Popular Posts

8/13/2012

Application များအကြောင်း နားလည်သဘောပေါက်စေရန်

Application များအကြောင်း နားလည်သဘောပေါက်စေရန်:

Application ဆိုတာဘာလဲ?

စာဖတ်သူဟာ Application အသုံးပြုခြင်း (သို့) App အသုံးပြုခြင်းဆိုတာနဲ့ပတ်သက်ပြီး လူတွေပြောနေကြတာကို ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ တကယ်တမ်းမှာတော့ Application ခေါ် App ဆိုတာဟာ တိကျသေချာတဲ့လုပ်ဆောငင်ချက်များကိုပြုလုပ်စေနိုင်မယ့် Software အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Desktop နဲ့ Laptop ကွန်ပျူတာတွေအတွက် Application များကို Desktop Application များဟုခေါ်ဆိုနိုင်ပြီး မိုဘိုင်းထုတ်ကုန်တွေနဲ့ပတ်သက်တဲ့ Application များကိုတော့ Mobile Apps ဟုခေါ်ဆိုနိုင်ပါတယ်။ Application တစ်ခုကိုဖွင့်လိုက်တဲ့အခါမှာ ၄င်းဟာ OS အတွင်းမပိတ်မချင်းလုပ်ဆောင်ပါတယ်။ တစ်ချိန်တည်း တစ်ပြိုင်နက်အတွင်းမှာ Application တစ်ခုထက်ပိုပြီးအသုံးပြုခြင်းကိုတော့ Multitasking လို့ခေါ်ပါတယ်။

App ဆိုတာကတော့ Application ကိုဗန်းစကားအနေနဲ့အသုံးပြုထားတာဖြစ်ပါတယ်။ အထူသဖြင့် ရိုးရှင်းတဲ့ Application တွေကိုဈေးနှုန်းသက်သာစွာနဲ့ Download ပြုလုပ်နိုင်သလို အခမဲ့အနေဖြင့်လည်း ရရှိနိုင်ပါတယ်။ App အများစုကိုမိုဘိုင်းထုတ်ကုန်များနဲ့ TV များအတွက်ပါထောက်ပံ့ပေးထားပါတယ်။
မရေမတွက်နိုင်လောက်အောင်များပြားတဲ့ Desktop Application တွေကိုကွဲပြားခြားနားတဲ့အမျိုးအစားဖြင့် တွေ့ရှိနိုင်ပါတယ်။ တချို့ Application တွေဟာ Microsoft Word လိုမျိုးအပြည့်အ၀အသုံးချနိုင်ပြီး တချို့ကိုတော့ Gedget တွေလိုမျိုးဖြင့်သာ အသုံးပြုနိုင်ပါတယ်။ အသုံးပြုသင့်တဲ့ Desktop Application များဖြစ်ပါတယ်။

Word Processors : Word Processor ကတော့ စာတစ်စောင်ရေးသားခြင်း၊ လက်ကမ်းကြော်ငြာတစ်စောင်ပြုလုပ်ခြင်းနဲ့ အခြား Document များဖန်တီးခြင်းတို့ကိုပြုလုပ်နိုင်စေပါတယ်။ ထင်ရှားတဲ့ Word Processor ကတော့ Microsoft Word ပါ။
Personal Finance : Quicken လိုမျိုး Personal Finance ဆော့ဖ်ဝဲကတော့ အသုံးပြုသူရဲ့ဝင်ငွေနဲ ထွက်ငွေများကိုခြေရာခံခြင်း၊ ၀င်ငွေထက်ငွေစာရင်း ဖန်တီးခြင်းစတာတွေကို ပြုလုပ်နိုင်ပါတယ်။ Personal Finance ပရိုဂရမ်အများစုဟာ ဘဏ်ကအချက်အလက်တွေကိုအလိုအလျောက် Download ပြုလုပ်ပေးနိုင်တဲ့အတွက် အရောင်းအ၀ယ်ကိစ္စရပ်အားလုံးကို အချိန်ကုန်စရာမလိုဘဲပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Web Browser : Web Browser ဆိုတာကတော့ World Wide Web ကိုအသုံးပြုနိုင်စေမယ့် Tool တစ်ခုပါ။ ကွန်ပျူတာအများစုမှကြိုတင်ထည့်သွင်းပေးထားတဲ့ Web Browser တစ်ခုပါဝင်လေ့ရှိပေမယ့် သုံးစွဲသူအနေနဲ့ ကွဲပြားတဲ့အခြား Browser တစ်ခုကို Download ပြုလုပ်ပြီးသုံးနိုင်ပါတယ်။ အသုံးများတဲ့ Browser များကတော့ Internet Explorer, Firefox, Google Chrome နဲ့ Safari တို့ဖြစ်ပါတယ်။
Games : ကွန်ပျူတာပေါ်မှာကစားနိုင်တဲ့ ဂိမ်းဟာ Solitaire လိုဖဲချပ်ဂိမ်းတွေကနေ Halo 2 လိုအက်ရှင်ဂိမ်းတွေအထိမြောက်မြားစွာရှိပါတယ်။ တချို့အက်ရှင်ဂိမ်းတွေက တွက်ချက်မှုစွမ်းအင်များစွာလိုအပ်တဲ့အတွက် အသုံးပြုသူထံမှ ခေတ်မီတဲ့ကွန်ပျူတာအသစ်တစ်လုံးမရှိမခြင်း ၄င်းဂိမ်းတွေကို ကစားနိုင်မှာမဟုတ်ပါဘူး။

Media Player : တကယ်လို့ အသုံးပြုသူဟာ Mp3 နားထောင်ခြင်းနဲ့ Download ပြုလုပ်ထားတဲ့ရုပ်ရှင်ကြည့်ရှု့ခြင်းစတာတွေကိုပြုလုပ်လိုတဲ့အခါမှာ Media Player တစ်ခုရှိရန်လိုအပ်ပါတယ်။ နာမည်ကျော် Media Player တွေကတော့ Window Media Player နဲ့ iTunes တို့ဖြစ်ပါတယ်။
Gedgets : Gedget တွေကိုတစ်ခါတစ်ရံမှာ Widget လို့လည်းခေါ်ဆိုနိုင်ပါတယ်။ ၄င်းက ရိုးရှင်းတဲ့ Application တွေဖြစ်ပြီး Desktop (Mac တွင် Dashboard) ပေါ်မှာတင်ကာအသုံးပြုနိုင်ပါတယ်။ ကွဲပြားခြားနားတဲ့ Gedget အမျိုးအစားမြောက်မြားစွာရှိပြီး အဲ့ဒိအထဲမှာ ပြက္ခဒိန်များ၊ ဂဏန်းတွက်ချက်စက်များ၊ မြေပုံများနဲ့ သတင်းခေါင်းစဉ်များ စတာတွေပါဝင်ပါတယ်။
Desktop Application များကိုထည့်သွင်းခြင်း
Application တစ်ခုကို အသုံးပြုလိုတဲ့အခါမှာ အဲ့ဒိ Application ကိုကွန်ပျူတာမှာထည့်သွင်းဖို့ လိုပါတယ်။ ယေဘုယျအားဖြင့် Installation ပြုလုပ်တဲ့အခါမှာ ရိုးရှင်းပါတယ်။ Installation Disc တစ်ချပ်ကိုထည့်သွင်းပြီး Screen ပေါ်မှာ ပေါ်လာတဲ့ညွှန်ကြားချက်အတိုင်းလိုက်လံပြုလုပ်ရုံပါပဲ။ အင်တာနက်ပေါ်မှာ Download ပြုလုပ်ထားတဲ့ Software တွေကို Install လုပ်ချင်တယ်ဆိုရင်တော့ အဲ့ဒိ Software ကို Download လုပ်ပြီးတာနဲ့ Double Click နှိပ်ကာ Screen ပေါ်မှာ ပေါ်လာတဲ့လမ်းညွန်ချက်အတိုင်း ပြုလုပ်ခြင်းဖြင့် ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် Application အများစုမှာ Installation လမ်းညွန်ချက်များနဲ့ အခြားအချက်အလက်တွေပါဝင်တဲ့ Readme ဖိုင်တစ်ခုပါဝင်လေ့ရှိပါတယ်။
Download ပြုလုပ်ထားတဲ့ Software တွေကိုထည့်သွင်းလိုတဲ့အခါမှာ အဆိုပါ Software တွေမှာဗိုင်းရစ်စ် နဲ့ အခြား Malware တွေကို သတိပြုဖို့လိုပါတယ်။ တကယ်လို့ အသုံးပြုသူမှာ Antivirus Program တစ်ခုရှိမယ်ဆိုရင် Download လုပ်ထားတဲ့ Software ကို Installation မလုပ်ခင် စစ်ဆေးဖို့လိုပါတယ်။

ဖိုင်များကို Application များဖြင့် ဖွင့်ခြင်း
Application အများစုကို တစ်ခုထက်ပိုတဲ့ ဖိုင်အမျိုးအစား (File Format) တွေကိုဖွင့်နိုင်ရန်အတွက် ပြုလုပ်ထားပါတယ်။ ဥပမာအနေနဲ့ Microsoft Word ဟာ Word Document တွေကိုဖန်တီးခြင်းနဲ့ ပြင်ဆင်ခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။ တကယ်လို့ သင့်တော်စေမယ့် Application အမျိုးအစားမရှိဘူးဆိုရင် File ကိုဖွင့်နိုင်မှာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ Access 2010 လေ့ကျင့်ခန်းတွေကို လေ့လာသူတွေဟာ နမူနာ Database ကိုဖွင့်ရန်အတွက် Microsoft Access ကိုထည့်သွင်းထားဖို့လိုပါတယ်။
ဖိုင်တစ်ခုကိုဖွင့်ဖို့ အဓိကနည်းလမ်းနှစ်မျိုးရှိပါတယ်။
ကွန်ပျူတာပေါ်မှာ ဖိုင်ကိုရှာဖွေပြီး Double Click နဲ့ဖွင့်ခြင်းကတော့ ဖိုင်ကို Default Program နဲ့အသုံးပြုခြင်းဖြစ်ပါတယ်။
Application ကိုဖွင့်ပြီးတဲ့အခါမှာ Application နဲ့ဖွင့်မယ့်ဖိုင်ကိုဖွင့်ရမှာပါ။ ယင်းကဲ့သို့ပြုလုပ်ရန်အတွက် Application ကိုဖွင့်ပြီးတာနဲ့ Screen ထိပ်ဘက်ပိုင်းရှိ File Menu ကိုနှိပ်ပြီး Open ကိုနှိပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ အသုံးပြုမယ့် Application ကိုရွေးချယ်နိုင်သလို တချို့ဖိုင်တွေကလည်း ကွဲပြားခြားနားတဲ့ Application တွေနဲ့ဖွင့်နိုင်တာကြောင့် အသုံးဝင်တဲ့နည်းလမ်းလို့ဆိုရမှာဖြစ်ပါတယ်။ တကယ်လို ဖိုင်အမျိုးအစားကိုမသိဘူးဆိုရင်တော့ ဖိုင်နာမည်ရဲ့အဆုံးမှာရှိတဲ့ extension ကိုကြည့်ပါ။ တချို့ကွန်ပျူတာတွေမှာ ဖိုင် Extension ကို Hidden လုပ်ထားနိုင်တာကြောင့် Icon တွေကိုကြည့်ပြီး File Format တွေကိုဆုံးဖြတ်တတ်ဖို့လိုပါတယ်။

မိုဘိုင်း Application များ
Desktop နဲ့ Laptop ကွန်ပျူတာတွေဟာ Application တွေသုံးနိုင်တဲ့ထုတ်ကုန်ပစ္စည်းတွေ မဟုတ်ပါဘူး။ SmartPhone တွေနဲ့ Tablet ကွန်ပျူတာတွေလိုမျိုး မိုဘိုင်းထုတ်ကုန်တွေအတွက်လည်း Download လုပ်ပြီးသုံးနိုင်တဲ့ App တွေရှိပါတယ်။ မိုဘိုင်း App နမူနာတချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
RedLaser: RedLaser ကတော့ ဈေးဝယ်ထွက်တဲ့အခါမှာ ဈေးနှုန်းတွေကို နှိုင်းယှဉ်လေ့လာနိုင်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ အလုပ်လုပ်ပုံကတော့ ဖုန်းမှာပါဝင်တဲ့ ကင်မရာကိုအသုံးပြုပြီးဝယ်ယူလိုတဲ့ ပစ္စည်းရဲ Barcode ကို Scan လုပ်ပြီးတဲ့အခါမှာ သင့်လျော်တဲ့ဈေးနှုန်းကို App က Web ပေါ်မှာရှာဖွေပေးမှာဖြစ်ပါတယ်။
Word Lens : Word Lens ကတော့ ဘာသာပြန်ဆိုပေးနိုင်တဲ့ App တစ်ခုပါ။ RedLaser လိုပဲ ဖုန်းရဲ့ကင်မရာကိုအသုံးပြုပြီး ဘာသာပြန်ဆိုလိုတဲ့ Sign, Menu နဲ့ အခြားစာသားတွေကို ရိုက်လိုက်တဲ့အခါမှာ အသုံးပြုသူအတွက် ဘာသာပြန်ထားတာတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။
Foursquare : တကယ်လို အသုံးပြုသူဟာစားသောက်ဆိုင် (ဒါမှမဟုတ်) ကုန်တိုက်လိုနေရာများသို့ သွားရောက်တဲ့အခါ အနီးအနားမှာရှိတဲ့ သူငယ်ချင်းတွေကို Foursquare ကစစ်ဆေးရှာဖွေပြီး အသုံးပြုသူထံသတိပေးအကြောင်းကြားမှာဖြစ်ပါတယ်။ ဒါ့အပြင် Foursquare ဟာဖုန်းမှာပါဝင်တဲ့ GPS ကိုအသုံးပြုပြီး အနီးအနားက စီးပွားရေးလုပ်ငန်းစာရင်းကိုရှာဖွေပေးပြီး ယခင်ကမရောက်ဖူးတဲ့ နေရာတွေကိုရှာဖွေဖော်ပြပေးမှာဖြစ်ပါတယ်။

အစဉ်အလာအရ Application တွေနဲ့ မိုဘိုင်း App တွေရဲ့ဈေးနှုန်းဟာသက်သာလေ့ရှိပါတယ်။ Application အများစုရဲ့ဈေးနှုန်းက ၉၉ ဆင့်သာရှိပြီး အများစုကိုတော့ အခမဲ့အနေဖြင့်ပါ ရရှိနိုင်ပါတယ်။ တကယ့်လိုအသုံးပြုသူရဲ့ မိုဘိုင်းထုတ်ကုန်ဟာ အင်တာနက်ချိတ်ဆက်ထားပါက App တွေကို မိုဘိုင်းထုတ်ကုန်တွေပေါ်ကို တိုက်ရိုက် Download ပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ကွန်ပျူတာပေါ်ကို တိုက်ရိုက်ပြုလုပ်ပြီး မိုဘိုင်းထုတ်ကုန်များထံ လွှဲပြောင်းနိုင်ပါတယ်။
Ref: Myanmar Internet Journal