Popular Posts

8/13/2012

Animation Text ပြုလုပ်နည်း

Animation Text ပြုလုပ်နည်း:
ပုံတွေမှာ Animation Text ထည့်နည်းလေးကို ဒီနေ့  ရေးပါမယ်...
ဒီနည်းကို လေ့လာမယ်ဆိုရင် Adobe PhotpShop Software အခြေခံသိထားရင် ပိုကောင်းပါတယ်...
၁။ Adobe PhotoShop CS5 ကို ဖွင့်ပြီး Animation Text ထည့်မဲ့ပုံကို Open ပြုလုပ်ပါတယ်…
၂။ မိမိရေးလိုသောစာသားကို Font, Size, Color ရွေးချယ်ပြီး Text Tool နဲ့  ရေးသားပါမယ်…
၃။ Text ကို Effect ထည့်မယ်ဆိုရင် fx ကို Click ပြုလုပ်ပါ… Bevel and Emboss ဆိုတာကို ရွေးချယ်ပါမယ်…
၎။ Bevel and Emboss Dialog Box မှ Structure ရဲ့ Depth နဲ့  Shading Color တို့ ကို ရွေးချယ်လို့  ရပါတယ်…
၅။ အဆင့်(၃)လိုပဲ Text Effect အတွက် Drop Shadow ကို ရွေးပါမယ်…
စာလုံးအရိပ်ကို မြင်စေလိုတဲ့အတွက် Distance 15px ထားပြီး Opacity ကို 85% ထားပါတယ်…
၆။ နောက် Text Effect တစ်မျိုးက Stroke ပါ… စာလုံးအပြင်မှာ လိုက်ထပ်ရန် အရောင်ကို ပန်းရောင်ရွေးထားပါတယ်…
ဒီပုံလေးကတော့ Text Effect ၃-မျိုးယူပြီး ရေးထားတဲ့ စာလုံးပုံစံပါ...
၇။ စာလုံးပုံစံကို ပြင်ဆင်ပြီးပြီဆိုရင်တော့ Animation ပြုလုပ်ရန် စတင်ပြင်ဆင်ပါမယ်… Window Menu အောက်က Animation ဆိုတာကို ရွေးထားရင် ပုံရဲ့အောက်ဖက်မှာ Animation (Frames) Dialog Box ပေါ်လာပါလိမ့်မယ်…
ပေါ်လာရင် Duplicates Selected Frames ဆိုတဲ့ Button ကို Click ပြုလုပ်ပါက ပုံတွင်မြင်ရတဲ့အတိုင်း Frame တစ်ခု ထပ်ပေါ်လာမှာပါ…
၈။ စာတန်းလေးကို နေရာရွှေ့ ပါမယ်… အတည့်အတိုင်း ရွှေ့ မှာဖြစ်တဲ့အတွက် Ctrl Key ကို ဖိထားပြီး Left Arrow ကို အသုံးပြုရွှေ့ ပါ… Move Tool သုံးပြီး Mouse ကို ဖိရွှေ့ ပါက အထက်အောက်ရွေ့ သွားတတ်လို့ ပါ…

၉။ ပုံတွင်မြင်ရသည့်အတိုင်း စာလုံးကို ရွှေ့ ထားပြီး Tweens animation frames ဆိုတဲ့ Button ကို Click ပြုလုပ်ပါမယ်…

၁၀။ Tween Dialog Box ပေါ်လာတဲ့အခါ ပုံမှာပြထားတဲ့အတိုင်း Frames ၅-ခု ထပ်ယူပါမယ်…

၁၁။ အဆင့်(၇) မှ အဆင့်(၁၀) အတိုင်း Duplicates Selected Frames လုပ်မယ်၊ စာတန်းလေးကို ဘယ်ဖက်ကို အနည်းငယ်ရွှေ့ မယ်၊ Tween animation frames လုပ်မယ်၊ ဆိုတာတွေကို စာတန်းဘယ်ဖက်မှာ ပျောက်သွားအောင်ထိ လုပ်သွားပါမယ်…

၁၂။ ပုံမှာမြင်ရတဲ့အတိုင်း Frames ၇၅-ခု လုပ်ထားတာကို တွေ့ ရမှာပါ… ဒါဆိုရင် Animation Text လုပ်ပြီး ဖြစ်နေမှာပါ…

၁၃။ File ကို သိမ်းတဲ့အခါ Movie အနေနဲ့  သိမ်းလို့ ရသလို Gif File အနေနဲ့ လည်း သိမ်းလို့  ရပါတယ်… Movie File အနေနဲ့  သိမ်းမယ်ဆိုရင် File>>>Export>>>Render Video ဆိုတာကို ပြုလုပ်ရပါမယ်…

၁၄။ Gif File အနေနဲ့  သိမ်းမယ်ဆိုရင်တော့ File>>>Save for Web & Devices ကို ရွေးချယ်ရပါမယ်…
Preview ကြည့်ပြီး ကြိုက်ပြီဆိုရင် Save လုပ်ရုံပါပဲ....
၁၅။ File Name ပေးတဲ့အခါ .gif လို့  Extension ထည့်ပေးပါနော်...

ဒီပုံလေးကတော့"သားကောင်ဖြစ်သွားသောမုဆိုး"ဇာတ်လမ်းရေးတင်တုန်းက လွမ်းထည့်ပေးထားတဲ့ပုံပါ...
ကွန်ပျူတာကို အသုံးပြုရင်း နည်းပညာများတိုးတက်ကြပါစေ…



လွမ်းဧကရီ
၀၂-၁၁-၂၀၁၁
ည ၁၀း၅၀ နာရီ