Popular Posts

8/13/2012

မျက်မှန် Dictionary

မျက်မှန် Dictionary:
                                                  (တခုစမ်းထားတာလေး)

မျက်မှန် Dictionary ကို ဟိုတနေ့က မိတ်ဆွေတစ်ယောက်က စကားပြောရင်းနဲ့ သူကပြောတယ်။ ဒီလောက် ခေတ်မီနေတာ Dictionary တွေလှန်ပြီး ဘာသာပြန်နေမဲ့ အစားရေးထားတဲ့ စာကို မျက်မှန်လေးတက်လိုက် တာနဲ့ ဒီမျက်မှန်ထဲ မှာအားလုံးကို ဘာသာပြန်ပေး လိုက်တာမျိုးရှိရင် ကောင်းမှာဆိုပြီး သူကပြောတယ်။ ဒါနဲ့ ပထမတော့ ရယ်စရာလိုလိုဘဲ ဖြစ်နိုင်မယ် လို့မထင်လိုက်မိဘူး...ရှိရင်လဲရှိမှာပေါ့ ဒါပေမဲ့လဲ တခါမှမကြား ဘူးခဲ့ဘူး ဒါနဲ့ ကျောင်းတက်နေရင်း ကျောင်းက တရုတ်သူငယ်ချင်း တစ်ယောက်က China dictionary app ကို Iphone ကနေထုတ်သုံးတယ်။ ဒါပေမဲ့ ထူးထူးဆန်းဆန်းသူက Iphone မှာပါတဲ့ Camera ကနေ English စာလုံးကို လိုက်ကြည်လိုက်တယ် ဒီအခါမှာ ဒီ English စာလုံးကို တရုတ်လို ဘာသာပြန်ပေးတာ တွေ့ရတယ် ဒီမှာ ကျွန်တော်ရဲ့မိတ်ဆွေတစ်ယောက်၏  ပြောတဲ့စကားကို 
ပြန်သတိရမိတယ်  တကယ်ကိုမှန်နေရောပါလား ဆိုပြီး ကျွန်တော်လဲ ပြန်ပြီးတော့ စမ်းကြည့်တာပေါ့ 
ပြီးတော့ English ကို လက်နဲ့ရေးထားတာလဲ camera နဲ့ပြန်ချိန်ပြီးတော့ translate လုပ်ပေးပါတယ်။ ဒါပေမဲ့ China ဘာသာတမျိုးဘဲ စုံတာရှိသေးတယ်။ English လိုပြန်ပြီး translate လုပ်တာတောင် မရှိသေးဘူး။ တကယ်ကို Cool တဲ့ APP လေးဖြစ်တဲ့ အကြောင်း iPHONE, iPOD TOUCH, iPAD 2 သမားတွေအတွက် ဝေမျှပေးလိုက်တာပါ။ ပထမ တော့ ကျွန်တော်က တရုတ် ဘာသာဘဲရတယ်ထင်တာ နောက်ကျတော့ english to Italy, Greek စတာတို့တော့ရတယ်။
မှာလဲ ရှိသလို၊
http://www.camtranslate.com/
Apps Store မှာ Cam Translator ဆိုပြီးရှာလို့ရတယ်။ပြီးတော့ camera translator လို့လဲရှာကြည့်ပါ။
တအားကိုနည်းသေးပါတယ် ခက်ခဲမယ်လို့လဲ ကျွန်တော်ထင်တယ်။ တကယ်ကို စိတ်ဝင်စားလေးပေါ့
စမ်းကြည့်လိုက်ကြပါ.


SBSangpi(စံပီး)

http://sbsangpi.com