘိုင်းဖုန်းတွေအတွက် ကွန်ရက်ပေါင်းစပ်ခြင်း၊ ကွန်ရက်တစ်ခုနဲ့တစ်ခုကို ပြောင်းလဲအသုံးပြုနိုင်ခြင်း အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့စနစ် တစ်ခုပဲဖြစ်ပါတယ်။ မိုဘိုင်းကွန်ရက်တွေကို တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီး အသုံးပြုနိုင်ဖို့အတွက် Roaming စနစ်ကို အသုံးပြုကြရပါတယ်။
ဘာကြောင့် Roaming စနစ်ကို အသုံးပြုကြရသလဲဆိုရင် တခြားနိုင်ငံတွေမှာဆိုရင် မိုဘိုင်းဖုန်းတွေအတွက် ကွန်ရက်ဝန်ဆောင်မှုပေးတဲ့ Service Provider တွေက တစ်ခုထက်မကတဲ့ အရေအတွက်ရှိပါတယ်။ အဲဒီလိုမျိုး မိုဘိုင်းဖုန်းကွန်ရက်တွေ အများအပြားရှိနေတဲ့ နိုင်ငံတွေမှာဆိုရင် Roaming စနစ်က အရေးပါပါတယ်။ ဥပမာအနေနဲ့ဆိုရင်တော့ Service Provider တစ်ယောက်ရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုကွန်ရက်ဟာ ရန်ကုန်တိုင်းအတွက်ပဲရှိတယ်ဆိုရင် ဒီကွန်ရက်ထဲမှာ အသုံးပြုနေတဲ့ဖုန်းတွေအတွက် အခြားကွန်ရက်တစ်ခုထဲကို သွားဖို့မဖြစ်နိုင်ပါဘူး။ CDMA 800 MHz ဖုန်းတွေ စတင်ချထားပေးစဉ်အချိန်တုန်းကလိုပဲ နယ်မြေသတ်မှတ်ချက်တွေနဲ့ ဖြစ်နေပါလိမ့်မယ်။
ရန်ကုန်နယ်မြေထဲကနေ အခြားကွန်ရက်တစ်ခုထဲကို သွားမယ်ဆိုရင်တော့ ကိုယ်သွားမယ့်နေရာအတွက် Roaming စနစ်ရှိနေဖို့ လိုအပ်ပါလိမ့်မယ်။ CDMA 800 MHz တွေကို 450 MHz ကွန်ရက်ထဲမှာ Roaming စနစ် အသုံးပြုခွင့်ပေးခဲ့တဲ့အတွက် CDMA 800 တွေဟာ နယ်မြေကန့်သတ်ချက်တွေမရှိတော့ပဲနဲ့ အခြားကွန်ရက်တစ်ခုထဲမှာ သွားရောက်အသုံးပြုနိုင်နေတာကလည်း Roaming စနစ်ကြောင့်ပါပဲ။ ဒီလိုမျိုးကွန်ရက်နှစ်ခုကို ပေါင်းစပ်ပေးထားခြင်းကို Roaming လို့ခေါ်တာပါ။ Roaming စနစ်မရှိဘူးဆိုရင်တော့ ကွန်ရက်တစ်ခုနဲ့တစ်ခု ပေါင်းစပ်အသုံးပြုလို့မရပါဘူး။ ဒါဆိုရင် ဖုန်းတွေဟာ သက်ဆိုင်ရာနယ်မြေတွေထဲမှာ အသုံးပြုနိုင်ပြီး သတ်မှတ်ကွန်ရက်ရဲ့ပြင်ပကို ထွက်ခွာနိုင်ဖို့ခက်ခဲပါလိမ့်မယ်။ တခြားပြည်ပနိုင်ငံတွေမှာဆိုရင် ဖုန်းလိုင်းကတ်ဝယ်ယူတာနဲ့ Roaming စနစ် အသုံးပြုမှာလား အသုံးမပြုဘူးလားဆိုတာကို မေးတာမျိုးတွေရှိပါတယ်။ တချို့ Service Provider တွေကလည်း တစ်ခါတည်း Roaming စနစ်ကို ထည့်သွင်းပေးထားတာမျိုးလည်း ရှိပါတယ်။
Ref: Myanmar Internet Journal