Popular Posts

8/13/2012

Hacking ကာကွယ်နည်း

Hacking ကာကွယ်နည်း:

Hacking အကြောင်းကို ပြန်စကျရအောင်...ဆိုတော့ အဓိက ခေတ်စားနေတဲ့ Hacking နည်းလမ်းသုံးမျိုး
ကို ကျွန်တော် သိရသလောက် ပြန်ပြီး ရှင်းပြပေးပါမယ်။ ပြီးတော့ ဒီလိုမျိုးတွေကနေ ဘယ်လို ကာကွယ်ရ
မလဲ ဆိုတာကိုပေါ့။
အောက်ပါ Hacking ကို ကာကွယ်နည်းက ကျွန်တော်အနေနဲ့ Blogger.com တခုထဲကိုသာ
ရှင်းပြထားတာမို့ Blogger.com တခုထဲအတွက်လို့ ထင်နေမိပါမယ်။ မဟုတ်ပါဘူး ဒီ hacking ကာကွယ်နည်းက Gmail,Hotmail,Yahoo စတဲ့ e-mail account တွေ အားလုံးအတွက်ဖြစ်ပါတယ်။

Phishing
Key-logging
Social engineering
Primary email address hack
Phishing -ကတော့ website ကို တပုံစံထဲ အတုလုပ်ပြီး php code fake login page ကနေ Password ခိုးခြင်းဖြစ်ပါတယ်။ဒါကို ကျွန်တော် လေ့လာဖို့ လုပ်ထားတဲ့ တခုကိုပြပါမယ်။
အောက်ပါပုံစံလိုမျိုးစာ တခုပေါ့
"We have encounters that your blog had many traffic and visitors for last couple months. So that we want you to offer our blogger team advertisement on your blog.
if you interest to make money with us
click below link and verify
လိုမျိုးပေါ့ ဒါကတော့ ကျွန်တော်ရေးထားတာ ဆိုတော့ သိပ်ပြီး စိတ်ဝင်စားစရာမကောင်းပါဘူး၊
အများဆုံး စိတ်ဝင်စားပြီး အငိုက်ခံလိုက်ရတာက "Your password is expiring soon "
"Final Warning to Reset your password " စတာတွေ လိုမျိုး email subject နဲ့လာတက်ပါတယ် ဒီလိုမျိုးတွေမှာ ခံရတာများပါတယ်။
ဆိုတော့ ဒီလို Phishing လို့ ခေါ်တဲ့ Hacking ကို ဘယ်လိုကာကွယ်ရမလဲ
၁) ရောက်လာတဲ့ စာကိုသေသေချာချာ အချိန်ပေးပြီး ဂရုစိုက်ဖတ်ပါ။ ပြီးတော့ စာသားကိုကြည့်ရပါမယ် တအားကြီး လွန်လွန်ကဲကဲကြီး မလုပ်မနေရခိုင်းတာမျိုး၊ ချိန်းခြောက်စာမျိုး၊ အလကားပေးနေတာမျိုး စာသားတွေဆိုရင် ဒါဟာ hacking တိုက်စစ်ဆင်နေကြောင်းကို သတိထားရပါတယ်။
အရင်က ကျွန်တော်ရေးခဲ့ဖူးတဲ့ Online fishing ကိုလဲ ဖတ်ကြည့်ပါ။
နောက်တချက်က - Senter mail address ကို gmail က mail တခုကို ဖွင့်လိုက်ရင် ပေါ်လေးမှာ
Details ဆိုတာ ပါပါတယ်၊
ဒီမှာ Senter mail address ကိုကြည့်ပါ။ လိပ်စာက Blogger Support (Support@blogger.com)
ဆိုတော့ mail ခဏခဏကိုင်နေတဲ့ လူကိုတောင် ကြောင်သွားစေတာပေါ့ တကယ်ဘဲ Blogger.com က
စာပို့တင်လို့ဘဲ ထင်မိမှာဖြစ်ပါတယ်။ Support@blogger.com or Support@facebook.com စတာတွေ လုပ်ထားလို့ရပါတယ်။ဆိုတော့ အထင်မှား စရာရှိပါတယ်။


ဒါပေမဲ့ အထက်က ပုံမှာတွေ့သလိုမျိုးဘဲ ကျွန်တော် Support@gmail.com ဆိုပြီး စမ်းကြည့်တယ်။
ဒီမှာ Google(gmail) က အစွမ်းပြလိုက်တာပါဘဲ၊
"This message may not have been sent by: support@gmail.com Learn more Report phishing"
Gmail ကိုတော့ Phishing လုပ်လို့မရပါဘူး။ ဒီတချက်ကိုတော့ hacker တွေလဲ သတိထားကျနော်၊ :P
ဟဲဟဲ ....ဒါပေမဲ့လဲ ကိုယ့်ဖက်ကတော့ ဒီစာသား မပေါ်လဲဘဲ ဒီ စာသားက hacking လုပ်ပြီး ပို့တာလား၊
တကယ် gmail ကပို့တာလားကို ကိုယ့်ကိုတိုင် ဆုံးဖြတ်တက်ရပါမယ်။


နောက်တခု သတိပြုရမှာက အပေါ်မေးမှာ ကျွန်တော်ပြထားတဲ့ www.blogger.com/ads-verify/38432fksjdfah link ပါဘဲ ဒါကျွန်တော် အစမ်းလုပ်ထားတာပါ တကယ် blogger.com က လင့်
ကိုယူပြီးလဲ လုပ်လို့ရပါတယ်။ ဒီနေရာမှာ ကြည့်လိုက်ရင် အော်..တကယ် blogger.com ကပါလား။
မှားစရာရှိပါတယ်။ ဒါပေမဲ့ Html နဲ့ ပြန်ပြီး လင့်တဲ့နေရာမှာ သူတို့ရဲ့ fake login page ကို redirect link
ထားပါတယ်။ ဒါကြောင့် ကိုယ်က link ကို blogger.com မြင်တာနဲ့ တခါတည်း မနှိပ်လိုက်မိစေပါနဲ့။


ဟုတ်ပြီး ကျွန်တော် အထက်ကပြောခဲ့တဲ့ အချက်တွေကို သတိမထားမိဘဲ ကျော်လာခဲ့မိတယ်။ ယုံခဲ့မိတယ်။
ဆိုပါတော့ Login page ကိုရောက်လာပါပြီး
E.g " ဒီနေရာမှာ အထူးကိုသတိထားရပါမယ် ဒီက ဘာနဲ့တူသလဲဆိုတော့
အိမ်ချင်းတူတိုင်းလဲ မ၀င်နဲ့ လိပ်စာကိုသေချာကြည့်၊ လိပ်စာကိုသေချာမကြည့်ဘဲ အိမ်တူတိုင်း
ငါ့အိမ်ဘဲဆိုပြီး ၀င်ရင် အတွင်းထဲကလူတွေက ကိုယ့်ကို ၀င်ရိုက်ကြပါလိမ့်မယ်။"
ဒါက ဟာသ လိုလိုပေါ့ ကျွန်တော် စိတ်ကူးထဲမှာ ၀င်လာလို့ အခုရေးနေတဲ့ ပိုစ့်နဲ့ အကိုက်ဖြစ်တာနဲ့
ထည့်လိုက်တာ ဟုတ်ပြီး။
ဆိုတော့ ပေါ်က ပြောသလိုဘဲ အိမ်တူတိုင်းမ၀င်နဲ့ဆိုတာက
အခု အပေါ်မှာ မြင်နေရသလိုမျိုးဘဲ Blogger.com နဲ့တူတယ်ဒါပေမဲ့ ကျွန်တော်တို့ လိပ်စာကို သတိမထား
မိကြပါဘူး။.. အခုပေါ်ကပုံမှာ လိပ်စာကို ကြည့်ပါ။ လိပ်စာက တခြားဟာဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
ဒီမှာ ကိုယ့်က မသိဘဲ ID and password ကိုထည့်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ account က hack ခံလိုက်
ရပါပြီး အခိုးခံလိုက်ရပါပြီး။ ဆိုတော့ ဘယ်တော့ မဆို Gmail ဖြစ်ဖြစ်၊ blogger ဖြစ်ဖြစ်၊ Hotmail ဖြစ်ဖြစ်
Login page ကိုရောက်ပြီးဆိုတာနဲ့ လိပ်စာကို Check ဖို့ မမေ့နဲ့လို့ ပြောခြင်ပါတယ်။

ဟုတ်ကဲ အထက်ပါအချက်တွေအားလုံးကို မေ့သွားတယ်။ ကိုယ့် Password & ID လဲထည့်လိုက်မိပြီး
ဟုတ်ကဲ ဖြစ်တက်ပါတယ် ဒီလိုဖြစ်သွားတယ်ဆိုပါစို့ ဒီ fake login page က အစစ်မဟုတ်တဲ့အတွက်
ကိုယ့် ID & password မှန်လဲ ၀င်လို့ရမှာ မဟုတ်ပါဘူး။ ဆိုတော့ ကိုယ့်က ဒီမှာ ချက်ချင်းသတိရရပါမယ်။
ပြီးတော့ လိပ်စာ (website URL) ကိုချက်ခြင်း စစ်ရပါမယ်။ (www.gmail.com , www.hotmail.com)
လား ဆိုပြီးတော့ အကယ်၍ မဟုတ်ခဲ့ဘူးဆိုရင် အခုဖွင့်နေတဲ့ စာမျက်နှာကို ချက်ခြင်းပိတ်ပြီး
www.gmail.com ဆိုပြီး ရိုက်ကာ Gmail မှာ ကိုယ့်ရဲ့ Account ကိုဝင်ပါ။ ပြီးတာနဲ့ ချက်ချင်း
Password ကို ပြန် change ပါ။ ဒါမှာ သာလျှင် စိတ်ချရမှာ ဖြစ်ပါတယ်။
အခု Gmail ရဲ့ Security function အသစ်ကို ကြည့်ကြပါအုန်း၊ Turn On မလုပ်ရသေးရင်လဲ
ဒီမှာ ဖတ်ပြီးလုပ်ကြပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Function က သူများက ကိုယ့်ရဲ့ password သိရင်တောင်
ဝင်လို့မရနိုင်အောင် ထိန်းချုပ်ပေးထားတဲ့ အလွန်ကောင်းမွန်တဲ့ Function လေးဖြစ်ပါတယ်။