Popular Posts

8/13/2012

Web App နှင့် Cloud အကြောင်း

Web App နှင့် Cloud အကြောင်း:


Cloud ဆိုတာဘာလဲ?
စာဖတ်သူဟာ Cloud, Cloud Computing နဲ့ Cloud Storagte စတဲ့အသုံးအနှုန်းတွေကို ကြားဖူးကောင်းကြားဖူးပါလိ့မ်မယ်။ Cloud ဆိုတာကို အခြေခံအားဖြင့် အင်တာနက်လို့ဆိုနိုင်ပါတယ်။ ပိုပြီးရှင်းလင်းအောင်ပြောရရင် Cloud ဆိုတာအင်တာနက်ပေါ်ကနေ အဝေးထိန်းစနစ်နဲ့သုံးနိုင်တဲ့ အရာအားလုံးကိုဆိုလိုခြင်းဖြစ်ပါတယ်။ Cloud မှာရှိတဲ့အရာတွေဆိုတာက ကွန်ပျူတာအစား အင်တာနက်ပေါ်မှာရှိတဲ့ ဆာဗာတွေပေါ်မှာ သိုလှောင်ထားတဲ့အရာတွေဖြစ်ပါတယ်။ ၄င်းဟာ Calendar, Email, File စတာတွေကို အင်တာနက်ဆက်သွယ်မှုရှိရုံနဲ့ မည်သည့်ကွန်ပျူတာပေါ်ကနေမဆို အသုံးပြုနိုင်စေပါတယ်။
တကယ်လို့ စာဖတ်သူဟာ Web အခြေခံ Email ကိုအသုံးပြုလေ့ရှိတယ်ဆိုရင် Cloud ကိုအသုံးပြုပြီးသားဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စာဖတ်သူရဲ့ Inbox ထဲမှာရှိတဲ့ Email အားလုံးကို ဆာဗာပေါ်မှာသိုလှောင်သိမ်းဆည်းထားခြင်းကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် အခြားဝန်ဆောင်မှုများဟာ Cloud ကိုကွဲပြားခြားနားတဲ့နည်းလမ်းတွေနဲ့ အသုံးပြုကြပါတယ်။ ဥပမာ
- Cloud Store ၀န်ဆောင်မှုတစ်ခုဖြစ်တဲံ Dropbox ဟာဖိုင်တွေကို အလွယ်တကူသိုလှောင်သိမ်းဆည်းထားနိုင်ပြီး အခြားသူများထံကိုလည်း ဖိုင်တွေမျှဝေခြင်းကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒိဖိုင်တွေကိုမိုဘိုင်းထုတ်ကုန်တွေပေါ်ကလည်း အသုံးပြုနိုင်ပါတယ်။
- Evernote ကတော့ ရေးမှတ်ထားတဲ့မှတ်စုများ၊ ဖြတ်ထားတဲ့ Web စာမျက်နှာများနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ကွန်ပျူတာနဲ့ မိုဘိုင်းထုတ်ကုန်တွေပေါ်မှာ စနစ်တကျစုစည်းထားပေးနိုင်ပါတယ်။
- Mozy နဲ့ Carbonite ကတော့ ကွန်ပျူတာမှအချက်အလက် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းနဲ့ ခိုးယူခြင်းတို့အတွက် အချက်အလက်တွေကို အလိုအလျောက် Back up လုပ်ပေးနိုင်ပါတယ်။
Cloud ကိုဘာကြောင့်သုံးရတာလဲ?
Cloud ကိုအသုံးပြုရခြင်းရဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ဒါပေမယ့် အဓိကအကြောင်းပြချက်ကတော့ အဆင်ပြေမှုရှိခြင်းနဲ့ ယုံကြည်စိတ်ချရခြင်းတို့ကြောင့်ဖြစ်ပါတယ်။ အရင်တုန်းကတော့ ဖိုင်တစ်ခုကို သယ်ဆောင်သွားလိုတဲ့အခါမှာ အဲ့ဒိဖိုင်ကို USB Flash Drive, External Hard Drive ဒါမှမဟုတ် CD-R Disc တွေမှာထည့်သွင်းသိမ်းဆည်းပြီးမှ သယ်ဆောင်ရပါတယ်။ Cloud ပေါ်မှာဖိုင်ကိုသိမ်းဆည်းတဲ့အခါမှာ မည်သည့် Physical Media မှမလိုအပ်ဘဲ အင်တာနက်ဆက်သွယ်မှုရှိတဲ့ မည်သည့်ကွန်ပျူတာကနေမဆို အသုံးပြုနိုင်ပါတယ်။ နောက်ပြီး Cloud ဟာ ဖိုင်တစ်ခုကိုစာဖတ်သူရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ သူငယ်ချင်းတွေထံ ဝေမျှခြင်းတို့အတွက် အလွယ်တကူပြုလုပ်ပေးနိုင်တာကြောင့် အင်တာနက်ပေါ်ကနေ ပူးပေါင်းဆောင်ရွက်ခြင်းကို ပြုလုပ်စေနိုင်မှာဖြစ်ပါတယ်။
Web Apps ဆိုတာဘာလဲ?
Web Application လို့လည်းခေါ်ဆိုနိုင်တဲ့ Web Apps ဆိုတာက ကွန်ပျူတာပေါ်မှာ Install လုပ်စရာမလိုပဲ Cloud ပေါ်မှာအသုံးပြုနိုင်တဲ့ Application တွေဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ Cloud Apps လို့လည်းခေါ်ပါတယ်။ Web Apps ဥပမာတစ်ချို့ကိုပြောရရင်
- Online Email Services : Yahoo! Mail နဲ့ Gmail ကဲ့သို့သော ၀န်ဆောင်မှုများဟာ Browser အတွင်းမှ အသုံးပြုနိုင်ပြီး ၄င်းတို့ဟာ Microsoft Outlook လိုမျိုး Email Program တွေကဲ့သို့တူညီစွာလုပ်ဆောင်ပေးနိုင်ပါတယ်။ အဆိုပါ အွန်လိုင်းအီးမေးလ်ဝန်ဆောင်မှုတွေကို အသုံးပြုတဲ့အခါမှာ အသုံးပြုလိုတဲ့ Online Email Service တစ်ခုကို Sign Up ပြုလုပ်ပြီးတာနဲပ Installation လုပ်စရာမလိုဘဲချက်ချင်းအသုံးပြုနိုင်ပါတယ်။ အဆိုပါ Email တွေကိုကွန်ပျူတာပေါ်သိမ်းဆည်းထားရမယ့်အစား Cloud ပေါ်မှာသာ သိမ်းဆည်းထားခြင်းဖြစ်ပါတယ်။
- Google : Google Docs ဟာလည်း Browser အတွင်းမှာအသုံးပြုနိုင်တဲ့ Office Suite တစ်ခုဖြစ်ပါတယ်။ Microsoft Office နဲ့အလွန်တူညီပြီး Document, Spreadsheet များနဲ့ Presentation များစတာတွေကို ဖန်တီးပြုလုပ်နိုင်ပါတယ်။ အဆိုပါ Document တွေကို Cloud ပေါ်မှာသိုလှောင်သိမ်းဆည်းနိုင်ပြီး အခြားသူတွေထံကိုလည်း အလွယ်တကူဝေမျှနိုင်ပါတယ်။
- Facebook : Facebook ဆိုတာကတော့ Online Profile တစ်ခုဖန်တီးပြီး သူငယ်ချင်းတွေနဲ့ အပြန်အလှန်ချိတ်ဆက်နိုင်စေမယ့် Social network site တစ်ခုဖြစ်ပါတယ်။ Profile များနဲ့ သတင်းအချက်အလက်ဖလှယ်ခြင်းများကို အဆက်မပြတ်ပြုလုပ်နိုင်ပြီး Web App နည်းပညာများကို အသုံးပြုထားတဲ့အတွက် Site တစ်ခုလုံးရှိ နောက်ဆုံးပေါ်အချက်အလက်တွေကို ရယူနိုင်ပါတယ်။ ဒါ့အပြင်ဂိမ်းများနဲ့ အခြား Web app များကိုလည်း အသုံးပြုသူရဲ့ Facebook Profile မှာထည့်သွင်းထားနိုင်ပါတယ်။
Web app တွေကို Website များမှာပိုမိုထည့်သွင်းအသုံးပြုလာတာနဲ့အမျှ Web Application နဲ့သာမာန် Website တို့အကြားခွဲခြားသိမြင်မှုကလည်း ပိုမိုခက်ခဲလာပါတယ်။ အများစုကတော့ အသုံးပြုသူဟာ Web Application ကိုသတိမမူဘဲ အသုံးပြုနေမိတတ်ပါတယ်။
Web apps တွေဘယ်လိုအလုပ်လုပ်သလဲ?

Web apps တစ်ခုကိုအသုံးပြုတဲ့အခါမှာ ကွန်ပျူတာနဲ့ မိုဘိုင်းထုတ်ကုန်ပေါ်ကနေ ပြုလုပ်နိုင်ပေမယ့် တကယ်တမ်းမှာတော့ ဆာဗာတွေရှိတဲ့ ကွန်ရက်တစ်ခုကြောင့်သာ လုပ်ဆောင်ချက်ပြီးဆုံးခြင်းဖြစ်ပါတယ်။ အဲ့ဒိ ဆာဗာတွေဟာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လုပ်ဆောင်ချက်အားလုံးကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ပါတယ်။ ဒါ့အပြင်အသုံးပြုသူရဲ့ အချက်အလက်သိုလှောင်ခြင်းနဲ့ အခြားအသုံးပြုသူများရဲ့ အချက်အလက်တွေကိုသိုလှောင်ခြင်း နဲ့အခြားသုံးပြုသူများရဲ့ အချက်အလက်တွေကို သိုလှောင်ခြင်းအတွက် အထူးပြုလုပ်ထားတဲ့ ဆာဗာတွေကိုအသုံးပြုကြပါတယ်။ လုပ်ဆောင်ချက်အားလုံးကို အထစ်အငေါ့မရှိဘဲ ချောမွေ့စွာပြုလုပ်နိုင်တဲ့အတွက် ကွန်ပျူတာပေါ်မှာ Application တွေကိုအသုံးပြုသလိုမျိုးကဲ့သို့ ပြုလုပ်စေနိုင်ပါတယ်။
ဥပမာအနေနဲ့ Document တစ်ခုကို Google Docs နဲ့ဖွင့်လိုက်တဲ့အခါမှာ စာဖတ်သူအသုံးပြုတဲ့ ဆာဗာတွေရဲ့ကွန်ရက်ကိုချိတ်ဆက်ပါတယ်။ ယင်း Document ကိုပြင်ဆင်တဲ့အခါမှာလည်း Browser ဟာဆာဗာတွေနဲ့ဆက်သွယ်လုပ်ဆောင်ပြီး အရာအားလုံး Up-to-Date ဖြစ်အောင်ပြုလုပ်ပါတယ်။
Myanmar Internet Journal မှကူးယူဖော်ပြသည်။