Popular Posts

8/13/2012

Windows ပေါ်မှာ Ubuntu Linux ကို ဘယ်လို Install လုပ်ပြီး run မလဲ

Windows ပေါ်မှာ Ubuntu Linux ကို ဘယ်လို Install လုပ်ပြီး run မလဲ:


တခြား hard drive တစ်ခု ထပ်မထည့်ဘဲ၊ ဒါမှမဟုတ် ရှိတဲ့ hard drive ကို Partition ထပ်မပိုင်းဘဲ၊ dual boot မလုပ်ဘဲ Ubuntu Linux ကို စမ်းကြည့်ချင်ပါသလား။ ဒီလမ်းညွှန်ချက် အဆင့်ဆင့်ကနေ Windows ပေါ်မှာ Virtual Machine အဖြစ်နဲ့ Ubuntu Linux ကို ဘယ်လို run နိုင်မလဲ ဆိုတာပြောပြပါမယ်။
Virtual Machine သုံးတာရဲ့ အဓိကအကျိုးကျေးဇူးကတော့ Linux community က free ပေးတဲ့ Ubuntu Linux ရဲ့ ဆော့ဖ်ဝဲ library ကြီးတစ်ခုလုံးကို Windows နဲ့တပြိုင်တည်း အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ နောက် Windows user တစ်ယောက်ဖြစ်ခဲ့ရင် Ubuntu နဲ့ကွဲပြားခြားနားချက်တွေ၊ လုပ်ဆောင်နိုင်စွမ်းတွေကို ချက်ချင်းနှိုင်းယှဉ် လေ့လာကြည့် နိုင်ပါတယ်။
မှတ်သားရမယ့် အချက်တစ်ခုကတော့ Virtual Machine ပေါ်မှာ run တဲ့ “guest” Operating System က ဘယ်လောက်မြန်မြန် “host” (primary) OS ကိုမမီနိုင်ပါဘူး။ Virtual Machine ပေါ်မှာ ဟာ့ဒ်ဝဲတော်တော်များများက emulate လုပ်ထားတဲ့အတွက် အသုံးပြုတပ်ဆင်ထားတဲ့ တကယ့် ဟာ့ဒ်ဝဲ device တွေရဲ့ feature တွေအားလုံးမရနိုင်ပါဘူး။ ဥပမာ - Primary OS Windows ပေါ်မှာ စိတ်ကြိုက် နောက်ဆုံးပေါ် ဂရပ်ဖစ်ကတ် တပ်ဆင် ထားတယ်ဆိုရင် ဒီဂရပ်ဖစ်ကတ်အမျိုးအစားရဲ့ speed နဲ့ performance က Windows ပေါ်မှာသာ ရနိုင်ပါတယ်။ Virtual Machine ပေါ်က “guest” OS မှာတော့ ဒီကတ်အမျိုးအစားကို Standard default ကတ်တစ်ခုအနေနဲ့သာ တွေ့မြင်ရပြီး speed နဲ့ performance ကလည်း standard လောက်သာရမှာ ဖြစ်ပါတယ်။ ဒါတွေက သိပ်တော့ အရေးမကြီးပါဘူး။ တကယ်အကျိုးရှိတာက Windows နဲ့ Ubuntu ကိုတစ်ပြိုင်တည်း သုံးနိုင်တာပဲ ဖြစ်ပါတယ်။
လိုအပ်ချက်များ
နည်းလမ်းတွေအများကြီး၊ ရွေးချယ်စရာ Virtual Machine ဆော့ဖ်ဝဲတွေ အများကြီးထဲကမှ အခု ရွေးချယ်မှာတော့ Ubuntu Linux ကို မိုက်ကရိုဆော့ဖ်ရဲ့ Virtual PC 2007 ပေါ်တင်မှာ ဖြစ်ပါတယ်။ အခုလို OS နှစ်မျိုးသုံးချင်တယ် ဆိုရင် တခြား Virtual Machine ဆော့ဖ်ဝဲတွေလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။


လိုအပ်တာတွေကတော့
- Windows XP ၊ ဒါမှမဟုတ် Vista
- လုံလောက်တဲ့ processor (အနည်းဆုံး 1.5GHz ၊ ဒါမှမဟုတ် dual core)
- အနည်းဆုံး 1GB ပမာဏရှိတဲ့ RAM
- Microsoft Virtual PC 2007 ( အခမဲ့ရနိုင်ပါတယ်။) download page မှာပြောတာက XP Professional edition လိုတယ်လို့ပြောပါတယ်။ ဒါပေမဲ့ တော်တော်များက Home edition မှာအလုပ်လုပ်တယ်လို့လည်း သိရပါတယ်။
- ပြီးတော့ Ubuntu ရဲ့ နောက်ဆုံး version လိုပါတယ်။ (ဒီအချိန်မှာရှိတာက 7.10 ပဲထွက်ပါသေးတယ်။) Ubuntu site က ISO ဖိုင်ကို စီဒီပေါ်မှာ write လိုက်ပါ။

Microsoft Virtual PC 2007 ပေါ်မှာ Ubuntu install လုပ်ပုံအဆင့်ဆင့်
၁။ Windows ထဲမှာ install လုပ်ပြီးသား Virtual PC ပရိုဂရမ် ကိုဖွင့်ပါ။ Virtual PC console ပွင့်လာရင် New ကိုနှိပ်ပါ။ New Virtual Machine Wizard ပေါ်လာပါလိမ့်မယ်။ Next ကိုနှိပ်လိုက်ပါ။

၂။ New Virtual Machine Option ကိုရွေးပြီး Next ကိုနှိပ်ပါ။
၃။ နာမည်ကို “Ubuntu Linux” လို့မေးပြီး Next ကိုနှိပ်ပါ။
၎။ OS type မှာ “other” ကိုရွေးပြီး Next ကိုနှိပ်ပါ။
၅။ RAM ပမဏကိုအနည်းဆုံး 256MB ထားပါ။ ဒါပေမဲ့ 512MB နဲ့အထက်ဆိုရင် ပိုကောင်းပါတယ်။ Assign လုပ်ထားတဲ့ RAM ပမဏ ပိုများလေ Ubuntu ကိုမြန်မြန် run နိုင်လေ ဖြစ်ပါတယ်။ Virtual Machine ကို RAM တော်တော်များများ assign လုပ်လိုက်ရင်တော့ Host Windows အတွက် memory နည်းသွားမှာဖြစ်ပါတယ်။ ပြီးရင် Next ကိုနှိပ်ပါ။
၆။ New Virtual disk တစ်ခုလုပ်ဖို့ option ကိုရွေးပါ။ Next နှိပ်ပါ။
၇။ Windows ရဲ့ hard disk မှာ Virtual Machine ဖိုင်ကို သိမ်းဖို့အတွက်နေရာရွေးပါ။ ပြီးတော့ Virtual Machine ရဲ့ size ကို assign လုပ်ပါ။ ဒါဟာ Ubuntu hard drive size ကို သတ်မှတ်တာပဲဖြစ်ပါတယ်။ အနည်းဆုံးတော့ 10GB လောက်ထားပါ။ ပြီးရင် Next နှိပ်ပါ။
၈။ Summary page မှာ ရွေးခဲ့တာတွေအားလုံးကို ပြန်ကြည့်နိုင်ပါတယ်။ သေချာပြီဆိုရင် Finish button ကိုနှိပ်ပြီး Virtual Machine တစ်ခုလုပ်နိုင်ပါတယ်။ အဲဒီနောက် Virtual PC console မှာ “Ubuntu Linux” ဆိုတဲ့ နာမည်နဲ့ item တစ်ခုပေါ်နေပါလိမ့်မယ်။ အဲဒါကိုရွေးပြီး Setting button ကိုနှိပ်ကာ အထက်က ရွေးခဲ့တာတွေကို မကြိုက်ရင် ပြန်ပြင်နိုင်ပါတယ်။
၉။ စီဒီ drive ထဲမှာ Ubuntu စီဒီကိုထည့်ပါ။ Virtual PC console က “Ubuntu Linux” ဆိုတဲ့ display name ကို select လုပ်ပြီး start ကိုနှိပ်ပါ။
၁၀။ Virtual Machine (VM) ကိုပထမအဆုံးအကြိမ်အနေနဲ့ တင်လိုက်ရင် စီဒီထည့်ထားပေမယ့် assign လုပ်ထားတဲ့ boot device မရှိတဲ့အတွက် VM က Network က boot လုပ်ဖို့ ကြိုးစားနေပါလိမ့်မယ်။ အဲဒီအချိန်မှာ cursor ကလည်နေမယ်၊ ဒါမှမဟုတ် “No boot device found” ဆိုတဲ့ error ကိုတွေ့နိုင်ပါတယ်။
၁၁။ ဒါကိုဖြေရှင်းဖို့အတွက် VM ကို host OS Windows က စီဒီ drive ကိုယူသုံးဖို့ ပြောပါလိမ့်မယ်။ Virtual PC ရဲ့ CD menu က “Use Physical Drive D:” (CD drive က E: ဖြစ်ခဲ့ရင် E:) ကိုရွေးပါ။ ဒီလိုလုပ်တာဟာ Windows ရဲ့စီဒီ drive ကို VM ထဲမှာ ထည့်ပေါင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။
၁၂။ Virtual PC menu ကနေ Select Action > Reset ကိုရွေးပြီး VM ကို restart ပြန်ုလုပ်ပါ။
၁၃။ နောက်တစ်ကြိမ် VM က reboot လုပ်တာနဲ့ စီဒီက boot လုပ်ပြီး Ubuntu ရဲ့ boot menu ကိုမြင်ရပါလိမ့်မယ်။ ဒီဆောင်းပါးရေး တဲ့အချိန်က Ubuntu 7.10 ကို Virtual PC 2007 လိုမျိုး VM ဆော့ဖ်ဝဲတစ်ခုပေါ်မှာ တင်လိုက်ရင် PS2 port driver တွေက ကောင်းကောင်း အလုပ်မလုပ်သေးတဲ့ bug ရှိနေပါတယ်။ အဲဒီအတွက် Ubuntu forum ကပြောတဲ့အတိုင်း ဖြေရှင်းကြည့်နိုင်ပါတယ်။
- Ubuntu boot လုပ်တဲ့အချိန်မှာ F6 ကိုနှိပ်ပြီး စကရင်ရဲ့အောက်ခြေက boot command string ကို ကြည့်လိုက်ပါ။
- စာသားအဆုံးမှာ “Splash” ကိုဖြုတ်ပြီး dash နှစ်ခုရဲ့ရှေ့မှာ “i8042.noloop” ကိုရိုက်ပါ။
- ပြီးရင် Ubuntu ကို safe graphic mode ကနေ ရွေးလိုက်ပါ။
- စကရင်ဟာ screenshot ဖမ်းထားသလိုမျိုး ဖြစ်နေပါလိမ့်မယ်။ ဒီအချိန်မှာ Enter နှိပ် Ubuntu ကို boot လုပ်လိုက်ပါ။

၁၄။ Ubuntu ရဲ့စီဒီက boot လုပ်တဲ့ process ဟာနည်းနည်းတော့ကြာပါတယ်။ Blank စကရင်ကို မိနစ်အတော်ကြာမြင်ရပြီဆိုရင် OK ပါပြီ။ နောက်ဆုံးမှာ Ubuntu ကလိုအပ်တဲ့ start up service တွေအကုန် load လုပ်ပြီး ဖြစ်တဲ့အတွက် GUI ကိုမြင်ရပါလိမ့်မယ်။ အခုဆိုရင် Ubuntu ရဲ့ Live စီဒီနဲ့ run နေတာဖြစ်ပါတယ်။
၁၅။ မောက်စ်နဲ့ကီးဘုတ်တွေက VM နဲ့ Host Windows ကြားမှာ share သုံးနေရတာဖြစ်တဲ့အတွက် VM ထဲမှာ တစ်ချက် click လုပ်လိုက်တာနဲ့ Host Windows ကနေ မောက်စ်နဲ့ကီးဘုတ်တွေသုံးလို့မရတော့ပါဘူး။ Windows မှာ ပြန်သုံးချင်ရင်တော့ ညာဘက်ခြမ်းက Alt ကိုနှိပ်ပြီး ပြန် Switch လုပ်နိုင်ပါတယ်။
၁၆။ Ubuntu ထဲမှာရှိတဲ့ application တွေအားလုံး စိတ်ကြိုက်သုံးကြည့်နိုင်ပါတယ်။ ဒါပေမဲ့ စီဒီကနေ run နေတဲ့အတွက် response ကတော့ တော်တော်နှေးနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် VM ထဲမှာ တကယ် install လုပ်ရအောင် Ubuntu က install လုပ်ရတာလွယ်ပါတယ်။ Desktop ပေါ်မှာရှိတဲ့ install icon ကို double click နှိပ်လိုက်တာနဲ့ installation စတင်တာပါပဲ။ ခဏတော့စောင့်ပါ။
၁၇။ နှစ်သက်ရာ language ကိုရွေးပါ။ ပြီးရင် Forward ကို နှိပ်ပါ။
၁၈။ Time Zone ကိုရွေးပါ။ Forward ကိုနှိပ်ပါ။
၁၉။ Keyboard layout ကိုရွေးပါ။ Forward ကိုနှိပ်ပါ။
၂၀။ Ubuntu ရဲ့ partitioner က VM မှာ Ubuntu အတွက်ထားခဲ့တဲ့ disk space ပမဏကို စစ်ဆေးပါလိမ့်မယ်။ Default အတိုင်းပဲထားပြီး Ubuntu အတွက်ထားတဲ့ disk space တစ်ခုလုံး သုံးပါမယ်။ နှစ်သက်သလို ပိုင်းနိုင်ပါတယ်။ အခု default အတိုင်းထားပြီး Forward ကိုနှိပ်ပါ။
၂၁။ User တစ်ခုအတွက် form ဖြည့်ပေးရပါမယ်။ ထည့်တဲ့ user name နဲ့ password ကိုမှတ်ထားပါ။ ပြီးရင် Forward ကိုနှိပ်ပါ။
၂၂။ Summary page မှာ ရွေးထားတာတွေကို ပြန်ကြည့်နိုင်ပါတယ်။ ပြီးရင် install button ကိုနှိပ်ပြီး Ubuntu ကို install လုပ်ပါ။ အချိန်အနည်းငယ်ကြာပါလိမ့်မယ်။
၂၃။ Install လုပ်တာ လုံးဝပြီးသွားတဲ့အခါ tray ထဲမှာ စီဒီရှိရင်ထုတ်ဖို့ message ပေါ်လာပါလိမ့်မယ်။ Virtual PC menu မှ CD>Eject ကိုရွေးပြိး Ubuntu installation စီဒီကိုဝယ်လိုက်ပါ။ ပြီးရင် VM ထဲက Ubuntu installation ကို restart လုပ်ခိုင်းလိုက်ပါ။
၂၄။ Install လုပ်ပြီးသား Ubuntu ဟာ ပထမဆုံးစ run မယ်ဆိုရင် မ run ခင်မှာ ၏အရင်စီဒီ နဲ့ run တုန်းကလိုပဲ Ubuntu ရဲ့ Bug ကိုရှင်းတဲ့ command အရင်ရိုက်သင့်ပါတယ်။ ဒါမှ မောက်စ်နဲ့ကီးဘုတ်ကို Windows နဲ့ Ubuntu နှစ်ခုလုံးမှာ သုံးလို့ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့က တစ်ကြိမ်ပဲလိုပါတယ်။ Config ဆိုတဲ့ Message ကို တွေ့ရပါလိမ့်မယ်။ Esc နှိပ်ပြီး GRUB configuration ကိုဝင်လိုက်ပါ။ Esc နှိပ်ဖို့ အချိန်မမီလိုက်ရင် Virtual PC ရဲ့ Menu မှာ Action > Reset ဆိုပြီး VM ကို boot ပြန်လုပ်ပါ။
၂၅။ GRUB configuration မှာ ပထမဆုံး option ဖြစ်တဲ့ “Ubuntu [version], kernel 2.6.x-x-generic” ဆိုတာကိုရွေးထားတာ တွေ့ရပါလိမ့်မယ်။ “E” ကိုနှိပ်ပါ။
၂၆။ Kernel option (ဒုတိယ Line မှာရှိပါလိမ့်မယ်) ကိုရွေးပြီး “E” ကိုနှိပ်ပါ။
၂၇။ အရင်ကလိုပဲ Line အဆုံးမှာရှိတဲ့ “splash” ကို “i8042.noloop” လို့ပြင်ပြီး Enter နှိပ်ကာ changes ကို apply လုပ်ပါ။
၂၈။ Kernel option စကရင်ပြန်ရောက်ရင် “B” နှိပ်ပြီး Ubuntu ကို run လိုက်ပါ။ Ubuntu ထဲကို login ၀င်ပြီးတာနဲ့နောက်တစ်ကြိမ် boot လုပ်တိုင်း ထပ်ပြင်စရာမလိုအောင် ဘယ်မှာ ဘယ်လို အပြီးသွားရေးထားရမလဲ ဆိုတာ ပြပါမယ်။
၂၉။ Ubuntu log in screem ပေါ်မှာ ပေးထားတဲ့ user name နဲ့ password ကိုထည့်ပါ။
၃၀။ ဒါဆို Windows ထဲမှာ Ubuntu ကိုအောင်မြင်စွာ run နိုင်ပါပြီ။
၃၁။ အခု Kernel mouse bug ကို ဘယ်လို အပြီးပြင်ဆင်ရမလဲဆိုတာ ပြပါမယ်။ ဒီလိုပြင်ပြီးတာနဲ့ နောက်တစ်ကြိမ်ဘာမှပူစရာ မလိုတော့ပါဘူး။
- Application > Accessories > Terminal Windows ကိုဖွင့်ပါ။ (ဒါဟာ Windows မှာဆိုရင် command prompt နဲ့အတူတူပါပဲ။)
- “sudo gedit/ boot/grub/ menu.lst” ကိုရိုက်ပါ။
- Login password လာတောင်းရင်ထည့်လိုက်ပါ။
- ပထမပြင်ခဲ့တဲ့ “Kernel line” ကို ရှာပါ။ Line နံပါတ် ၁၃၂ လောက်မှာ ရှိနိုင်ပါတယ်။ ပြီးရင် အရင်အတိုင်း “splash” ကို “i8042.noloop”
- နောက်အဲဒီ configuration ဖိုင်ကို save လုပ်ပါ။

၃၂။ ဒါဆိုရင်တော့ အားလုံးပြီးဆုံးသွားပါပြီ။ Windows ပေါ်က Ubuntu ကိုတွြေု့မင်ရပါလိမ့်မယ်။
Ubuntu ဟာ Virtual Machine ရဲ့အောက်မှာ run နေတာကိုတော့ သတိပြုရပါမယ်။ ဒါက ဘာ effect မှထူးထူးခြားခြား ထိခိုက်တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ Open GL game လိုမျိုးတော့ Ubuntu မှာကစားလို့ရမှာ မဟုတ်ပါဘူး။ နောက်တစ်ခုက အသံလုံးဝမကြားရပါဘူး။ VM ပေါ်မှာ run တဲ့ အချက်ကြောင့်ပါပဲ။